ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှု စုစုပေါင်း သန်း ၁၆၀ ကျော်လွန်လာ၊ လူ ၃-သန်းကျော် သေဆုံးခဲ့။ တရှိန်ထိုးမြင့်တက်နေရာမှ နိုင်ငံအချို့တွင် ကူးစက်-သေဆုံးဦးရေ အနည်းငယ် ကျဆင်း။ ကူးစက်မှုတွင် အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးတို့ အများဆုံးဖြစ်


Covid-19 ခေါ် #ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် မျက်မှောက်ကမ္ဘာကြီးအား ဆက်လက်ဖျက်ဆီးလျှက်ရှိရာ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အဆိုအရ ရောဂါဖြစ်ပွားမှု စုစုပေါင်း သန်း ၁၆၀ ကျော် ( ၁၆၀,၄၆၉,၈၆၅-ဦး ) ရှိလာခဲ့ပြီး အသက်ဆုံးရှုံးရသူအရေအတွက်မှာလည်း ၃-သန်းကျော် (၃,၃၃၁,၈၂၃-ဦး) ဖြစ်လာခဲ့သည်ဟု AP က ယနေ့ ရေးသားသည်။…    
ယနေ့နံနက်အထိ ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုတွင် အမေရိကန်မှာ ကူးစက်မှုပေါင်း ၃၂-သန်းကျော် (၃၂,၈၁၄,၅၇၄ -ဦး) နှင့် သေဆုံးသူ ၅-သိန်းကျော် ( ၅၈၃,၆၈၄-ဦး) ဖြင့် အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းတင်ခဲ့သည်။…    
#အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ရောဂါဖြင့် နေ့စဉ်သေဆုံးမှုမှာ ပျမ်းမျှ ၆၀၀ ဝန်းကျင် သို့ ကျဆင်းသွားရာ ၁၀-လ အတွင်း အနိမ့်ဆုံးဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံး၏ ထက်ဝက်ကျော်တွင် သေဆုံးသူ ဦးရေမှာလည်း ကိန်းဂဏန်း ၁-လုံးတည်းအထိ အသီးသီးကျဆင်းသွားပြီး အချို့ရက်များ၌ သေဆုံးမှု လုံးမ မရှိသည်ကိုလည်း တွေ့ရှိရသည် ဆို၏။…   
ဗုဒ္ဓဟူးနေ့ #ဘရာဇီးလ်နိုင်ငံသည် Covid-19 ဖြင့် ထပ်မံ သေဆုံးသူပေါင်း ၂,၅၄၅ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ သေဆုံးသူအရေအတွက်မှာ ၄-သိန်းကျော် (၄၂၈,၂၅၆ -ဦး) ဖြစ်လာခဲ့သည်။ တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခြင်းခံရသူ ၇-သောင်းကျော်( ၇၆,၆၃၈-ဦး) ကို တွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ရောဂါဖြစ်ပွား သူ ၁၅-သန်း (၁၅,၃၆၂,၆၆၆-ဦး) အထိ တိုးမြင့်လာခဲ့သည်။…  
Covid-19 ရောဂါကြောင့် #အသက်ဆုံးရှုံးရသူ ဦးရေတွင် ဘရာဇီးလ်သည် အမေရိကန်ပြီးလျှင် ဒုတိယမြောက် အများဆုံးဖြစ်၍ #ဗိုင်းရပ်စ်ပိုး_ကူးစက်ခံရမှုတွင် အမေရိကန်နှင့် အိန္ဒိယပြီးလျှင် တတိယအများဆုံး နိုင်ငံဖြစ်သည်။…  
ဘရာဇီးလ်၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှာ လှိုင်းသစ်တစ်ခုအဖြစ် ရင်ဆိုင်နေရပြီး ကူးစက်ခံရသူအရေအတွက် တိုးမြင့်လျှက်ရှိခြင်းကြောင့် ဆေးရုံများတွင် Covid-19 ရောဂါလူနာများနှင့် ပြည့်နှက်လျှက် သေဆုံးမှု မှာလည်း များပြားနေဆဲဖြစ်သည်။…   
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း Covid-19 ရောဂါ ကူးစက်-သေဆုံးမှုများ မြင့်တက်လာသော အိန္ဒိယသည် ယခုအထိ ရောဂါဖြစ်ပွားမှု ၂၃-သန်းကျော် (၂၃,၇၀၃,၆၆၅-ဦး) နှင့် သေဆုံးသူ ၂-သိန်းကျော် (၂၅၈,၃၅၁-ဦး) ဖြင့် ကူးစက်-သေဆုံး အများဆုံးကာလအား ကျော်ဖြတ်နေရသည်။

ကူးစက်ခံသူ အရေအတွက် နေ့စဉ် ၄-သိန်းအောက်အဖြစ် ၄-ရက်ဆက်တိုက် တွေ့ရှိရသော်လည်း လူပေါင်း ၄-ထောင်ကျော် ထပ်မံသေဆုံးသည့် ကြာသပတေးနေ့သည် ၂-ရက်ဆက်တိုက် လူအများဆုံး သေဆုံးသည့် ဒုတိယမြောက်ရက်ဖြစ်လာသည်။

( မြန်မာ၏ အိမ်နီးချင်း ) ဘင်္ဂလားဒေ့ရှ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု နှေးကွေးသွားသော်လည်း သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ သောင်းနှစ်ထောင်ကျော် ( ၁၂,၀၄၅-ဦး ) ဖြစ်နေသည်။ ဗုဒ္ဓဟူးနေ့တွင် Covid-19 ရောဂါဖြင့် ၂၄-နာရီအတွင်း အသက်ဆုံးရှုံးရသူ ၄၀-ဦးကျော် ရှိသော်လည်း သေဆုံးနှုန်းမှာ ကူးစက်ခံရသူအားလုံး၏ ၁.၅၅ ရာခိုင်နှုန်းသာ ရှိနေကြောင်း ၎င်းနိုင်ငံ ကျန်းမာရေးအထွေထွေဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

(((AP., May 13, 2021,” Global Covid-19 cases now over 160 million” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုလူသန်းပေါင်း၁၆၀ကျော်လာ

https://www.thedailystar.net/coronavirus-deadly-new-threat/news/global-covid-19-cases-now-over-160-million-2092713
https://gisanddata.maps.arcgis.com/apps/dashboards/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6
https://www.dhakatribune.com/world/south-asia/2021/05/13/west-bengal-continues-to-see-surge-in-covid-19-cases
https://www.dhakatribune.com/bangladesh/2021/05/13/covid-19-bangladesh-records-31-more-deaths-1-290-new-cases

Leave a Reply

Your email address will not be published.