ဒီဇင်ဘာလ ၈-ရက်နေ့တွင် Forbes က ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး အယောက် ၁၀၀ တို့၏ အမည်စာ ရင်းကို ဖော်ပြခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ( ၇၃-နှစ် ) မှာ အမှတ်စဉ် ၃၉ တွင် တည်ရှိ နေသည်ဟု ဒါကာအခြေစိုက် The Daily Star က ယနေ့ဖော်ပြသည်။
ကမ္ဘာအရပ်ရပ်မှ နည်းပညာ၊ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အောင်မြင်စွာဦး ဆောင်လျှက်ရှိသူ အမျိုးသမီး ၁၀၀ တို့တွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒို နီးရှား၊ ဘင်္ဂလား ဒေ့ရှ်နှင့် အိန္ဒိယစသည့် နိုင်ငံတို့မှ အာရှတိုက်သူ ၁၉-ဦး ပါဝင်သည်ကိုတွေ့ရှိရသည်။
နိုင်ငံ့ခေါင်းဆောင်အမျိုးသမီးများတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် ( ၆၄-နှစ် ) က အမှတ်စဉ် ၃၇ ဖြင့် အာရှတိုက်၏ သြဇာအကြီးမားဆုံး အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးအဖြစ် တည်ရှိနေသည်။
ယခုနှစ်တွင်လည်း ဂျာမနီမှ ဝန်ကြီးချုပ် အင်ဂျီလာမာကယ် ( ၆၆-နှစ် ) မှာ ပထမနေရာ၌ ဆက်လက် တည်ရှိ နေပြီး ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ ပြင်သစ်နိုင်ငံသာ ခရစ်စတင်းလာဂရိတ် ( ၆၄-နှစ် ) မှာ ဒုတိယလိုက်သည်။ ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ်ရွေးချယ်ခြင်းခံရသူ ကမ်မီလာဟဲရစ် ( ၅၆-နှစ် ) သည် တတိယနေရာ၌ ဖော်ပြခြင်းခံရသည်။
အခြားအာရှတိုက်သူနိုင်ငံရေးခေါင်းဆောင်များတွင် အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီမာလာစီတရာမန် ( ၆၁-နှစ် ) သည် အမှတ်စဉ် ၄၁၊ တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကိုကွိုင်ကီ ( ၆၈-နှစ် ) သည် အမှတ်စဉ် ၆၃ ၊ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ဆရီမူလရာနီအင်ဒြာဝတီ ( ၅၈-နှစ် ) သည် အမှတ်စဉ် ၇၈ တို့၌ အသီးသီးတည်ရှိကြောင်း Forbes က ရွေးချယ်ဖော်ပြသည်။
ကမ္ဘာ့သြဇာအကြီးဆုံး အာရှတိုက်သူ အမျိုးသမီး ၁၉-ဦး
================
၁- အမှတ်စဉ် #၂၁ Jessica Tan ( ၄၂-နှစ် ) တရုတ် ဘဏ္ဍာရေး
၂- အမှတ်စဉ်#၂၅ Nicke Widyawati ( ၅၂-နှစ် ) အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်း
၃- အမှတ်စဉ် #၃၀ Ho Ching ( ၆၇-နှစ် ) စင်္ကာပူ ဘဏ္ဍာရေး
၄- အမှတ်စဉ်#၃၄ Joey Wat 49 ( ၄၉-နှစ် ) တရုတ် စီးပွားရေးလုပ်ငန်း
၅- အမှတ်စဉ်#၃၇ #ဆိုင်အင်းဝမ် ( ၆၄-နှစ် ) ထိုင်ဝမ် နိုင်ငံရေး၊ စီမံအုပ်ချုပ်
၆- အမှတ်စဉ်#၃၉ #ရှိတ်ဟာစီနာ ( ၇၃-နှစ် ) ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံရေး၊ စီမံအုပ်ချုပ်Bangladesh
၇- အမှတ်စဉ်#၄၁ #နီမာလာစီတရာမန် ( ၆၁-နှစ် ) အိန္ဒိယ၊ နိုင်ငံရေး၊ စီမံအုပ်ချုပ်
၈- အမှတ်စဉ်#၄၇ Mingzhu Dong ( ၆၆-နှစ် ) တရုတ် စီးပွားရေးလုပ်ငန်း
၉- အမှတ်စဉ်#၅၅ Roshni Nadar Malhotra ( ၃၉-နှစ် ) အိန္ဒိယ နည်းပညာ
၁၀- အမှတ်စဉ်#၆၀ Maggie Wei Wu ( ၅၂-နှစ် ) တရုတ် စီးပွားရေးလုပ်ငန
၁၁- အမှတ်စဉ်#၆၂ Kelly Zhang – ( – ) တရုတ် စီးပွားရေးလုပ်ငန်း
၁၂- အမှတ်စဉ်#၆၃ #ယူရီကိုကွိုင်ကီ ( ၆၈-နှစ် ) ဂျပန် နိုင်ငံရေး၊ စီမံအုပ်ချုပ်
၁၃- အမှတ်စဉ်#၆၄ Wang Feng Ying –( – ) တရုတ် စီးပွားရေးလုပ်ငန်း
၁၄- အမှတ်စဉ်#၆၈ Kiran Mazumdar-Shaw ( ၆၇-နှစ် ) အိန္ဒိယ စီးပွားရေးလုပ်ငန်း
၁၅- အမှတ်စဉ်#၇၀ Zhou Qunfei ( ၅၀-နှစ် ) ဟောင်ကောင် နည်းပညာ
၁၆- အမှတ်စဉ်#၇၈ #ဆရီမူလရာနီအင်ဒြာဝတီ ( ၅၈-နှစ် ) အင်ဒိုနီးရှား၊ နိုင်ငံရေး၊ စီမံအုပ်ချုပ်
၁၇-အမှတ်စဉ် #၈၀ Solina Chau ( ၅၈-နှစ် ) ဟောင်ကောင် ပရဟိတ
၁၈- အမှတ်စဉ်#၈၁ Lam Wai Ying –( — ) ဟောင်ကောင် နည်းပညာ
၁၉- အမှတ်စဉ်#၉၀ Lee Boo-jin ( ၅၀-နှစ် ) တောင်ကိုရီးယား စီးပွားရေးလုပ်ငန်း
#ကမ္ဘာ့သြဇာအကြီးဆုံးအမျိုးသမီး၁၀၀
https://www.forbes.com/power-women/list/2/#tab:overall