ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် တပ်မတော်အစိုးရက နိုင်ငံတစ်ဝှမ်းလုံး အင်တာနက်ဖြတ်တောက်၍ တပ်အင်အား ထပ်မံ ဖြန့်ချ၊ ဒေါ်အောင်ဆန်စုကြည်အား တနင်္လာနေ့ ရုံးထုတ်ရန် ဖြစ်မလာခဲ့


အာာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်မှုမျာူကို ဖြိုခွင်းရန် ရည်ရွယ်သည့်သည့်အနေဖြင့် တနင်္လာနေ့တွင် မြန်မာစစ်အစိုးရက နိုင်ငံတစ်ဝှမ်း အင်တာနက်အဆက်အသွယ် ဖြတ်တောက်၍ တပ်အင်အားထပ်မံ ချထားလိုက်သော်လည်း ပြောင်ပြောင်တင်းတင်းဆန္ဒပြသူများမှာ လမ်းများပေါ်သို့ ပြန်လည်ရောက်ရှိလာသည်ဟု AFP က ယနေ့ ရေးသားသည်။..  


လွန်ခဲ့သည့် ရက်သတ္တ ၂-ပတ်က အာဏာသိမ်းခြင်းအပေါ် ဆန့်ကျင်သည့် အုံကြွမှုများကို မြန်မာ့တပ်မတော်က နှိမ်နင်မှုများ တစ်ဖြည်းဖြည်း တိုးမြှင့်နေပြီး အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရာပေါင်းများစွာတို့အား ထိန်းသိမ်းထားခဲ့ရာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသူများလည်း ပါဝင်သည်။..  

ဆန္ဒပြသူများသည်နောက်ဆုတ်ရန်ငြင်းဆန်သောကြောင့် ဗိုလ်ချုပ်ကြီးများသည် တနင်္လာနေ့နံနက်ပိုင်းတွင် တစ်နာရီကြာမျှ အင်တာနက်ဖြတ်တောက်ခြင်းနှင့ ်နိုင်ငံအနှံ့အပြား၌ စစ်အင်အား တိုးချဲ့ချထားလိုက်သည်။..  


ဖြုတ်ချခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်ကိုတရားရုံးတွင် တရားစွဲဆိုမှုပြုလုပ်ရန် ဗုဒ္ဓဟူးနေ့အထိ ရမန်ယူ ထိန်းသိမ်းထားမည်ဖြစ်ပြီး ကနဦး အများမျှော်လင့်သည့်အတိုင်း တနင်္လာနေ့တွင် ကြားနာနိုင်လိမ့်မည်မဟုတ် ကြောင်း၊ ယနေ့လာရောက်သည်မှာ ရှေ့နေပါဝါတင်ရန်နှင့် ခရိုင်တရားသူကြီးနှင့် ဆွေးနွေးရန်ဖြစ်ကြောင်း၊ ရမန်ကာလမှာ ၁၇-ရက်နေ့အထိဖြစ်ပြီး၊ ဥပဒေနှင့်အညီ ဒေါ်စုနှင့် တွေ့ဆုံခွင့် ရရှိရန် ကြိုးစားလျှက်ရှိကြောင်း ( ဒေါ်စု၏ ) ရှေ့နေ ဦးခင်မောင်ဇော်က နေပြည်တော်ရှိ သတင်းထောက်များအား ရှင်းပြသည်။..  


အဓိက တပ်အင်အား တိုးချဲ့ချထားသည့် ဒေသမှာ ရန်ကုန်မြို့ဖြစ်ဟန်ရှိပြီး စီးပွားရေးအသည်းနှလုံးနှင့် အကြီးဆုံးမြို့တော်တွင် ဗဟိုဘဏ်အနီး၌ စစ်သည်တင် သံချပ်ကာကားများ ချထားခြင်းလည်း အပါအဝင်ဖြစ်သည်။..  


အင်တာနက် ပြတ်တောက်ခြင်း မတိုင်မီ လူမှုကွန်ယက်တွင် တိုက်ရိုက်ထုတ်လွှင့်ချက်များအရ နိုင်ငံ၏ အခြားသောဒေသများတွင် ပိုမိုပြားသော စစ်သားများနှင့် စစ်ယာဉ်များ သွားလာနေသည်ကို တွေ့မြင်နေရသည်။..   


သို့သော် တနင်္လာနေ့နံနက်ပိုင်းတွင် ဗဟိုဘဏ်အနီး၌ ဆန္ဒပြမှုများထပ်မံဖြစ်ပွားခဲ့သည်။ အင်ဂျင်နီယာနှင့် နည်းပညာကျောင်းသား ထောင်ပေါင်းများစွာတို့ကလည်း မြို့၏ မြောက်ပိုင်းခရိုင်တွင် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ နိုင်ငံ့တောင်ပိုင်းမြို့တော် ထားဝယ်တွင် ရာနှင့်ချီသော လူစုလူဝေးတို့ဖြင့် ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကြောင်း Facebook တွင် လွှင့်တင်မှုများက ဖော်ပြနေသည်။..   


အစိုးရက လုံးဝနီးပါး အင်တာနက်ဖြတ်တောက်မည်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သော်လည်း များမကြာမီ အလုပ်များတင်ချိန်၌ ဝန်ဆောင်မှုများ ပြန်လည်ရရှိကြောင်း၊ ပြတ်တောက်မှုမှာ ၈-နာရီခန့်ကြာမြင့်ပြီးနောက် ပုံမှန်ပြန်လည်ရရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲသူအများစုမှာ လူမှုကွန်ယက် အသုံးပြုခြင်းမှ တားမြစ်ခံနေရဆဲဖြစ်ကြောင်း စောင့်ကြည့်လေ့လာလျှက်ရှိသူ NetBlocks ကပြောဆိုသည်။..  


တပ်မတော်အနေဖြင့် ပိုမိုပြင်းထန်သောနှိမ်နင်းမှုများ ပြုလုပ်လာလိမ့်မည်ဟု လူအများ စိုးရိမ်ပိုမိုပြင်းထန်လာပြီး တနင်္ဂနွေနေ့ညတွင် မြစ်ကြီးနားမြောက်ပိုင်း၌ ကန့်ကွက်ဆန္ဒပြသူများကို လုံခြုံရေးတပ်များက မျက်ရည်ယိုဗုံးများ ပစ်ဖောက်၍ လူစုခွဲခဲ့သည်။ ဒေသခံမီဒီယာသမားတစ်ဦးက ပြောဆိုရာတွင် ရဲတပ်ဖွဲ့ဝင်များသည် ကျည်အစစ် သို့မဟုတ် ရာဘာကျည်များ အသုံးပြု ပစ်ခတ်သည်ကို ရှင်းလင်းစွာ မသိရသေးကြောင်း၊ ဆန္ဒပြပွဲစောင့်ကြည့် သတင်းယူနေသည့် သတင်းထောက် အနည်းဆုံး ၅-ဦး ထိမ်းသိမ်းခံရကြောင်း ရှင်းပြခဲ့ပြီး ဒဏ်ရာရရှိသူအချို့၏ ဓါတ်ပုံများကို ထုတ်ပြန်ခဲ့သည်.။..


အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂသံအမတ်များ၏ ပူးတွဲကြေညာချက်တွင်မူ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်မှုများအား ရှောင်ကျဉ်၍ အရပ်သားများအား မထိခိုက်စေရန်တိုက်တွန်းထားသည်။..   


အလားတူပင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း အခြေအနေအား အကဲခတ်ရန်အတွက် အထူးကိုယ်စားလှယ် ဆွစ်ဇာလန်သံအမတ်ကြီး ခရစ်စတင်းရှာရန်နာဗာဂျင်နာအား မြန်မာနိုင်ငံအတွင်း အမြန်ဆုံးဝင်ရောက်ခွင့်ပြုရန် တပ်မတော်အစိုးရအား တောင်းဆိုလိုက်သည်။..   


အမေရိကန်သံရုံးက ၎င်း၏နိုင်ငံသားများအား တပ်မတော်အစိုးရ ထုတ်ပြန်သော ညမထွက်ရအမိန့်ကို ဖီဆန်ခြင်း မပြုရန်နှင့် နေအိမ်၌သာ နေထိုင်ကြရန် အကြံပြု တိုက်တွန်းထားသည်။..  
ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှုကာလသည် တနင်္လာနေ့တွင် ကုန်ဆုံးသည်ဟု မှတ်ယူရသော်လည်း ရှေ့နေနှင့် အဆက်အသွယ်မလုပ်နိုင်ခြင်းက မြန်မာဗိုလ်ချုပ်ကြီးများအနေဖြင့် ဒေါ်စုအား ပြန်လွှတ်ရန် အရိပ်အယောင် မရှိကြောင်း ပေါ်လွင်လျှက်ရှိသည်။..  

ပြီးခဲ့သည့်  မြို့လယ်ပိုင်း ကြီးမားသော လူစုလူဝေးများနှင့် သီးခြား အစွန်အဖျားဒေသများတွင် နှိမ်နင်းရန် မအောင်မြင်၍ တနင်္ဂနွေနေ့က အင်တာနက်ပိတ်ဆို့ပုံရသည်။.. 

 
အာဏာသိမ်းချိန် မှစ၍ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူသပိတ်မှောက်အလုပ်သမားများနှင့် ထိန်းသိမ်းခံရသူ အနည်း ဆုံးလူ ၄၀၀ ခန့် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများစောင့်ကြည့်ရေးအဖွဲ့ကပြောကြားသည်။..  


နိုင်ငံ၏ တပ်မတော် အစိုးရသစ်သည် အပြည်ပြည်ဆိုင်ရာပြစ်တင်ရှုတ်ချမှုများကို ယခုထိ မတုန်မလှုပ်ရှိနေဆဲဖြစ်ပြီး ၎င်းတို့မှာ တရားဝင်အာဏာရယူခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောဆိုလျှက်ရှိသည်။ ပြည်တွင်း သတင်းထောက်များကိုလည်း အာဏာသိမ်းယူသော အစိုးရဟု ရည်ညွှန်းခြင်း မပြုရန်ညွှန်ကြားထားသည်။
..
#တပ်မတော်ကနိုင်ငံတစ်ဝှမ်းလုံးအင်တာနက်ဖြတ်တောက်၍ #တပ်အင်အားထပ်မံ ဖြန့်ချ၊ #ဒေါ်အောင်ဆန်စုကြည်အားတနင်္လာနေ့ရုံးထုတ်ရန်ဖြစ်မလာခဲ့

((( AFP., February 15th, 2021, “ Protests after Myanmar junta cuts internet, deploys troops.” #HtayOung, #OungMarine. “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/south-east-asia/2021/02/15/protests-after-myanmar-junta-cuts-internet-deploys-troops
0

Leave a Reply

Your email address will not be published.