ကင်ဂျုံအန် မွေးနေ့အတွက် ဒေါ်နယ်ထရမ့်၏ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ် လွှာကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအဖွဲ့က ဆောင်ကျဉ်းပေးခဲ့ဟုဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ မွေးနေ့အတွက် အမေရိကန်သမ္မတ၏ ဂုဏ်ယူဝမ်းမြောက် ကြောင်း သဝဏ်လွှာကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအဖွဲ့က ဆောင်ကျဉ်းပေးခဲ့ကြောင်း Russia Today က ယနေ့ရေးသားသည်။

အမေရိကန်၌ ၃-ရက်ကြာခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့ကြောင်း  ပြန်လည်ရောက် ရှိလာသည့် တောင်ကိုရီးယားသမ္မတရုံး လုံခြုံရေးအကြံပေး ချန်မြူယောင်က ပြောကြားသည်။ ဒေါ်နယ် ထရမ့်အနေဖြင့် ဇန်နဝါရီလ ၈-ရက်နေ့တွင် ကျရောက်သော မြောက်ကိုရီးယားခေါင်းဆောင်၏ မွေးနေ့အတွက် သဝဏ်လွှာကို လူကြုံပါးလိုပြီး တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်၏ သဘောထားအမြင်ကို တီးခေါက်ကြည့် ဟန်ကြောင်း သိရှိရသည်။  

အဆိုပါသဝဏ်လွှာမှာ ယမန်နေ့၌ မြောက်ကိုရီးယားသို့ ရောက်ရှိသွားပြီးဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ ဖော်ပြကြ၍ အများသိပြီးဖြစ်သည်။ သို့သော် ဆီလျှော်သည့်နည်းလမ်းဖြင့် ပေးပို့ခဲ့သည်ဆိုသော သဝဏ်လွှာကို တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ပန်မွန်ဂျုံစစ်မဲ့ဇုံရှိ ဆက်သွယ်ရေးလမ်းကြောင်းမှသော်၎င်း နယူးယောက်ရှိ မြောက်ကိုရီးယားသံရုံးမှ တဆင့်သော်၎င်း  မည်သည့်နေရာမှ ပေးပို့ခဲ့သည်ကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြီးအကဲက ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။

((( Russia Today., 10 Jan, 2020, “Seoul conveys Trump’s birthday message for N. Korea’s Kim Jong-un – officials.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/newsline/477909-korea-trump-message-kim/ . ကင်ဂျုံအန်မွေးနေ့တောင်ကိုရီးယားမှတဆင့်ဒေါ်နယ်ထရမ့်သဝဏ်လွှာပို့

0

Leave a Reply

Your email address will not be published.