ကမ္ဘာ့အကြီးဆုံးဟု မီဒီယာများတင်စားရေးသားလေ့ရှိသည့် ဘင်္ဂလားဒက်ရှ်နိုင်ငံကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းတွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာ ၉-ရက်နေ့မှစတင်ကာ 3G, 4G အင်တာနက်အသုံးပြုမှု များရပ်ဆိုင်းထားခဲ့သည်။
အဆိုပါစခန်းတွင် ခိုလှုံလျှက်ရှိသူများမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက “ ဒုက္ခသည် “ အစစ်အမှန် ဖြစ်ကြောင်း အသိအမှတ်ပြု ကတ်ပြားကိုင်ဆောင်သူ ဒုက္ခသည် ဘင်္ဂါလီများဖြစ်ကြပါသည်။
နိုင်ငံတကာ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျရောက်နေခိုက် ဘင်္ဂလားဒက်ရှ်တွင်လည်း နေ့စဉ် လူ ၄၀-၅၀ ခန့်သေဆုံး၍ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၀၀၀ ကျော် ပုံမှန်လိုလို တွေ့ရှိနေရဆဲဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ဒုက္ခသည်စခန်းအတွင်း၌လည်း ကူးစက်-သေဆုံးမှုများဖြစ်ပွားလျှက်ရှိသည်။ ထိုအခိုက် အတန့်တွင် ၉-လကျော်တားဆီးထားခဲ့သော အင်တာနက်အသုံးပြုမှုပြန်လည့်လှစ်ပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာတောင်းဆိုချက်တို့ကို ရှိတ်ဟာစီနာအစိုးရက လက်မခံပါ။
လက်ကိုင်ဖုန်းဆက်သွယ်ခြင်းနှင့် SMS အသုံးပြုနိုင်၍ 3G, 4G အဆင့် အင်တာနက်အသုံးပြုရန်ဆိုသည်မှာ မလိုအပ်ကြောင်း ဘင်္ဂလားဒက်ရှ်ဆက်သွယ်ရေးဝန်ကြီးက ဆိုပါသည်။ လက်တွေ့တွင် အသံချဲ့စက်ကိုင် စက်ဘီးစီးသူများ ခန့်ထား၍ ကူးစက်ရောဂါပညာပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။
ထိုမျှမက လှေစီးပြေးများအရေးတွင် စိုးရိမ်ပူပန်သည်ဆိုသော အင်္ဂလန်ဗြိတိသျှဓနသဟာယဝန်ကြီးကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒက်ရှ်၏ နိုင်ငံခြားရေးဝန်ကြီး မိုမန်က “ ဒုက္ခသည်ဘင်္ဂါလီများအတွက် စိတ်ပူလျှင်လည်း ဗြိတိသျှတော်ဝင်ရေတပ်မတော်အား စေလွှတ်၍ လာရောက် ခေါ်ယူနိုင်ကြောင်း “ တိုက်တွန်းလိုက်ပါသည်။
ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်အသုံးပြုမှုရပ်ဆိုင်းထားခဲ့ပြီး အချို့ကို ပြန်ဖွင့်၊ အချို့လည်း ဖွင့်ပြီး ပြန်ပိတ်ကြောင်း တွေ့ရှိရသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ဆန္ဒပြင်းပြလျှက်ရှိသော နိုင်ငံတော်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ် ၂-ခု၏ မြို့နယ်အချို့၌ အင်တာနက်အသုံးပြုမှု ရပ်ဆိုင်းထားရသည်မှာ ဝမ်းနည်းဖွယ် အမှန်ဖြစ်သည်။
သို့သော် ယခုအချိန်ထိ ကျွန်တော် မျှော်လင့်ကြီးစွာ စောင့်မျှော်လျှက်ရှိသော အကြောင်းအရာများကို ဘယ်သံရုံး၊ ဘယ်မီဒီယာ၊ ဘယ်လွှတ်တော်အမတ်၊ ဘယ်နိုင်ငံရေးဝေဖန်သုံးသပ်သူတို့ကမျှ စကားထဲ ထည့်မပြောကြပါ။
ပြည်တွင်းစစ်ကာလ နှစ် ၇၀ မျှ ရှိပြီဖြစ်သော တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်သည့် မြန်မာတွင် နိုင်ငံတော်အား ဆန့်ကျင်လျှက်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀၀ ကျော်ရှိသည်။
♦ တိုင်းရင်းသားတို့၏ လက်နက်ကိုင်တော်လှန်ရေးသမိုင်းစဉ်ဆက်တွင် AA ကဲ့သို့ ၎င်းတို့လူမျိုးနွယ်များ နေထိုင်ရာ မြို့-ရွာအနီး တိုက်ပွဲဖော်ဆောင်ခြင်းမျိုး အလွန်နည်းသည်။ မရှိခဲ့ဟုပင် ပြောနိုင်သည်။
♦ AA ၏ စစ်ယူနီဖောင်းမဝတ်ပဲ အားကစားဝတ်စုံနှင့် တမင်ရည်ရွယ်ချက်ရှိရှိ စစ်တိုက်နေခြင်းမှာ ဒေသတွင်း နေထိုင်သူ အရပ်သားများအပေါ် အလွန်ရှုတ်ထွေးသော အကျိုးဆက်များ ကျရောက်နိုင်သည်။
♦ ထိုသို့ မြို့-ရွာများအနီး မိုင်းထောင်-ဗုံးခွဲခြင်းနှင့် တံဆိပ်အမှတ်အသား-စစ်ဝတ်စုံ မပါပဲ စစ်တိုက်ခြင်းသည် အကြမ်းဖက်ခြင်းဖြစ်သည်။ ဥပမာ တူရကီမှ ကွန်ဖက်ဒရေးရှင်းအဆင့် ခွဲထွက်ရေး PKK ကာ့ဒ်တို့အား တူရကီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာရာတွင် အမေရိကန်၊ ဗြိတိန်နှင့် ဂျာမနီ ပြင်သစ်စသည့် အီးယူနိုင်ငံများသာမက ဂျပန်နိုင်ငံပင် ပါနေချေသည်။ ( တင်းမာမှုအမြင့်ဆုံးရောက်ရှိနေသော တရုတ်နှင့် အိန္ဒိယအကြား၊ အိန္ဒိယသမုဒ္ဒရာ၏ ပထဝီနိုင်ငံရေး မဟာဗျူမြောက်ဒေသမှ မြန်မာအတွက်တော့ သူတို့မပါချေ။ )
♦ ထိုအတွက် မသင်္ကာဟု ဖမ်းဆီးမှု ထူပြောလာခြင်း၊ စစ်ဘေးရှောင်ဦးရေတိုးပွားခြင်းသာမက စစ်ဘေးရှောင်တို့အတွက် အရေးတကြီးလိုအပ်နေသော စားနပ်ရိက္ခာပေးဝေရာတွင် အခက်အခဲဖြစ်စေသည်။ မြို့ရွာများအနီး အရပ်သားအယောင်ဆောင်ပုံဖျက်လျှက် တိုက်ပွဲဖော်ဆောင်နေခြင်းကို ကန့်ကွက်ထိုက်သည်။
ဆန္ဒပြ- ကန့်ကွက်သူများ၊ မီဒီယာများ၊ နိုင်ငံရေးဝေဖန်သူများသည် အထက်ပါ အချက်အလက်များကို ထည့်သွင်းခဲ့ပါလျှင် အင်တာနက်ပိတ်ဆို့ ထားရခြင်းမှာလည်း အမြန်ပြန်လည် ဖွင့်လှစ်နိုင်ကောင်းပါသည်။
အစဉ်လေးစားစွာဖြင့်
#HtatOung, #OungMarine
https://www.hrw.org/news/2019/09/13/bangladesh-internet-blackout-rohingya-refugees
https://thediplomat.com/2020/03/a-rohingya-coronavirus-catastrophe-looms-if-their-internet-blackout-continues/
https://www.voanews.com/science-health/coronavirus-outbreak/bangladesh-urged-lift-telecom-ban-rohingya-camps-ease-covid-19
https://reliefweb.int/report/bangladesh/covid-19-rohingya-refugee-camps-nightmare-scenario
https://www.dw.com/en/bangladesh-coronavirus-reaches-largest-refugee-camp-in-the-world/a-53456506
https://bdnews24.com/bangladesh/2020/04/29/britain-can-shelter-rohingya-if-it-is-so-concerned-bangladesh-foreign-minister-suggests
https://www.dhakatribune.com/bangladesh/rohingya-crisis/2020/04/29/rohingyas-at-sea-other-countries-should-share-burden
http://en.ukhiyanews.com/bangladesh-alone-cant-take-rohingya-responsibilities-dhaka-tells-uk/