ကန်ဒေါ်လာ ၆-သိန်းနှင့် ရွှေများ တရားမဝင် ပေးချေသည်ကို ဒေါ်စု လက်ခံခဲ့ဟု ဆို၊ မဲမသမာမှုစစ်ဆေးပေးရန် တပ်မတော်၏ တင်ပြချက်အပေါ် အရေးမလုပ်ရန် ရွေးကောက်ပွဲကော်မရှင်ကို ဖိအားပေးခဲ့သည့် သမ္မတဦးဝင်းမြင့်နှင့် အစိုးရဝန်ကြီးများ အကျင့်ပျက်ခြစားဟု တပ်မတော်အစိုးရ စွပ်စွဲ

[ ရိုက်တာသတင်းဋ္ဌာန၊ ရန်ကုန် ] ဖြုတ်ချခြင်း ခံခဲ့ရသော မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအစိုးရအနေဖြင့် တာဝန်ယူစဉ်ကာလအတွင်း တရားမဝင်ပေးချေသည့် အမေရိကန်ဒေါ်လာ ၆-သိန်းနှင့် ရွှေများကို လက်ခံရယူခဲ့ကြောင်း၊ ၎င်းသတင်းမှန်ကန်သည်ကို တွေ့ရှိအတည်ပြုခဲ့ပြီး လူအများအပြားအား ဆက်လက်မေးမြန်းလျှက်ရှိကြောင်း မြန်မာ့တပ်မတော်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်ဟု Reuters ၏ ယနေ့ရေးသားချက်ကို အမေရိကန်၊ စင်္ကာပူ၊ မလေးရှားအပါအဝင် နိုင်ငံတကာသတင်းဌာနများက ကူးယူဖော်ပြကြောင်း တွေ့ရှိရသည်။

..   
ထို့ပြင် သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရအဖွဲ့ ဝန်ကြီးများစွာတို့မှာလည်း အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်နေကြကြောင်း၊ သမ္မတဦးဝင်းမြင့်သည် မဲမသမာမှုများအား စစ်ဆေးပေးရေး တပ်မတော်၏တင်ပြချက်အပေါ် အရေးမလုပ်ရန် ရွေးကောက်ပွဲကော်မရှင်ကို ဖိအားပေးခဲ့ကြောင်း ယနေ့ကျင်းပသည့် သတင်းစာ တွေ့ဆုံပွဲ၌ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောဆိုသည်။

..
ဖေဖော်ဝါရီ ၁-ရက်နေ့တွင် မြန်မာနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များကို ဖြုတ်ချပြီးနောက် တပ်မတော်၏ ယခုစွပ်စွဲချက်မှာ အပြင်းထန်ဆုံးဖြစ်သည်။ အဆိုပါ ခေါင်းဆောင်များမှာ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်သည်။

..  
မြန်မာနိုင်ငံအား အုပ်ချုပ်လျှက်ရှိသည့် စစ်ကောင်စီက ၎င်းတို့အနေဖြင့် တိုင်းပြည်ကို အချိန်ကာလတစ်ခုအထိသာ ထိန်းသိမ်းထားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားသည်။

..    
မြန်မာ့တပ်မတော်သည် မလေးရှားတွင် အတိဒုက္ခရောက်လျှက်ရှိသည်ဆိုသော မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်တို့အား လတ်တလော ပြန်လည်ခေါ်ယူရာတွင် အကူအညီပေးလျှက်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆို၍ မကြာသေးမီက အစုအပုံလိုက် ပြန်လည်ခေါ်ယူခဲ့သူများ၏ လူမှုဘဝဖူလုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သည်ဟု တားဆီးပိတ်ဆို့ရန် ကြိုးစားခဲ့ကြသော လူ့အခွင့်အရေးအဖွဲ့များအား ရည်ညွှန်းလိုက်ကြောင်း သတင်း၌ ဆက်လက် ဖော်ပြသည်။
..
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ရှိ မြိုင်မြို့လယ်တွင် လုံခြုံရေးတပ်များ၏ ပစ်ခတ်မှုကြောင့် ကန့်ကွက်ဆန္ဒပြ သူ ၆-ဦးသေဆုံးကြောင်း သေဆုံးသူတို့၏ ရုပ်အလောင်းကို ဆေးရုံသို့ သယ်ဆောင်ရာတွင် ကူညီခဲ့သူတစ်ဦးက Reuters အား တယ်လီဖုန်းဖြင့် ဖြေကြားပြီး၊ ၆-ဦးသေဆုံးခြင်း မှန်ကန်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက အတည်ပြုပြောဆိုသည်။

..
((( US News., MAR 11, 2021,” Myanmar junta says Suu Kyi accepted illegal payments of US$600,000, plus gold.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))
..
#ဒေါ်လာ၆-သိန်းနှင့်ရွှေများ_တရားမဝင်ပေးသည်ကို_ဒေါ်စုလက်ခံဟုဆို #သမ္မတဦးဝင်းမြင့်_အစိုးရဝန်ကြီးများအကျင့်ပျက်ခြစားမှု့နှင့်ပတ်သက်ဟုပြော
#ရွေးကောက်ပွဲကော်မရှင်ကို_ဦးဝင်းမြင့်ဖိအားပေး

..  
https://www.businesstimes.com.sg/government-economy/myanmar-junta-says-suu-kyi-accepted-illegal-payments-of-us600000-plus-gold?fbclid=IwAR3k1gA2jbSc5olpK97UGhAXIj3Rv1NIiLJceDKm_ypxWZsDsv9kOB5avkg


https://www.usnews.com/news/world/articles/2021-03-11/myanmar-junta-says-suu-kyi-accepted-illegal-payments-of-600-000-plus-gold

https://www.thestar.com.my/aseanplus/aseanplus-news/2021/03/11/myanmar-junta-says-suu-kyi-accepted-illegal-payments-of-money-and-gold


https://www.thestar.com.my/news/world/2021/03/11/myanmar-protesters-stage-rallies-as-army-accused-of-using-battle-tactics

Leave a Reply

Your email address will not be published.