ကန့်ကွက်ဆန္ဒပြသူများသည် မြန်မာ့စီးပွားရေးအား အန္တရာယ်ပြုသည့်နည်းဖြင့် ကစားနေကြဟု စီးပွားရေးလုပ်ငန်းများကို သတိပေး။ မငြိမ်သက်မှုများသည် ဆယ်စုနှစ်တစ်ခုစာမျှ အကျိုးအမြတ်များကို ပျက်ပြားစေ၍ ထိုင်းနိုင်ငံနှင့် ဒေသတွင်း ဖြည့်စွမ်းနိုင်မှုကွင်းဆက်ကို ထိခိုက်စေလိမ့်မည်။


ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် တပ်မတော်အစိုးအား ဆေးဖော်ကြောဖက် မလုပ်ရန် ဖြုတ်ချခံအစိုးရက တောင်းဆိုခြင်း၊ တပ်မတော်အစိုးရအား ခုခံတွန်းလှန်သည့် အလုပ်သမားများသပိတ်မှောက်ခြင်း၊ စီးပွားရေးလုပ်ငန်းများက အခွန်မပေးစေခြင်း စသည့် #CDM ခေါ် #လူထုအခြေပြု_ဖီဆန်အံတုရေးလှုပ်ရှားမှုများဖြင့် မြန်မာ့တပ်မတော်အစိုးရသည် စီးပွားရေးတွင် တုန့်ဆိုင်းရပ်တန့်လျှက်ရှိနေသည်။

..   
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအား ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြုတ်ချခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သောအစိုးရများ၏ အလုံးအရင်းဖြင့်ထောက်ခံမှုနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သည့် ဝန်ထမ်းများ၏ အဆိုပါလှုပ်ရှားမှုမှာ အောင်မြင်နေသည်။

..   
မီးရထားအလုပ်သမားများ၊ ဘဏ်ဝန်ထမ်းများ၊ ဆေးဘက်ဆိုင်ရာအမှုထမ်းများနှင့် အစိုးရဝန်ထမ်းများသည် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံ၏ Covid-19 ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်အား ပွဲပျက်စေသည့် အထွေထွေသပိတ်တွင် ပူးပေါင်းလိုက်ကြသည်။

..   
သို့သော် ကြီးထွားလာနေသော ပရမ်းပတာဖြစ်မှုများသည် ၎င်းတို့အလုပ်သမားများ၏ ဆန္ဒပြခွင့်ကို ထောက်ခံသူအများစုဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များအား သတိပေးလျှက်ရှိသည်။ သို့သော်လည်း ၎င်းမငြိမ်သက်မှု များသည် ဆယ်စုနှစ်တစ်ခုစာမျှ စီးပွားရေးအကျိုးအမြတ်များကို ဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်နေပြီဖြစ်သည်။

..    
စားသောက်ကုန်နှင့် အခြားမရှိမဖြစ်လိုအပ်သော အခြေခံပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းသည် ကူးစက်ကပ် ရောဂါကြောင့် ဒုက္ခရောက်နှင့်ပြီးဖြစ်သော ဆင်းရဲသားမိသားစုများကို ငတ်မွတ်သည်အထိ အန္တရာယ်ပြုလိမ့်မည်ဟု ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က ယခု ရက်သတ္တပတ်၌ သတိပေးသည်။

..  
တနင်္ဂနွေနေ့တွင် ရန်ကုန်ရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံများ မီးတင်ရှို့ခံရပြီး တပ်မတော်အစိုးရက လူသေစေလောက်သော လက်နက်အသုံးပြုခြင်းကြောင့် လူပေါင်း ၃၉-ဦးထက်မနည်း သေဆုံးရသည့် အဖြေထွက်ခဲ့ရာ ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်နွယ်၍ တစ်ရက်တည်း လူသေဆုံးမှု (အများဆုံး) ဖြစ်သွားသည်။ ၎င်းတို့ပိုင် စက်ရုံ ၂-ရုံလည်း မီးရှို့ခံရသည့်အထဲတွင် ပါသွားခဲ့ပုံရကြောင်း၊ အသေးစိတ်ကို ချက်ချင်းမသိရှိရသေးပဲ ရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း ဂျပန်ကုန်အမှတ်တံဆိပ် Uniqlo က အင်္ဂါနေ့၌ ရှင်းပြသည်။

..     
အာဏာသိမ်းချိန်မှစ၍ ယခုထိ ၂၀၂-ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၂,၁၈၁-ဦး ရှိကြောင်း လူ့အခွင့်အရေး အုပ်စုတစ်စုဖြစ်သည့် #နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောဆိုသည်။
..
မြန်မာသည် Failed State #ကျဆုံးနိုင်ငံအဖြစ် အန္တရာယ်ကြီးထွားလာနေကြောင်း အကယ်၍ ပရမ်းပတာဖြစ်မှု များအသွင် မြန်မာပြိုလဲခဲ့လျှင် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ဒေသတွင်း ဖြည့်စွမ်းနိုင်မှုကွင်းဆက်တို့အပေါ် သိသာထင်ရှားသည့် မငြိမ်သက်မှုအကျိုးဆက်များ ကျရောက်လိမ့်မည်ဖြစ်ကြောင်း၊ ယူရိုအေးရှားဂရုမှ စွန့်စားမှုဆိုင်ရာ အကြံပေးနှင့် ဝေဖန်ဆန်းစစ်သူ ပီတာမန်ဖို့ဒ်က ထောက်ပြသည်။

..      
စီးပွားရေးလုပ်ငန်းရှင်များကမူ တပ်မတော်လိုလားသူများနှင့် (ကန့်ကွက်ဆန့်ကျင်သူများအကြား) ဈေးကွက်နာမည်ကောင်း ပျက်ပြားဖွယ် စီးပွားရေးဆက်နွယ်မှုတို့ကို စိုးရွံ၍ များသောအားဖြင့် နှုတ်ဆိတ်နေကြသည်။

..  
အထူးသဖြင့် ဘဏ်လုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအပေါ် ဦးတည်၍ ကျယ်ပြန့်သော သပိတ်မှောက်မှုများ၊ လူမှု့ရေးဒဏ်ခတ်အပြစ်ပေးခြင်းမှသည် (R2P ကဲ့သို့) စစ်အင်အားရွယ်တူချင်း ဖိအားပေးရန်တို့ ဖြင့် Facebook မှာ အတော်လေး စီးပွားရေးထိခိုက်လျှက်ရှိသည်။ ဆိုလိုသည်မှာ အလုပ်ရှင်များအနေဖြင့် အမှန်တကယ်ကန့်ကွက်ဆန္ဒပြနေသူများကို ကျော်လွှားနိုင်ရေးအတွက် ဝန်ထမ်းများအား ရုံးစည်းကမ်းအရ အလုပ်ခွင့်မှ ထွက်ခွာခွင့်ပြုရန်အပါအဝင် ဝန်ထမ်း သို့မဟုတ် ဘဏ်အသုံးပြုသူများအား ငွေထုတ်မပေးနိုင်သည့် အခက်အခဲ ရှိနေသည်ဟု မြန်မာ့စီးပွားရေးလေ့လာသုံးသပ်သူက Financial Time သို့ ပြောပြသည်။

..   
စီးပွားရေးတုန့်ဆိုင်းရပ်တန့်နေခြင်းမှာ ဆန္ဒပြသူများ၊ နိုင်ငံခြားအစိုးရများနှင့် မြန်မာပြည် ဒီမိုကရေစီပြန်လည်ထူထောင်ရေး ကြိုးပမ်းနေသည့် တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်နေရသည့် အလွန်ကြီးမားသောစိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း မီးမောင်းထိုးပြလျှက်ရှိသည်။(စီးပွားရေးတုန့်ဆိုင်းရပ်တန့်နေခြင်းဖြင့်) အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ရည်ရွယ်ကာ လူစုလူဝေးလှုပ်ရှားလျှက်ရှိသည့် သန်းပေါင်းများစွာသော သာမန်ပြည်သူလူထုကို စတင်နာ ကျင်စေခဲ့ပြီး ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှု၏ အင်အားကို ကျဆင်းစေကြောင်း ပေါ်လွင်လာသည်။

..  
အမေရိကန်နှင့်အခြားအနောက်နိုင်ငံများက စစ်အစိုးရ၏ခေါင်းဆောင်များ၊ ၎င်းတို့၏မိသားစုများနှင့် ၎င်းတို့ထိန်းချုပ်သော ကုမ္ပဏီများကို ပစ်မှတ်ထား၍ ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး သာမန်လူများအား ထိခိုက်နစ်နာခြင်း မရှိအောင် ကြိုးစားရှောင်ရှားခဲ့ကြသည်။ သို့သော် ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းရန်၊ အင်တာနက်ဖြတ်တောက်ရန်နှင့် အခြားသောနည်းဗျူဟာတို့ဖြင့် ကန့်ကွက်ဆန္ဒပြမှုတို့ကို ချေမုှန်းရန် တပ်မတော်အစိုးရ၏ အာသာဆန္ဒကို ဆွ ပေးသလိုဖြစ်ကာ ဆန္ဒပြသူတို့အပေါ် ဒေါသတကြီး တုန့်ပြန်မှုကို ဖြစ်စေသည်။ တစ်ဆက်တည်းမှာပင် စီးပွားရေးရာသီဥတု ယိုယွင်းခြင်း ဖြစ်ပေါ်လာသည်။

..   
 ဒဏ်ခတ်ပိတ်ဆို့မှုမှာ တပ်မတော်အပေါ် အများဆုံးသက်ရောက်၍ ပြည်သူလူထု အပေါ် အနည်းဆုံးသာ သက်ရောက်စေရန် လူ့အခွင့်အရေးအဖွဲ့များက လိုလားသည်။ တပ်မတော်အစိုးရနှင့် မြန်မာ့တပ်မတော်က ထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေးဦးပိုင်_အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမီတက် #MEHL နှင့် #မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း #MEC တို့ကဲ့သို့ လုပ်ငန်းခွဲ ၂-ခုအပေါ် အရေးယူမှုများ ပြုလုပ်စေလိုသည်။ ၎င်းတို့သည် ကုန်ထုတ်လုပ်ခြင်း၊ အာမခံနှင့် ဘဏ်လုပ်ငန်းတို့တွင် ကုမ္ပဏီပေါင်း ၁၀၀ ကျော် ရှိနေကြောင်း #မြန်မာနိုင်ငံဆိုင်ရာ_ကုလသမဂ္ဂ၏_လူ့အခွင့်အရေးအထူးကိုယ်စားလှယ်_တွမ်အင်ဒရူးက ပြောပြသည်။

..   
အမေရိကန်အနေဖြင့် မြန်မာ့တပ်မတော်လက်အောက်ခံ ကျောက်မျက်ရတနာ ကုမ္ပဏီ ၃-ခုကိုလည်း ပိတ်ဆို့ မှုများ ချမှတ်ထားသည်။ လူ့အခွင့်အရေးအဖွဲ့များကမူ တပ်မတော်အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားသည့် နိုင်ငံပိုင်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို နောက်ထပ်အရေးယူမှုများ ချမှတ်ရန် တောင်းဆိုသည်။

..  
မြန်မာပြည်တွင်း၌ လူထုအခြေပြု ဖီဆန်အံတုရေး လှုပ်ရှားမှုက ကုမ္ပဏီများအနေဖြင့် အခွန်ပေးဆောင်ခြင်း မပြုရန်၊ စစ်အစိုးရနှင့်ဖြစ်စေ၊ စစ်ဖက်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများကိုဖြစ်စေ ဆွေးနွေးခြင်း မပြုရန် တိုက်တွန်းသည်။ တနင်္ဂနွေနေ့တွင် ပုန်းအောင်းနေသည့် NLD ပါတီအရာရှိများက မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်မှထုတ်ပေးသည့ ်မည်သည့်ခွင့်ပြုချက်ကိုမဆို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက အာဏာရလာသောအခါ မည်သို့မျှ အသိအမှတ်ြ့ပုလိမ့်မည်မဟုတ်ကြောင်း စင်ပြိုင်အစိုးရအဖြစ် ကြေညာခဲ့သည်။

..  
အဆိုပါမတည်ငြိမ်မှုမှာ နိုင်ငံတကာဖြန့်ကြက်လုပ်ကိုင်သည့် ကုမ္ပဏီများအပေါ် ဖိအားပေးမှုအဖြစ် သက်ရောက်စေခဲ့သည်။

..  
ဖေဖော်ဝါရီလတွင် ကုန်အမှတ်တံဆိပ်ကုမ္ပဏီများကို တိုင်းပြည်မှ ထွက်ခွာမသွားရန် တောင်းဆိုခဲ့ကြောင်း၊ ၎င်းကုမ္ပဏီများမှာ လူအများ အသတ်မခံကတည်းက ( ပြန်ချင်နေကြပြီ ) ဖြစ်ကြောင်း၊ နိုင်ငံအတွင်း တည်ရှိနေသော စီးပွားရေးလုပ်ငန်းဖြစ်လျှင် အခွန်ပေးခြင်းဖြင့် တပ်မတော်ကို ထောက်ပံ့ရာ ရောက်နေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္က ဒေါ်ခိုင်ဇာအောင်က ပြောဆိုသည်။

..  
H&M, C&A နှင့် Inditex တို့ကမူ မြန်မာနိုင်ငံမှ ကုန်မှာစာများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာသည်။

..  
 မြန်မာနိုင်ငံတွင်ထုတ်လုပ်သော ကုန်ပစ္စည်းအမှာစာများကို ဆိုင်းငံ့ထားသော ကုန်အမှတ်တံဆိပ်ကုမ္ပဏီများအနေဖြင့် အလုပ်အကိုင်ဆုံးရှုံးခြင်းနှင့် အခြားခြိမ်းခြောက်ခြင်းများမရှိပဲ အထည်ချုပ်လုပ်သားများ၏ ကန့်ကွက်ဆန္ဒပြပိုင်ခွင့်ကို လူသိရှင်ကြား ထောက်ခံရန် အလုပ်သမားသမဂ္ဂများက တောင်းဆိုသည်။

(((Fanicial Time., MARCH 17 2021,” Protesters playing ‘dangerous game’ with Myanmar’s economy, warn businesses. Concerns rise that turmoil will destroy a decade of economic gains.By: John Reed in Bangkok, Patricia Nilsson in London and Katrina Manson in Washington.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
#ကန့်ကွက်ဆန္ဒပြမှုများနှင့်_မြန်မာ့စီးပွားရေး
..
https://www.ft.com/content/ba39960d-e267-40e8-8907-ff921506e285?fbclid=IwAR0D4p_Ui6qHxDzT_FPyxqwmR5qkJ17G511qcZgGPGRseygB98XAJmXhseU 

Leave a Reply

Your email address will not be published.