Covid-19 ကူးစက်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၂-သန်း ၃-သိန်းကျော်ရောဂါပိုး ကူးစက်ခံရပြီး ၁-သိန်း ၆-သောင်းနီးပါး သေဆုံးနေရစဉ် တရုတ်အစိုးရအနေဖြင့် တာဝန်သိ၍ တာဝန်ယူတတ်မည်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအတွက် ထိပ်တိုက်တွေ့မှုပေါင်းများစွာနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုသည်။ သို့သော်လည်း အမေရိကန်အနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ကိုမူ အတိအကျပြောကြားခြင်း မရှိဟု South China Morning Post က ယနေ့ရေးသားသည်။
Covid-19 ရောဂါနှင့် ပတ်သက်သည့်အခါတိုင်း ဒေါ်နယ်ထရမ့်အနေဖြင့် အတိုက်အခံ ဒီမိုကရက်တစ် ပါတီ၊ သတင်းမီဒီယာများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အပြင် ၎င်းက မယုံကြည်နိုင် လောက်အောင် စွမ်းဆောင်ရည်ရှိသူများ အဖြစ် ရှုတ်ချလေ့ရှိသူများမှာ အမေရိကန်သမ္မတ၏ နေ့စဉ် သတင်း မီဒီယာတွေ့ဆုံပွဲတိုင်း၌ ပါနေကျအကြောင်းအရာများ ဖြစ်လာသည်ဆို၏။
စနေနေ့ သတင်းမီဒီယာတွေ့ဆုံပွဲတွင်လည်း ငွေကြေးမူဝါဒ၊ စီးပွားရေးအားနည်းနေမှု့၊ Covid-19 နှင့်ပတ်သက် ၍ မေးခွန်းထုတ်ဖွယ်အချက်အလက်များ၊ ဗိုင်းရပ်စ်ကာကွယ်တိုက်ဖျက်ရာတွင် အမေရိကန်သမ္မတ၏ ကိုင်တွယ် ပုံမှာ နှေးကွေးလွန်းသည်ဟု ပြောဆိုမှုများနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က သူ၏ အမျက်ဒေါသကို တရုတ် နိုင်ငံအပေါ် ပုံချလိုက်ကြောင်း SCMP က ဖော်ပြသည်။
ကူးစက်ကပ်အသွင်ဖြစ်ပွားလျှက်ရှိသော Covid-19 ရောဂါကြောင့် နိုင်ငံတကာ သေဆုံးသူစုစုပေါင်း၏ ၃-ပုံ ၂-ပုံမှာ ဥရောပတိုင်းပြည်မျာ၌ ဖြစ်ပွားလျှက်စဉ် အမေရိကန်မြို့ကြီးများ၌ ဗိုင်းရပ်စ်ပိုးပျံ့ပွားမှု ကာကွယ်ရေး Lockdown တားဆီးပိတ်ပင်ထားရခြင်းကို ကန့်ကွက်ဆန္ဒပြလျှက်ရှိကြောင်း Russia Today ( Apr.,19,2020 ) ၏ အခြားသတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။
ယမန်နေ့တိုင်အောင် ဥရောပနိုင်ငံများအား အသက်ဆုံးရှုံးရသူ ၁-သိန်းကျော်အထိ Covid-19 ဗိုင်းရပ်စ်က ထိုးနှက်လျှက်စဉ် အမေရိကန်မြို့ကြီးအတော်များများတို့၌ ရောဂါပိုးပျံ့နှံ့မှုတားဆီးရန် Lockdown ချထားရ ခြင်းအပေါ် ဒေါသတကြီး ကန့်ကွက်ကြပြီး သမ္မတ၏ ဆေးပညာဖက်ဆိုင်ရာအကြံပေးအား အလုပ်မှဖြုတ်ပစ်ရန် ဒေါ်နယ်ထရမ့်အား တောင်းဆိုကြသည်ဆို၏။
တက္ကဆက်ပြည်နယ်တွင် Lockdown ချထားသည့် မြို့တော် အော်စတင်၌ လူချင်းနီးကပ်မှု လျှော့ချသည့်ပြဋ္ဌာန်း ချက် Social Distancing ကို ဖီဆန်သည့်အနေဖြင့် ကန့်ကွက်သူတို့က လူရာပေါင်းများစွာစုဝေးခဲ့ကြသည်။ လျှို့ဝှက်ကြံစည်မှုသီအိုရီများအကြောင်း ရေဒီယိုအသံလွှင့်လျှက်ရှိသော InfoWars တည်ထောင်သူ အဲလက်စ် ဂျုံးစ်နှင့် စီစဉ်တင်ဆက်သူ အိုဝင်ဆွာယာတို့က အဆိုပါ လူစုလူဝေးကို ဦးဆောင်ကြောင်း တွေ့မြင်ရသည်။ အမေရိကန်အစိုးရ၏ Covid-19 ကာကွယ်တိုက်ဖျက်ရေးအလုပ်အဖွဲ့ဝင် ကူးစက်ဗေဒပညာရှင် ဒေါက်တာ အန်သိုနီဖောက်ချီအား “ ဖက်ဆစ်ကောင် ဖောက်ချီ “ ဟု သုံးနှုန်းလျှက် အလုပ်မှ ဖြုတ်ပစ်ရန်တောင်းဆိုကြပြီး “ အမေရိကန်ကို ပိတ်ထားချင်လို့ မရဘူး “ ဟု ကြွေးကြော်ကြကြောင်း သိရှိရသည်။
(( အမေရိကန်၌ ကူးစက်ရောဂါကာကွယ်တားဆီးရေးကဲ့သို့ လူအများနှင့် ပတ်သက်သည့်ကိစ္စတွင် Decision Maker ဖြစ်သည့် ဒေါ်နယ်ထရမ့်နှင်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့အား ကျော်လွန်၍ ဆေးဘက်ဆိုင်ရာပညာရှင်ကို ဆဲနေကြပါသည်။ ကူးစက် ဗေဒကျွမ်းကျင်ပညာရှင်ဖြစ်သူ ဒေါက်တာဖာ်ချီကလည်း သူ့နေရာသူမနေပဲ ဟိုစာထုတ် ဒီစာထုတ် ထုတ်ခဲ့ပုံရသည်။
“ လောကတွင် အမြီးမညပ်အောင် နေထိုင်နည်း “ ဆိုသည်မှာ လွယ်သည်တော့မဟုတ်ချေ။ ယေပြွတ်လို နေတတ်ဖို့ အင်မတန်အရေးကြီးသည်။ တစောင်းနေလျှင်လည်း အလိုက်သင့်၊ မှောက်လျှင်သော်မှ သူ့ကို မဖိမိ၊ ကြောင်အိုကြီး ကြမ်းညပ်သည်ဆိုခြင်းမှာ ဒဏ္ဍာရီမျှသာ ဖြစ်လေသည်။ ။ သတင်းဘာသာပြန်သူ ))
((( South China Morning Post. 19 Apr, 2020 , “Trump says China could face ‘consequences’ for coronavirus pandemic.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)))
https://www.rt.com/usa/486227-alex-jones-coronavirus-austin-protest/
#ကိုရိုနာဗိုင်းရပ်စ်နောက်ဆက်တွဲတရုတ်ရင်ဆိုင်ရမည် #အမေရိကန်မြို့ကြီးများ၌Lockdownချထားကိုကန့်ကွက်နေ