ကန့်ကွက်ဆန္ဒပြမှုများသည် ဘဏ်လုပ်ငန်းနှေးကွေးခြင်းကဲ့သို့ မြန်မာ့စီးပွားရေးကို အန္တရာယ်ပေးနေ။ ယခုပုံအတိုင်းဆိုလျှင် အများစုဖြစ်သည့် သူလိုငါလို သာမန်လူများမှာ ဒုက္ခရောက်ရလိမ့် မည်ဟု ဆို။ စိတ်ရင်းကောင်းသော်လည်း လုပ်ကိုင်ပုံ လွဲချော်


ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရအား တပ်မတော်က ဖြုတ်ချမှုကို ဆန့်ကျင်သည့်အနေဖြင့် ဘဏ်ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁-ရက်နေ့မှ စတင်ကာ လုပ်ငန်းခွင်အား စွန့်ခွာလာသည့် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက်အမှုထမ်းများ၊ အခြားဝန်ထမ်းများနှင့် ပူးပေါင်းလိုက်ကြသည်၊ ဘဏ်လုပ်ငန်းသည် အဆုံးသတ်လုနီးပါး တုန့်ဆိုင်းသွားပြီး လူထုနည်းဖြင့်_ဖီဆန်အံတုရေး_လှုပ်ရှားမှု_(CDM) ကြီးထွားလာခြင်း သည် မူလကတည်းက ( ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ) အထိမခံနိုင်တော့သည် နိုင်ငံ၏စီးပွားရေးအပေါ် အန္တရာယ်ပြုလာနေသည်ဟု Financial Times က ယမန်နေ့ရေးသားသည်။

..   
တပ်မတော်က အာဏာထိန်းပြီးနောက်ပိုင်း ငွေရေတွက်ခြင်းမှ လစာရေးဆွဲခြင်းအထိ ကုမ္ပဏီ၏လုပ်ငန်းကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဝန်ထမ်းအင်အား လုံလောက်မှု မရှိဖြစ်လာခြင်းကြောင့် ဘဏ်ခွဲအများစုကို ပိတ်ပစ်ရသည့် အခြေသို့ ဆိုက်ခဲ့ရကြောင်း လုပ်ငန်းရှင်များက Financial Times ကို ပြောကြားသည်။

 ..
ငွေထုတ်ချေးသူအများစုသည် ATM စက်များနှင့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် ဆက်လက်လုပ်ကိုင်ရန် ကြိုးစားနေကြသော်လည်း ဝန်ထမ်း မလုံလောက်ခြင်းနှင့် တပ်မတော်အစိုးရ၏ မကြာခဏ အင်တာနက်ပိတ်ခြင်းတို့ကြောင့် အသည်းအသန်ဖြစ်လျှက်ရှိသည်။

..   
တနင်္လာနေ့တွင် ၎င်းတို့ဖာသာ “ တော်လှန်ရေး “ ဟု အမည်ပေးထားသည့် လူစုဝေးမှုသည် တပ်မတော်က အာဏာထိန်းပြီးနောက်ပိုင်း အကြီးမားဆုံးလူစုဝေးခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှန်းလုံးရှိ စီးပွားရေးလုပ်ငန်းအားလုံး ပိတ်ဆို့သွားသည်။

..  
ဘဏ်တို့၏ ပြဿနာများသည် ယခုလာမည့် ကုမ္ပဏီများလစာထုတ်ပေးရက်၌ ပိုမိုသိသာလာနိုင်ကြောင်း စီးပွားရေးသမားများနှင့် လေ့လာသုံးသပ်သူများက သတိပေးသည်။ ဘဏ်လုပ်ငန်းစနစ်မှာ တစ်ဆို့နေစဉ် ထောင်ဂဏန်းရှိသော စီးပွားရေးလုပ်ငန်းများအတွက် လူသန်းချီ၍ လုပ်ခလစာပေးရခြင်းမှာ မဖြစ်နိုင်လောက်အောင်ရှိသည်၊ လက်ရှိနိုင်ငံရေး လိပ်ခဲတည်းလည်း အခြေအနေပြီးလျှင် ( အကြပ်အတည်း ) အဖြစ်ရဆုံးဟု ဆိုနိုင်ကြောင်း သမိုင်းပညာရှင် #ဒေါက်တာသန့်မြင့်ဦး က ဝေဖန်သည်။

..    
အကျပ်အတည်းသည် မြန်မာနိုင်ငံကဲ့သို့ #ငွေသားလက်ငင်းသုံးစွဲ ဓလေ့ထွန်းကားသည့် လူ့အဖွဲ့အစည်းမျိုးအတွက် အထူးတလည်ပြင်းထန်သည်။ ဆယ်စုနှစ်များစွာ စီးပွားရေးအထီးကျန်မှုအပြီး အာဏာထိန်းမှုမတိုင်မီ နိုင်ငံ၏ ဒီမိုကရေပြုပြင်ပြောင်းလဲရေးကာလ ကတည်းက ဘဏ်များအနေဖြင့် နည်းပညာအသစ်များနှင့် ပိုမိုကောင်းမွန်သော ငွေကိုင်တွယ်သုံးစွဲမှု အလေ့အထများကို မိတ်ဆက်နေဆဲဖြစ်သည်။

..   
ပုဂ္ဂလိကဘဏ်များသည် ဆူးကြားမှ ဗူးခါးဘဝရောက်နေသည်။ နစအ အစိုးရနှင့် ဗဟိုဘဏ်တို့က ပြန်လည်ဖွင့်လှစ်ခြင်း မရှိသော ပုဂ္ဂလိကဘဏ်များကို နိုင်ငံတော်စီမံအုပ်ချုပ်မှုလက်အောက်သို့ သွတ်သွင်းရလိမ့်မည်ဟု ခြိမ်းခြောက်နေသည်။ တစ်ဖက်တွင်လည်း ဘဏ်များပြန်လည်ဖွင့်လှစ်သည်ကို (CDMများ) တွေ့သွားလျှင် လူမှုကွန်ယက်၌ ဘဏ်၏ နာမည်ကောင်းပျက်စီးသွားနိုင်ကြောင်း မြန်မာစီးပွားရေးလုပ်ငန်းတာဝန်ခံမှု ဆိုင်ရာစင်တာမှ ဒါရိုက်တာ ဗစ်ကီဘိုးမန်းက ရှင်းပြသည်။

..   
ဘဏ် သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်းများကို ဖွင့်လှစ်ရန် တိုက်တွန်း အားပေးစကား ပြောကြားခြင်းမှာ (CDM ) လှုပ်ရှားမှု၏ ရန်သူအဖြစ် ပစ်မှတ်ထားခြင်းခံရမည့် စွန့်စွန့်စားစား အလုပ်တစ်ခုဖြစ်နေကြောင်း၊ ခြုံငုံကြည့်ရလျှင် လှုပ်ရှားမှုတွင် ကန့်ကွက်ဆန္ဒပြသူတို့မှာ စိတ်ရင်းကောင်းရှိသူများ အမှန်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့သော် ၎င်းတို့၏ လုပ်ရပ်မှာ နေရာအတော်များများတွင် လွဲမှားနေကြောင်း၊ ထိုအတိုင်းဆိုလျှင် အများစုဖြစ်သည့် သူလိုငါလို သာမန်လူများမှာ ဒုက္ခရောက်ရလိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဘဏ်အမှုဆောင်အရာရှိတစ်ဦးက Financial Times အား ပြောပြသည်။

..  
ယခုရက်သတ္တပတ်တွင် xxx၊ xxx နှင့် xxx စသည့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်ကြီး ၃-ခုတို့သည် စီးပွားရေးလုပ်ငန်းဆိုင်ရာ အချင်းချင်းပူးပေါင်းကြောင်း လက်မှတ်ရေးထိုးလိုက်ကြပြီး သတိကြီးစွာဖြင့် စကားလုံးရွေးချယ်၍ သတင်းထုတ်ပြန်သည်။ မြန်မာပြည်သူလူထု၏ ဆန္ဒ၊ အကျိုးစီးပွားနှင့်အညီ တွေ့ဆုံဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံ၍ လက်ရှိအကျပ်အတည်းကို အချိန်တိုအတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

..   
ဘဏ်များ၏ကြီးထွားလာနေသောပြဿနာများသည် အာဏာထိန်းပြီးနောက်ပိုင်း ပုံမှန်အတိုင်း စီးပွားရေးဆက် လက်တည်ရှိစေရန် ကတိပြုခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်မတော်အစိုးရကို အားနည်းသွားစေနိုင်သည်။ အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ အပေါ် ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။

..  
ကြာသပတေးနေ့တွင် Facebook က မြန်မာ့တပ်မတော်နှင့် စစ်ဘက်ထိန်းချုပ်မှုအောက်ရှိ ဖော်ပြချက်များ၊ မီဒီယာများနှင့် Instagram တို့မှ ကြော်ငြာခြင်းများအားလုံးကို ပိတ်ပင်လိုက်သည်။
..
#ကန့်ကွက်ဆန္ဒပြမှုများနှင့်မြန်မာ့စီးပွားရေးပေါ်အန္တရာယ်
..
((( Financial Times., Feb.25 2021,” Myanmar protests imperil economy as banking business slows.By: John Reed ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

..  
https://www.ft.com/content/37e2a390-8f57-40d2-9c4a-f24a675a4892 

0

Leave a Reply

Your email address will not be published.