
နိုင်ငံအချင်းချင်းတို့ကြား ဆင်းရဲချမ်းသာ ကွာဟမှုကြောင့် ကမ္ဘာ့လူဦးရေ၏ ၃-ပုံ ၁-ပုံကျော်ဖြစ်သော လူပေါင်း ၂.၇ ဘီလီယံခန့်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း သက်ဆိုင်ရာအစိုးရတို့ထံမှ အကူအညီများ မရရှိခဲ့ကြောင်း Oxfam က အင်္ဂါနေ့၌ ပြောကြားသည်ဟု Reuters က ယမန်နေ့ ရေးသားသည်။
..
..
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ပရဟိတအဖွဲ့ကို အခြေပြုလေ့လာသော ကမ္ဘာ့ဘဏ်၏ တွေ့ရှိချက်များအရ ကူးစက် ရောဂါကြောင့် ပြိုလဲသွားသော စီးပွားရေးအား ကျားကန်ရန် ချမ်းသာသော နိုင်ငံကြီး ၃၆-နိုင်ငံတို့က အမေရိ ကန်ဒေါ်လာ ၉.၈ ထရီလီယံ သုံးစွဲနိုင်သော်လည်း ဝင်ငွေနည်းပါးသော ၅၇-နိုင်ငံတို့တွင်မူ ဒေါ်လာ ၄၂ ဘီလီ ယံသာ သုံးစွဲ၍ အကူအညီပေးနိုင်ကြောင်း တွေ့ရှိရသည်ဆို၏။
..
..
ချမ်းသာသောနိုင်ငံများတွင် လူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၆၉၅ နှုန်း သုံးစွဲခဲ့ပြီး ဝင်ငွေနည်းပါးနှင့် ထွန်း သစ်စနိုင်ငံများ၌ ၂၈ ဒေါ်လာမှ ၄ ဒေါ်လာ အထိသာ လူတစ်ဦးအတွက် သုံးစွဲနေကြရကြောင်း၊ ထို့အပြင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီးများက ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဒေါ်လာ ၅.၈ ဘီလီယံသာ အကူအညီ တိုးမြှင့်ပေးနိုင် ကြောင်း လေ့လာမှု၌ ဖော်ပြထားသည်။
..
..
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကမ္ဘာကြီးအား ကြောက်ရွံ့စိတ်ဖြင့် စည်းလုံးခဲ့သော်လည်း တုန့်ပြန်ရာတွင် ကွဲလွဲကြလျှက်ရှိသည်။ ၂၀၂၀ ခုနှစ်တစ်လျောက်လုံး လူပေါင်းတစ်ဘီလီယံကျော်ထံသို့ လူမှုကာကွယ် စောင့်ရှောက်ရေးအကူအညီများ အရောက်ပေးပို့နိုင်ခြင်းဖြင့် ရောဂါကူးစက်မှုကြောင့် ချီးကျူးဖွယ် နိုင်ငံတ ကာဆိုင်ရာ အားထုတ်မှုကိုဖြစ်စေခဲ့သည်။ သို့သော် ယနေ့အထိ လူအတော်များများမှာ အပြည်အ၀ မရရှိပဲ လုံးဝ ကျန်ရစ်နေဆဲ ဖြစ်ရသည်မှာ မလိုလားအပ်သော ကိစ္စဖြစ်သည်ဟု Oxfam ၏အမှုဆောင်ဒါရိုက်တာ ဂေဘရီလာ ဘူချာက ပြောဆိုသည်။
..
..
နိုင်ငံတော်မှ ထောက်ပံ့သော လူမှုဖူလုံရေးအကူအညီများပေးရန် လူမှုကာကွယ် စောင့်ရှောက်မှုလိုအပ်သူ လူပေါင်း ၄ ဘီလီယံအထိ ရှိနိုင်သည်ဟု ကူးစက်ရောဂါမဖြစ်ပွားမီ ကမ္ဘာ့ဘဏ်မှခန့်မှန်းခဲ့ပြီး ၎င်းတို့အနက် ၁.၃ ဘီလီယံထံသို့သာ ရောက်ရှိခဲ့ကြောင်း သုတေသီများက ရှင်းပြသည်။
..
..
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးမဟုတ်သော စားနပ်ရိက္ခာအကူအညီများ ပေးအပ်နိုင်ခဲ့ပြီဟု သတင်းကြား သိရသော်လည်း ပုံမှန်တရားဝင် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် မကြာခဏပေးအပ်ရန် မလုံလောက်ကြောင်း တွေ့ရှိရသည်။
..
..
သီးခြားအစီရင်ခံစာတစ်ခုအရ ၂၀၂၁ ခုနှစ်၌ ကမ္ဘာကြီး၌ နေထိုင်သူ ၃၃ ဦးတွင် ၁-ဦးအတွက် အစားအစာ၊ ရေနှင့် သန့်ရှင်းရေးတို့ကဲ့သို့ အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးမည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်ချက်မှာ ယခုနှစ်ထက် ၄၀ ရာခိုင်နှုန်းတိုးလာလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက တွေ့ရှိထားကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
..
..
#ကပ်ရောဂါကာလ_ကမ္ဘာ့လူဦးရေသုံးပုံတစ်ပုံကျော်တို့ #သက်ဆိုင်ရာအစိုးရထံမှ_အကူအညီ_မရရှိ
..
..
((( Reuters., December 15th, 2020,” Oxfam: Third of world’s people get no state aid during pandemic.By: Thomson Reuters Foundation ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
..
..