ကမ္ဘာ့လူသားအားလုံး၏ ထက်ဝက်မှာ ကိုဗစ်-နိုင်တင်းရောဂါ၏ ပိတ်လှောင်ခြင်းကို ခံနေကြရ။ ကူးစက်ကပ်ရောဂါနှင့် ကျွန်ုပ်တို့ကမ္ဘာ၏ လက်ရှိအခြေအနေ

ယခုအခါတွင် လူသန်းပေါင်း ၃,၉၀၀ ကျော် သို့မဟုတ် ကမ္ဘာ့လူဦးရထက်ဝက်သည် ကိုဗစ်-နိုင်တင်းရောဂါ တိုက်ဖျက်ရေးအတွက် ၎င်းတို့နေအိမ်များ၌ နေထိုင်ကြစေရန် ဖြစ်လာသည်။ ဤတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ၊ ရောဂါခြေချုပ်နှင့် မဖြစ်မနေ သို့မဟုတ် ကန့်သတ်ကြောင်း ညွှန်ကြားခြင်းခံရသည့် နိုင်ငံနှင့် နယ်မြေပေါင်း ၉၀ ကျော်တို့ ပါဝင်လျှက်ရှိသည်ဟု AFP အား ကိုးကား၍ Dhaka Tribune က ယနေ့ဖော်ပြသည်။

ကျန်နိုင်ငံနှင့် နယ်မြေ ၄၉-ခု တို့တွင် နေထိုင်သူ ၂,၇၈၀ -သန်းတို့မှာ လတ်တေလောဖြစ်ပေါ်နေသော အခြေအနေအရ လိုက်နာရန်တာဝန်ရှိသည်ဟုဆိုကာ ၎င်းတို့နေအိမ်၌ ပိတ်လှောင်ထားခြင်း ခံနေကြရသည်။ ယမန်နေ့တွင် ထိုင်းနိုင်ငံက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ခြင်းမှာ ကမ္ဘာ့လူဦးရေ သန်း ၇,၈၀၀ ၏ ထက်ဝက်ကျော်စေရန် တွန်းအားပေးသလိုရှိသည်။ ဗြိတိန်ကဲ့သို့ပင် ဥရောပတွင် ပြင်သစ်၊ အီတလီနှင့်စပိန်တို့၌လည်း ကန့်သတ်မှုများ ပြုလုပ်ထားသည်။ အာရှတိုက်တွင်မူ အလားတူ ဥပဒေမျိုးကို အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် အခြားနိုင်ငံတို့တွင် တွေ့နိုင်သည်။

အမေရိကန်ပြည်ထောင်စု၏ နယ်မြေအများစုသည် တားဆီးပိတ်ဆို့ခြင်း အောက်တွင် ရှိနေပြီး အတော်ကြီးဝေးကွာသော နယူးဇီလန်သည်လည်း ထိုအဖြစ်မျိုးနှင့် မကင်းခဲ့ပါ။ အာဖရိကသည် အခြားဒေသများထက် ကိုဗစ်-နိုင်တင်းကူးစက်ပျံ့နှံ့မှု နောက်ကျသော်လည်း တစ်ခုနှင့်တစ်ခု အတော်ဝေးဝေးတိုင်းပြည်များဖြစ်သည့် မော်ရိုကိုနှင့် တောင်အာဖရိကကဲ့သို့နိုင်ငံများ၌ အရေးယူမှုများ စတင်နေပါသည်။ ထိုစာရင်းတွင် အီရစ်ထရီးယားလည်း ကြာသပတေးနေ့၌ ပါဝင်လာခဲ့ပြီး နိုင်ငံသားများအား ၂၁-ရက်ကြာ နေအိမ်များတွင် နေကြရန် ညွှန်ကြားထားသည်။

နေရာအများစုတွင် လူတို့သည် အစားအစာနှင့်ဆေးဝါးကဲ့သို့ အရေးပါသည့်ပစ္စည်းများဝယ်ယူရန်နှင့် အလုပ်သွားရန် နေအိမ်အပြင်သို့ ထွက်နိုင်သည်။ သို့သော်လည်း ဖြစ်နိုင်လျှင် နေအိမ်မှနေ၍ အလုပ်လုပ်ကြရန် တိုက်တွန်းအားပေးသည်။

စုစုပေါင်း လူဦးရေ သန်း ၆၀၀ ခန့်ရှိမည့် ဂျာမနီ၊ ကနေဒါ၊ မက္ကဆီကို၊ အီရန်အပါအဝင် နိုင်ငံ ၁၀-နိုင်ငံ၏ အစိုးရ တို့သည် နိုင်ငံသားတို့အား နေအိမ်အတွင်း ၌သာ နေကြရန် တိုက်တွန်းသည်။ သို့သော် ဒါဏ်ငွေရိုက်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းကဲ့သို့ စည်းမျဉ်း စည်းကမ်း သတ်မှတ်ခြင်းမရှိပါ။

နိုင်ငံ သို့မဟုတ် နယ်မြေ ၂၆-ခု နေ လူဦးရေ သန်း ၅၀၀ နီးပါးတို့၏ အစိုးရတို့မှာမူ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ပြဋ္ဌာန်းထားသည်။ ညနေနှင့် ညပိုင်းသာမက နေအိမ်၌သာ နေစေသည်။ ထိုပုံစံမျိုးကို ကင်ညာ၊ အီဂျစ်၊ မာလီစသည့် အာဖရိကနိုင်ငံများနှင့် ချီလီ၊ ပနားမားနှင့် ပြူတိုရီကို ကဲ့သို့ လက်တင်အမေရိက နိုင်ငံများတွင် တွေ့ရှိရသည်။

အနည်းဆုံး ၇-နိုင်ငံမှ အစိုးရတို့ကမူ လူအများအပြား လာရောက်စုဝေးလေ့ရှိခြင်းကို အလေးထားသည်။ ဆော်ဒီ အာရေးဗီးယားနိုင်ငံ ရီယာ့ဒ်၊ မဒီနာနှင့် မက္ကာမြို့များတွင် မည်သူမဆို သွားလာ-ဝင်ထွက်ခြင်းမှ တားမြစ်ထားသည်။ ဖန်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့နှင့် ကွန်ဂိုဒီမိုကရစ်တစ်သမ္မတနိုင်ငံ ကင်ရှာဆာတွင်လည်း အလားတူဥပဒေမျိုး ပြဋ္ဌာန်းထားရာ နေထိုင်သူ လူဦးရေ စုစုပေါင်း သန်း-၃၀ ကျော်တို့က လိုက်နာရမည်ဖြစ်သည်။

(( နိုင်ငံတကာ ကူးစက်ကပ်ရောဂါ ကျရောက်ခြင်းဖြစ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကူးစက်ရောဂါ ကာကွယ်ရေး- ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ပေးလျှက်ရှိသည်။

သို့သော် ယခုသတင်းဆောင်းပါးအရဆိုလျှင် နိုင်ငံများစွာတို့သည် အဆိုပါလမ်းညွှန်ချက်ကို မိမိတို့ ရေမြေသဘာဝ၊ လူနေမှုစရိုက်၊ လူဦးရေ၊ လက်ရှိရာသီဥတုတို့အပေါ် ချိန်ဆ၍ ဆီလျော်သလို လိုက်နာလျှက်ရှိကြောင်း တွေ့ရပါမည်။ အသွားအလာတားဆီးကန့်သတ်ခြင်းကြောင့် လူသွားလူလာ ပြတ်လပ်ပြီး အနုကြမ်းစီး- ဖောက်ထွင်းဝင်ရောက်မှုများဖြစ်လာကြရာ ရောဂါတားဆီးရေးနှင့် လုံခြုံရေး-တရားဥပဒေစိုးမိုးရေးကို အတူတွဲဖက် ဆောင်ရွက်ကြရသည်။

တရုတ်၏ တားဆီးပိတ်ဆို့ခြင်း Lock-Down ပြုလုပ်ပုံမှာ တစ်နိုင်ငံလုံး၌ မဟုတ်ပဲ၊ ဟူဘေးပြည်နယ်၌သာ ဖြစ်ပြီး၊ တစ်မြို့လုံး Quarantine ရောဂါခြေချုပ်ချသည်မှာ ဝူဟန်မြို့သာဖြစ်ကြောင်း သတိပြုမိပါသည်။ ကျန်ပြည်နယ်များတွင် အသွားအလာ တားဆီးကန့်သတ်ခြင်း Movement Restriction နှင့်၊ စောင့်ကြည့်စစ်ဆေးခြင်း Scanning များ အလေးထားဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်ရှည် Lock-Dwon ချမိရာ နောက်ဆက်တွဲ အခက်အခဲများစွာ ကြုံတွေ့ရသည်။ စည်ကားသောမြို့ကြီးများအား မှီခိုလျှက် နယ်ဝေးမှ လာရောက်အလုပ်လုပ်သူ သန်းချီကာ အလုပ်လက်မဲ့ဖြစ်သွားရသည်။ ခိုး-ဆိုး-နှိုက်တို့ ခေါင်းထောင်လာသဖြင့် တရားဥပဒေစိုးမိုးစေရန် ရဲတပ်ဖွဲ့အင်အားကို အများအပြားသုံးခဲ့ရသည်။ အလွန်များပြားလှသော လမ်းပေါ်ရောက် ခြေလျှင်နေရပ်ပြန် လူစုလူဝေးကြီးဖြင့် ပြည့်နှက်သွားသည်။ အသွားအလာတားဆီး ကန့်သတ်ခြင်းရည်ရွယ်ချက်မှာလည်း သဲထဲရေသွန် ဖြစ်ရယုံမက ရောဂါပိုမို ပျံ့နှံ့စေရန် တမင်ဖန်တီးသလိုသည်။ နာရင်ဒြာမိုဒီလည်း ယခု Lock-down ၂၁-ရက်ပြီးလျှင် နောက်ထပ် ရက်မတိုးတော့ပါဟု ကတိပြုရတော့သည်။

((( Dhaka Tribune., Apr 3, 2020 , “Half of humanity in Covid-19 confinement.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုဗစ်-နိုင်တင်းရောဂါနှင့်ကျွန်ုပ်တို့ကမ္ဘာ၏လက်ရှိအခြေအနေ

https://www.dhakatribune.com/world/2020/04/03/half-of-humanity-in-covid-19-confinement

0

Leave a Reply

Your email address will not be published.