ကဘူးလ်လေဆိပ်၌ ဂျာမန်နှင့် အမေရိကန်တို့ပူးပေါင်းတာဝန်ယူစဉ် အမည်မသိသူများနှင့် တိုက်ပွဲဖြစ်၍ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး၊ အာဖဂန်လေဆိပ်မှ ထွက်ခွာရန်ကြိုးစားကြသူများတွင် အယ်လ်ကိုင်ဒါနှင့် အိုင်စစ်အကြမ်းဖက်သမားတို့ ရောနှောနေဟု ရုရှား သတိပေး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်တွင် ခရီးသည်ဝင်ထွက်ပြုလုပ်ရာနေရာအနီး၌ အမည်မသိသူများနှင့့် တိုက်ပွဲဖြစ်ပွား၍ လေဆိပ်ကာကွယ်စောင့်ရှောက်ရေးတာဝန်ထမ်းဆောင်လျှက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးထက်မနည်း သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း တနင်္လာနေ့တွင် ဂျာမန်စစ်ဖက် ပြောဆိုသည်ဟု Russia Today က ယနေ့ ရေးသားသည်။

…  
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာတွင် ဂျာမန်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မဖြစ်ခဲ့ကြောင်း “ #ဘန်းဒက်ရှ်ဝါ “ ဟု အများသိရှိကြသည့် ဂျာမန်တပ်မတော်က ၎င်း၏ Twitter စာမျက်နှာ၌ ဖော်ပြထားသည်။

…    
သြဂုတ်လ ၁၅ ရက်နေ့  ကဘူးလ်အား တာလီဘန်တို့က သိမ်းပိုက်ပြီးချိန်ကတည်းက မြို့တော်လေဆိပ်မှာ မငြိမ်မသက်မှုများနှင့် ပရမ်းပတာဖြစ်လျှက်ရှိသည်။ အာဖဂန်လူမျိုး ထောင်ပေါင်းများစွာတို့သည် ခရီးသည်ဝင်ထွက်ပြုလုပ်ရာ စြင်္ကန်နေရာ၌ ဆက်လက် စုရုံးနေကြစဉ်တွင် လူသေဆုံးမှုများ ဖြစ်ခဲ့ရသည်။ သေနတ်ပစ်ခတ်မှုနှင့် လူချင်းနင်းမိ၍ လူများစွာသေဆုံးခဲ့ပြီး အနည်းဆုံးလူ ၂-ဦးမှာ ကွင်းမှ ပျံတက်သည့် အမေရိကန်စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းအား ကုတ်တွယ်လိုက်ပါရန် ကြိုးစားရင်း ပြုတ်ကျ သေဆုံးရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အမေရိကန်ဆုတ်ခွာမှုကြောင့် အာဖဂန်နစ္စတန်၌ ရုန်းရင်းဆန်ခတ် ပရမ်းပတာဖြစ်လျှက်ရှိစဉ် ကဘူးလ်မှ ထွက်ခွာလာသူများ၌ အကြမ်းဖက်သူများနှင့် တာလီဘန်တိုက်ခိုက်ရေးသမားမှာ ဒုက္ခသည်အသွင် ရောနှောပါလာနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးလိုက်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

…   
အာဖဂန်တွင် အမေရိကန်ကျောထောက်နောက်ခံပြု အာရှတ်ဂနီအစိုးရ၏ တစ်ညတည်းနှင့် ပြိုလဲရခြင်းမှာ ရုရှားအပါအဝင် အနီးဝန်းကျင်ရှိ ဗဟိုအာရှနိုင်ငံများအပေါ် ပြင်းထန်သောခြိမ်းခြောက်မှုအသွင် ဖြစ်စေခဲ့ကြောင်း၊ ကဘူးလ်မှ ထွက်ပြေးသည့် အရပ်သားအရေအတွက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စိန်ခေါ်မှုများ ဖြစ်လာခဲ့ကြောင်း၊ ထောင်သောင်းမက သန်းချီ၍ပင် ရှိနိုင်ပြီး ဘယ်သူဘယ်ဝါမှာ ဒုက္ခသည်အမှန်ဖြစ်သည်ဟု မည်သူမျှ အတိအကျ ပြောဆိုနိုင်ခြင်း မရှိကြောင်း၊ မိုင်ထောင်ချီသည့် အာဖဂန်နယ်ခြားမှာ  ကားတစ်စီး၊ မြည်းတစ်ကောင်ရှိယုံဖြင့် တောင်စောင်းများကို ဖြတ်သန်း၍ အရပ်ရပ်သို့ အလွယ်တကူူ ထွက်ခွာနိုင်ကြောင်း၊

…   
၎င်းမှာ ရုရှားနိုင်ငံသားများအပေါ် ဖြစ်နိုင်ချေရှိသော လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ် ၂-စုခန့်တွင် ချေချင်းညာကဲ့သို့ နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်အများစုဒေသများ၌ ခွဲထွက်ရေးအယူအဆကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရဖူးကြောင်း၊ ရုရှားမြေပေါ်၌ ဒုက္ခသည်အသွင်ယူထားသည့် တိုက်ခိုက်ရေးသမားတို့ ပြန်လည်ခေါင်းထောင်လာမည်ကို မလိုလားကြောင်း၊ ယခုအာဖဂန်နယ်မြေတွင် အဆိုပါ ကြောက်မက်ဖွယ်အလားအလာများမှာ ထပ်ခါတလဲလဲဖြစ်ပွားနေကြောင်း တနင်္လာနေ့ United Russia ပါတီ၀ င်များနှင့် တွေ့ဆုံခြင်းရာတွင် သမ္မတပူတင်က ရှင်းပြသည်။

…    
ဆီးရီးယား၌ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်လိုသူ အိုင်အက်စ် ( IS, ယခင် ISIS ) အား ရုရှားနိုင်ငံက ဝင်ရောက်ချေမှုန်း၍ ဒမတ်စကတ်တွင် သမ္မတဘာရှာအာဆတ်အား စစ်ရေးဖြင့် ထောက်ပံ့မှုပေးရသည့် အကြောင်းရင်းတစ်ခုမှာ ဆီးရီးယားသည် အာဖဂန်ကဲ့သို့ အကြမ်းဖက်သမားတို့ မွေးမြူဖြစ်ထွန်းရာနိုင်ငံအဖြစ် ပြောင်းလဲသွားမည်ကို ကာကွယ်ခြင်းဖြစ်ကြောင်း၊ တာလီဘန်တို့၏ လက်စားချေခံရမည့် အန္တရာယ်ရှိသော အာဖဂန်စစ်ဘက်နှင့် ရဲဘက်လူဟောင်းများကို ဥဇဘက်ကစ္စတန်ကဲ့သို့ ဒေသတွင်းနိုင်ငံများ၌ ပြန်လည်နေရာချထားမည့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ အစီအစဉ်မှာ ရှက်စရာကောင်းသည့် တောင်းဆိုမှု ဖြစ်ပြီး ရုရှားအတွက် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုဖြစ်စေကြောင်း ဗလာဒီမာပူတင်က ဆက်လက်ပြောဆိုသည်။

…  
၂၀၁၆-ခုနှစ်၌ နိုင်ငံအတွင်း ဒုက္ခသည်အဖြစ်ဝင်ရောက်လာသူများ သို့မဟုတ် ဥရောပသို့ ဦးတည်ထွက်ခွာလာသူများကို တင်းကြပ်စွာ ပိတ်ပင်ရန် ရုရှားပြည်တွင်းလုံခြုံရေးအေဂျင်စီ (FSB) အား သမ္မတပူတင်က ညွှန်ကြားခဲ့သည်။ ကမ္ဘာကြီး၏ ဒေသတွင်း နိုင်ငံများအား မတည်မငြိမ်ဖြစ်စေသည်မှာ အရှေ့အလယ်ပိုင်းမှ အစပြု သည့် ဒုက္ခသည်အကြပ်အတည်းကြောင့်ဖြစ်၍ ရုရှားနိုင်ငံအား လုံခြုံစွာ ပိတ်ထားရန်၊ စစ်သွေးကြွများ၏ စိမ့်ဝင်မှုနှင့ ်အကြမ်းဖက်သမားများ ကြားဖြတ်အားဖော်ထုတ်ရန် အမိန့်ပေးခဲ့သည်။ အိုင်အက်စ်နှင့် တာလီဘန် အဖွဲ့အစည်း ၂-ခုစလုံးကိုလည်း အကြမ်းဖက်အုပ်စုများအဖြစ် ရုရှားနိုင်ငံ၌ တားမြစ်ထားသည်။

(( ထွက်ပြေးသွားသော အာရှတ်ဂနီအစိုးရလက်ထက် အာဖဂန်တွင် အယ်လ်ကိုင်ဒါနှင့် အိုင်စစ်ကဲ့သို့ အစွန်းရောက်အကြမ်းဖက်သမားများစွာတို့ကို အကျဉ်းထောင်များ၌ ချုပ်နှောင်ထားခဲ့သည်။ ၎င်းတို့တွင် လူသတ်-ဗုံးခွဲခြင်းကဲ့သို အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်သည်။ တာလီဘန်တို့ ဝင်ရောက် လာသောအခါ အကျဉ်းထောင်များကို ဖွင့်ဖောက်လိုက်ပြီး အဆိုပါအကျဉ်းသားများအား လွှတ်ပစ်ခဲ့သည်။   ။သတင်းဘာသာပြန်သူ))

…  
#ကဘူးလ်လေဆိပ်၌_ပစ်ခတ်မှုဖြစ်ပွား၍_လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထက်မနည်း_သေဆုံး

(((Russia Today., 23 Aug, 2021,” Afghan security forces member killed in gunfight with ‘unknown assailants,’ as US & German troops join battle at Kabul airport.” #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/532783-us-german-forces-firefight-kabul-airport/
https://www.rt.com/russia/532765-putin-taliban-disguised-refugees-threat/
https://www.rt.com/usa/532772-kabul-evacuation-civil-reserve-pentagon/
https://www.rt.com/usa/532777-biden-hard-painful-evacuation-afghanistan/
https://www.rt.com/russia/532646-putin-taliban-afghanistan-merkel/

Leave a Reply

Your email address will not be published.