ကက်ဆန်းဒရား ခရော့ဇင်း နှင့် ကွာရန်တင်းခြင်း

၁၉၇၆-ခုနှစ်ခန့်က ကမ္ဘ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ပေါ်ထွက်ခဲ့ဖူးသည်။

ဘတ်လန်ကက်စတာ၊ ရစ်ချက်ဟဲရစ်စ်၊ မာတင်ရှင်းနှင့် မင်းသမီးကြီး ဆိုဖီယာလော်ရင်းတို့ပါဝင်သည့် သိပ္ပံနောက်ခံ အက်ရှင်-ဒရာမာ နာမည်ကြီးဇာတ်ကားဖြစ်သည်။

မှတ်မိသရွေ့ ပြန်ပြောရလျှင် ..

အကြမ်းဖက်သမားတစ်စုသည် ဓါတ်ခွဲခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ် လုံခြုံရေးများနှင့် မမျှော်လင့်ပဲ ရင်ဆိုင်တွေ့ကာ အပြန်အလှန်ပစ်ခတ်ကြသည်။ ဓါတ်ခွဲခန်းပျက်စီးသွားပြီး အကြမ်းဖက်သမား တစ်ဦး လွတ်မြောက်သွားသည်။ ဓါတ်ခွဲခန်းမှာ ဗိုင်းရပ်စ်ပိုးများ မွေးမြူသိုလှောင်ရာ အဆောက်အအုံဖြစ်သည်။

ထိုအကြမ်းဖက်သမားသည် ထွက်ပြေးရင်း လူစီးမီးရထားတစ်စင်းပေါ် တက်ပြေးသည်။ ဘူတာ ၂-ခုကျော်ခန့်၌ လုံခြုံရေးတို့ ဖမ်းဆီးရမိသောအခါ ၎င်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် ရောဂါလက္ခဏာ အထင်အရှား ပြနေချေပြီ။

သက်ဆိုင်ရာအာဏာပိုင်တို့က လူစီးမီးရထားအား အကာအကွယ်ဝတ်စုံဝတ် သေနတ်ကိုင်စစ်သားများချထား ဝိုင်းရံလိုက်သည်။ ခရီးသည် တစ်ယောက်မှ ဆင်းခွင့်မပြုပဲ တွဲအားလုံး၏ ဝင်-ထွက်နှင့် ပြတင်းပေါက်များမကျန် ဂဟေဆော် ပိတ်ဆို့ကာ Quarantine လေတော့သည်။

လုံခြုံရေးအရာရှိနှင့် အဆိုပါ ရထားပေါ် ပါသူများအဖြစ် အထက်တွင် ဖော်ပြထားသည့် မင်းသားကြီး- မင်းသမီးကြီးတို့က သရုပ်ဆောင်သည်။

Quarantined ကူးစက်ရောဂါသံသယရှိသူအား အခြားသူများထံ မပြန့်ပွားစေရန် ကျန်းမာရေးဥပဒေအရ #ရောဂါခြေချုပ်ချခြင်း သည် လူနာ၏ #ကျန်းမာရေးကြောင့် ခွဲထားခြင်း Isolated Case မဟုတ်ပါ ခင်ဗျား..

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

Leave a Reply

Your email address will not be published.