ကက်သလစ်ဘုရားကျောင်း အသေခံဗုံးခွဲခံရပြီးနောက် အိုင်အက်စ်အကြမ်းဖက်ဟု ယုံကြည်ရသူနှင့် အင်ဒိုရဲတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ တစ်ကိုယ်တော်ဝံပုလွေအမည်ရှိ အစွန်းရောက်အမျိုးသမီးကို အသေဖမ်းဆီးရမိ။ အနက်ရောင်အလံလွှင့်တင်ပြီးနောက် ဂျာကာတာအမျိုးသားရဲတပ်ဖွဲ့ဋ္ဌာနချုပ်သို့ ဝင်ရောက်ပစ်ခတ်ခဲ့ဟု


အင်ဒိုနီးရှားရဲတပ်ဖွဲ့နှင့် အကြမ်းဖက်ဟု ယူဆရသူတို့ တိုက်ပွဲဖြစ်ပွားရာတွင် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း၊ ၎င်းမှာ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ( IS, ယခင် ISIS ) တို့၏ အတွေးအခေါ်များကို လိုက်နာသူ #တစ်ကိုယ်တော်ဝံပုလွေ အမည်ရှိ အစွန်းရောက်အမျိုးသမီးဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။…   
ဗုဒ္ဓဟူးနေ့တွင် ဂျာကာတာရှိ အမျိုးသားရဲတပ်ဖွဲ့ဋ္ဌာနချုပ်သို့ ဝင်ရောက်လာသူ အမျိုးသမီးနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်ပြီးနောက် အဆိုပါအမျိုးသမီးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြသည်။…  
အင်ဒိုနီးရှားရုပ်သံမှ ထုတ်လွှင့်သော ဗွီဒီယို၌ အနက်ရောင်သင်တိုင်းရှည်နှင့် မျက်နှာဖုံးဝတ်ဆင်ထားသူသည် လက်ထဲတွင် သေနတ်ဟု ယူဆရသည့် ပစ္စည်းတစ်ခုခုကို ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင်းအတွင်း တစ်ကိုယ်တည်းလျှောက်လာသည်ကို တွေ့မြင်ကြရသည်။ လူနှစ်ဦးသည် အဆောက်အအုံအတွင်းမှ ထွက်လာပြီး ဝင်လာသူကို တွေ့သည့်နှင့်တစ်ပြိုင်နက် အဆောက်အအုံအတွင်း ပြန်လည်ဝင်ရောက်သွားကြသည်။ ဝင်လာသူ၏ နောက်ဘက်ခပ်ဝေးဝေးတွင် အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးရှိနေပြီး အဖြစ်အပျက်အား စောင့်ကြည့် နေပုံရသည်။ ထို့နောက် သေနတ်သံများ ကြားကြရပြီး ဝင်လာသူမှာ ရဲဌာနချုပ်ပရဝုဏ်၌ လေးကန်သော ခြေလှမ်း များဖြင့် လျှောက်နေသည်ကို တွေ့မြင်ရပြီနောက် မြေပေါ်သို့ ရုတ်တရက် ပြိုလဲကျသွားသည်။…  
ဝင်လာသူမှာ အသက် ၂၅-နှစ်အရွယ် တစ်ကိုယ်တော်ဝံပုလွေ အမည်ရှိ အမျိုးသမီးဖြစ်၍ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ( IS, ယခင် ISIS ) တို့၏ နောက်လိုက်တစ်ဦးအဖြစ် မှတ်တမ်းများရှိကြောင်း၊ ဂျာကာတာရှိ အမျိုးသားရဲတပ်ဖွဲ့ဋ္ဌာနချုပ်သို့ တိုက်ခိုက်ရန် ဝင်ရောက်မလာမီ လူမှုကွန်ယက်တွင် အိုင်အက်စ်တို့၏ အနက်ရောင် သေမင်းတမန်အလံကို လွှင့်တင်ခဲ့ကြောင်း ဂျာကာတာ ရဲတပ်ဖွဲ့အကြီးအကဲက ပြောဆိုသည်။..   
ရုပ်အလောင်း၏ လက်ဗွေများကို စစ်ဆေး၍ ၎င်းအမျိုးသမီးမှာ အတိုကောက်အားဖြင့် ZA ဟု အမည်ပေးထားသူဖြစ်သည်ကို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း၊ ၎င်းအမျိုးသမီးမှာ လက်နက်ကိုင်ဆောင်ထားပြီး ရဲအဆောက်အအုံအတွင်းဘက်သို့ ၂-ကြိမ်၊ အပြင်ဘက်သို့ ၂-ကြိမ်နှင့် ၎င်းနောက်ဘက်၌ ရှိနေသူများအား ၂-ကြိမ် စုစုပေါင်း သေနတ် ၆-ကြိမ် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက မီဒီယာများအား ရှင်းပြသည်။…   
လွန်ခဲ့သည့် တနင်္ဂနွေနေ့ ဆူလာဝေစီကျွန်းပေါ်ရှိ မာကက်ဆာမြို့တွင် ခရစ်ယာန် ကက်သလစ်ဘုရားရှိခိုးကျောင်းအား အသေခံဗုံးဖောက်ခွဲသူများမှာ ဂျီဟဒ်ဝါဒီများနှင့်ဆက်နွယ်ဖွယ်ရှိပြီး ၎င်းတို့မှာ မကြာသေးမီက လက်ထပ်ခဲ့သော စုံတွဲဖြစ်ကြောင်း၊ ၎င်းဖြစ်ရပ်သည် ဒေသတွင်း အရေးပါသော အခြားအကြမ်းဖက်တိုက်ခိုက်မှု အချို့နှင့်လည်း ပတ်သက်လျှက်ရှိကြောင်း၊ အခင်းဖြစ်ပွားရာ၌ ကျုးလွန်ကြောင်း သံသယရှိသူ ၂-ဦးသေဆုံး၍ အနည်းဆုံး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွယ်၍ ဖမ်းဆီးထားသူ ၁-ဒါဇင်ကျော်ရှိကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ခဲ့သည်။

(((Russia Today., 31 Mar, 2021,” Jakarta police shoot woman ‘with ISIS beliefs’ in gun battle days after suicide bombers attack church.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#တစ်ကိုယ်တော်ဝံပုလွေ # အစွန်းရောက်အမျိုးသမီးဂျာကာတာအမျိုးသားရဲတပ်ဖွဲ့ဋ္ဌာနချုပ်သို့_တိုက်ခိုက်
..
https://www.rt.com/news/519699-jakarta-indonesia-attacker-shot/
https://www.rt.com/news/519480-indonesia-bombing-married-couple/
https://www.rt.com/news/519412-makassar-catholic-church-bombing/

0

Leave a Reply

Your email address will not be published.