ကာဆင်စူလမန်နီကို အမေရိကန်တို့ လုပ်ကြံခြင်း By: Htay Oung

စတစ်ကာမှန် အမည်းရောင် တပ်ဆင်ထားသည့် မော်တော်ကားတစ်စီးသည် ဆီးရီးယားနိုင်ငံ ဒမတ်စကတ် လေယာဉ်ကွင်းရှိ Cham Wings လေကြောင်းလိုင်း အဲဘတ်စ် A320 ခရီးသည်လေယာဉ်၏ တက်ဆင်း လှေကားအနီး ထိုးဆိုက်လာသည်။

မော်တော်ကားအတွင်းမှ ခရီးသည်တင်လေယာဉ်သို့ တက်ရောက်လာသူများသည် ဆီးရီးယားမှ အီရတ်နိုင်ငံ ဘဂ္ဂဒက်သို့ ထွက်ခွာမည့် တရားဝင်ခရီးသည်စာရင်းတွင်ပါဝင်သူများမဟုတ်ကြောင်း Cham Wings လေ ကြောင်းလိုင်း အမှု့ထမ်းက နောင်အခါ Reuters သို့ ပြန်လည်ပြောပြသည်။

၎င်းတို့မှာ အီရန်အစ္စလာမ်မစ်တော်လှန်ရေးတပ်မတော်မှ ဗိုလ်ချုပ်ကာဆင်စူလမန်နီနှင့် ၎င်း၏ အနီးကပ်လုံခြုံ ရေး တပ်ဖွဲ့ဝင် ၄-ဦးတို့ဖြစ်ကြပါသည်။ လုံခြုံရေးစိုးရိမ်ရမှု့ တိုးမြင့်လာချိန်မှစ၍ ကာဆင်စူလမန်နီသည် ခရီးသွား ရာတွင် သူ၏ ကိုယ်ပိုင်လေယာဉ်အား အသုံးပြုခြင်းမရှိတော့ဟုဆိုပါသည်။

ဤသည်မှာ Qassem Soleimani ကာဆင်စူလမန်နီ၏ အသက်ရှင်လျှက် နောက်ဆုံးအကြိမ်လေယာဉ်စီးခြင်း ဖြစ်ပါမည်။

ဇန်နဝါရီလ ၃-ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁-နာရီခန့် ..

အမေရိကန်၏ Unmanned Aerial Vehicle (UAV) MQ-9 Reaper မောင်းသူမဲ့လေယာဉ် “ အမ်ကျူ-နိုင်း ရီပါး “ သည် အီရတ်နိုင်ငံ အထက်ဝေဟင်တွင် ပျံဝဲလျှက် အသင့်ရှိနေသည်။

ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Cham Wings လေကြောင်းလိုင်းဖြင့် ဆိုက်ရောက်လာသော ကာဆင် စူလမန်နီနှင့်အဖွဲ့အား Iraq’s Popular Mobilization Forces (PMF) အီရတ်လူထုစည်းရုံးရေးတပ် ပြည်သူ့စစ် ဒုတိယအကြီးအကဲ Abu Mahdi Muhandis အဘူမက်ဒီမူဟန်းဒစ်စ်နှင့်အဖွဲ့က သံချပ်ကာယာဉ် ၂-စီးဖြင့် ကြို ဆိုသည်။

အမှန်စင်စစ် ပုံမှန်ဆိုက်ရောက်ချိန်ထက် ၂-နာရီ နောက်ကျသည်ဆိုသော အဲဘတ်စ် A320 ခရီးသည်လေယာဉ် မှ ကာဆင်စူလမန်နီဆင်းသက်လာပြီး ၁၀-မိနစ်မပြည့်မီ အမေရိကန်ဒရုန်းလေယာဉ်က ပစ်မှတ်အား မှတ်ပုံ တင်လျှက် ပစ်ခတ်ရန်အသင့် “ သော့ဖွင့် “ ထားပြီးဖြစ်နေသည်ဟု ဆိုကြပါသည်။

အမေရိကန်မောင်းသူမဲ့လေယာဉ်မှ ပစ်လွှတ်လိုက်သော ပဲ့ထိန်းမစ်ဆိုင်းလ် ၂-စင်းသည် ဘဂ္ဂဒက်လေဆိပ် လေကြောင်းကုန်လှောင်ရုံအနီးတွင် ကာဆင်စူလမန်နီတို့၏ သံချပ်ကာယာဉ်တန်းအား တည့်မတ်စွာထိမှန် ပေါက်ကွဲသည်။ ဘဂ္ဂဒက် လေဆိပ် တစ်ခုလုံး အချက်ပြသတိပေးသံများ ဆူညံစွာထွက်ပေါ်လာသည်။ ဒေသစံတော်ချိန် နံနက် ၂ – နာရီခန့်တွင် အီရတ်အမျိုးသားလုံခြုံရေးအေးဂျင့်များက လေယာဉ်တက်/ဆင်း အပါအဝင် လေဆိပ်ဝင်/ထွက် အားလုံးကို ထိန်းချုပ်လိုက်သည်။ ရဲတပ်ဖွဲ့၊ ပတ်စ်ပို့အရာရှိများ၊ ထောက်လှမ်းရေး နှင့် လုံခြုံရေးတာဝန်ကျသူများအားလုံး မည်သည့်အကြောင်းပြချက်နှင့်မျှ မိမိတို့နေရာမှ ထွက်ခွာမသွားရန် အမိန့်ထုတ်သည်။

သံချပ်ကာယာဉ်များတွင် လိုက်ပါသွားသည့် ကာဆင်စူလမန်နီ၊ အဘူမက်ဒီမူဟန်းဒစ်စ်အပါအဝင် လူ ၁၀-ဦးလုံး သေဆုံးသည်။ ကာဆင်စူလမန်နီဘဂ္ဂဒက်လေဆိပ်၌ ရောက်ရှိလာသည့် သတင်းအတိအကျကို အမေရိကန်တို့ မည်သည့်နည်းနှင့် အနံ့ရသွားပါသနည်း။

အတော်များများက ကာဆင်စူလမန်နီလုပ်ကြခံရမှု့တွင် အစ္စရေးတို့၏ နာမည်ကျော် “ မော့ဆက်ထောက်လှမ်း ရေးအဖွဲ့ကြီး “ ပါဝင်နေမည်ဟု မှန်းဆကြသည်။ သို့သော် တန်ဖိုးကြီး ပစ်မှတ်များအား လုပ်ကြံသတ်ဖြတ်ရာ တွင် မော့ဆက်တို့က မောင်းသူမဲ့လေယာဉ်များ အသုံးပြုလေ့မရှိပါ။

ဆီးရီးယား ဒမတ်စကတ်၊ အီရတ် ဘဂ္ဂဒက်လေဆိပ်တို့တွင် အမေရိကန်သတင်းပေးများ ရှိနေပြီလား။ Reuters သည် အခင်းဖြစ်ရပ် စုံစမ်းစစ်ဆေးမှု့နှင့် နီးစပ်သူ အီရတ်လုံခြုံရေးအရာရှိ ၂-ဦး၊ ရဲအရာရှိ ၂-ဦး၊ Cham Wings ဆီးရီးယားလေကြောင်းလိုင်း ဝန်ထမ်း ၂-ဦးနှင့် ဆီးရီးယား ဒမတ်စကတ် စီးပွားရေးလေကြောင်းလိုင်း ဋ္ဌာနချုပ်မှ အရပ်ဖက်အရာရှိများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အီရနထွိပတွနွးတပမွှူးတဈဦးအား အမရေိကနွ စီအိုငအွကေ လုပကွှံသညဆွိုခှငွးတှငွ လှှို့ဝှကသွညွးဖို ဇာတလွမွးတဈခုပမာ စိတဝွငစွားဖှယကွောငွးလှသညွ။

တတိယကမ္ဘာစစ် ချောက်ကမ်းပါးသို့ တွန်းပို့ရာရောက်စေခဲ့

ဘဂ္ဂဒက်လေဆိပ်တွင် လေကြောင်းတိုက်ခိုက်မှု့ခံရကြောင်း အစောဆုံး သတင်းထုတ်ပြန်သူမှာ  အီရန်လူထု စည်းရုံးရေးတပ် PMF ဖြစ်သည်။ ကနဦသတင်းတွင် မီးလောင်ပျက်စီးနေသော ယာဉ်ယန္တယား၏ ဓါတ်ပုံနှင့် ထိခိုက်ဒါဏ်ရသူများရှိကြောင်းမျှသာ ပါရှိသည်။ သို့သော် နောက်ပိုင်း အီရတ်နှင့် အီရန်အစိုးရတို့၏ သတင်း ထုတ်ပြန်သည့်အခါ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မှ Al Quds Force “အယ်လ်ကွဒ်  “ အထူး တပ်မှူး ဗိုလ်ချုပ် ကာဆင်စူလမန်နီ၊ အီရတ် လူထုစည်းရုံးရေးပြည်သူ့စစ်တပ်ဦး ဒုတိယအကြီးအကဲ အဘူမက်ဒီ မူဟန်းဒစ်စ် အပါအဝင် သံချပ်ကာယာဉ် ၂-စီးပေါ်တွင် လိုက်ပါလာသူ ၁၀-ဦးစလုံး သေဆုံးကြောင်း ပါရှိသည်။

နာရီအနည်းငယ်ကြာပြီးနောက် အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၃-ရက်နေ့ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီး အီရန် အထူးတိုက်ခိုက်ရေးတပ်မှူးဖြစ်သူ ကာဆင် စူလမန်နီ သေဆုံးရမှု့တွင် သမ္မတဒေါ်နယ်ထရမ့်က စစ်ရေးဖြင့် ဆောင်ရွက်ရန် အခွင့်အာဏာ ပေးအပ်ခဲ့ကြောင်း၊ ပြည်ပရောက် အမေရိကန်နိုင်ငံသားများအား အကာအကွယ်ပေးရေးအတွက် သမ္မတ၏ အမိန့်အရ အမေရိ ကန်စစ်ဖက်က ဆောင်ရွက်ခဲ့ကြောင်း၊ မကြာသေးမီက အီရတ်ရှိ အမေရိကန်နှင့်ညွန့်ပေါင်း တပ်ဖွဲ့ဝင်များ၏ စစ်ဖက်ဆိုင်ရာအခြေစိုက်စခန်းနှင့် အဆောက်အအုံတို့ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု့တွင် ကြိုးကိုင် ဦးစီးသူဖြစ်သည့် ကာဆင်၏ လုပ်ရပ်အား လက်တုန့်ပြန်ခြင်းနှင့် အလားတူထပ်မံ မကျူးလွန်နိုင်စေရန် အတွက် ခုခံကာကွယ်ရခြင်းဖြစ်ကြောင်း အသေးစိတ်ဖော်ပြထားသည်။

ပင်တာဂွန်စစ်ဋ္ဌာနချုပ်က သတင်းထုတ်ပြန်ချက် မှာ ပင်လယ်ကွေ့ဒေသ၏ စစ်ရေးတင်းမာမှု့မှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားကြောင်း ဖော်ပြနေသည်။ အီရန်အထူးတပ်မှူး တိုက်ခိုက်ခံရပြီး သေဆုံးကြောင်း သတင်းနှင့်အတူ အီရတ်ရောက် အမေရိကန်နိုင်ငံသား အား လုံး အီရတ်နိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက တိုက်တွန်းသည်ကို တွှေ့ရှိ ရသည်။

အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင် ၁၄,၀၀၀ ခန့် ဦးတည်ရွှေ့ပြောင်းသည်။ ကမ္ဘာ့ရေနံစိမ်း ပေါက် ဈေးမှာလည်း ၄.၃ ရာခိုင်နှုန်း မြင့်တက်သွားသည်။

အီရန်ခေါင်းဆောင် Ayatollah Khamenei  အယာတိုလာခါမေနီက သေဆုံးသွားသော ကာဆင်စူလမန်နီ၏ နေရာတွင် အယ်လ်ကွဒ် အထူးတပ် ဒုတိယခေါင်းဆောင်အား တာဝန်ပေးအပ်လိုက်ပြီး အမေရိကန်၏ ရမ်းကား မှု့အတွက် ပြင်းထန် ထိရောက်စွာ လက်စားချေမည်ဖြစ်ကြောင်း ကတိပြုသည်။ အီရန်မြို့တော် တဟီရန်၏ လမ်းမကြီးများပေါ်တွင် သိန်းချီသောလူစုလူဝေးတို့က အယ်လ်ကွဒ်  အထူးတပ်ဖွဲ့ခေါင်းဆောင်သေဆုံးရခြင်း အတွက် ဝမ်းနည်းပူဆွေး ကြောင်း ရှီအာမွတ်စလင်အစဉ်အလာ ရင်ထု ပြသကြသည်။ ကာဆင်စူလမန်နီ ကိုလည်း သူရဲကောင်းအဖြစ် ချီးကြူး ဂုဏ်ပြုကြောင်း ဟောပြောကြသည်။

နိုင်ငံတစ်နိုင်ငံ၏ မြေပေါ်တွင် အမေရိကန်လုပ်ပုံမှာ အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ခြင်းကို အလေးအ နက်မထားရာ ရောက်ကြောင်း ပြသလျှက်ရှိသည်။ အိမ်နီးချင်း အီရန်နိုင်ငံမှ တပ်မှူးဖြစ်သူတစ်ဦးအား အီရတ် မြေပေါ်တွင် သတ်ဖြတ်ခြင်းမှာ အီရတ်တွင် အမေရိကန်တပ်များ တပ်စွဲထားခြင်းကို ထိခိုက်စေလိမ့်မည် ဖြစ် ကြောင်း အီရတ်ဝန်ကြီးချုပ် အဗ္ဗဒဲလ်အဗ္ဗဒူလာမာဒီက သတိပေးလိုက်ပြီး အမေရိကန်၏လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချသည်။

နိုင်ငံတကာမီဒီယာအချို့အဆိုအရ သေဆုံးသူ အီရန်တပ်မှူးသည် လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်၊ ယီမင်တို့ ၌ အမေရိကန်နှင့် မဟာမိတ်တို့ အကျိုးစီးပွားအတွက် အန္တရာယ်အပေးနိုင်ဆုံးသူအဖြစ် စီအိုင်အေ၏ စောင့်ကြည့်  ခံစာရင်းတွင် ထိပ်တန်းမှ ပါဝင်နေသူ ဖြစ်သည်။ အီရန်က လက်တုန့်ပြန်တိုက်ခိုက်ခဲ့လျှင် ဒေသတွင်း အနီးဆုံး ရန်သူမှာ အစ္စရေးဖြစ်သည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုသည် ဂရိနိုင်ငံနိုင်ငံခရီးစဉ်အား လမ်းခုလတ် တွင် ဖျက်သိမ်း၍ အစ္စရေးသို့ ပြန်သွားသည်။

အီရတ်မြေပေါ်တွင် အီရန်တပ်မှူးသေဆုံးရခြင်းမှာ အရှေ့အလယ်ပိုင်းတင်းမာမှု့ မီးတောက်အား အရှိန်မြင့် တက်လာစေမည့် အမေရိကန်၏ စွန့်စားခန်းဖြစ်ကြောင်း ရုရှားက ဝေဖန်သည်။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများအားလုံး စိတ်ကိုချုပ်တည်း၍ ဆွေးနွေးခြင်းဖြင့် အဖြေရှာကြပါရန် ဗြိတိန်က တိုက်တွန်းလိုက်သည်။ အီရတ်ညွန့်ပေါင်းတပ်ဖွဲ့တွင် အမေရိကန်နှင့်အတူ ပူးတွဲထားသော ၎င်းတို့ တပ်ဖွဲ့ဝင်အချို့ကို ကနေဒါနှင့် ဂျာမနီတို့က ယာယီပြန်လည်ခေါ်ယူသည်။

ဒေါ်နယ်ထရမ့်အနေဖြင့် အခြားဝှက်ဖဲမည်သို့ရှိသည်ကို မသိရသေးပါ။ အမှန်တကယ်အားဖြင့် အမေရိကန်အား ဘေးကြပ်နံကြပ်ဖြစ်စေရာ၌ အီရန်သည် မြောက်ကိုရီးယားနှင့် အဆင့်တူသာဖြစ်ပြီး ရုရှား-တရုတ်ကဲ့သို့ အရေး ကြီး ပြိုင်ဘက်တော့မဟုတ်ချေ။ အီရန်တပ်မှူး လုပ်ကြံခံရခြင်းမှာ လွန်ခဲ့သည့်နှစ် Saudi Aramco ဆော်ဒီ အရမ်ကို ရေနံစက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အမေရိကန်-ဆော်ဒီအုပ်စုနှင့် အီရန်အုပ်စု စစ်ရေးတင်းမာ မှု့ဒီဂရီတူသည်ဟု ဆိုနိုင်သည်။ အရမ်ကို ရေနံစက်ရုံများကို ဒရုန်း၊ ရော့ကက်များဖြင့် ပစ်ခတ်ခံရစဉ် ယီမင် ဟူသီသူပုန်တို့က ၎င်းတို့လက်ချက် ဖြစ်ကြောင်း ဝန်ခံသော်လည်း အမေရိကန်နှင့် ဆော်ဒီက အီရန်လက်ချက် ဖြစ်ကြောင်း စွပ်စွဲသည်။ သို့သော်လည်း ထိုစဉ်က အမေရိကန်ရော ဆော်ဒီပါ အခိုင်အမာသက်သေမပြနိုင်ခြင်း ဖြစ်၍ ယခုဖြစ်ရပ်နှင့် အလွန်ကွာခြားသည်။

ဖြစ်လာသည့်အခင်းအကျင်းမှာ အီရန်အနေဖြင့် အင်အားချင်းမမျှသည့်တိုင် နိုင်ငံဂုဏ်သိက္ခာအတွက် စစ်ပွဲကို ရွေးချယ်ရန် တွန်းပို့လိုက်သလိုရှိသည်။ ဒေသတွင်း၌ ဆွန်နီဆော်ဒီအာရေးဗီးယားအုပ်စုသည် ရှီယာ အီရန်အား မျက်မုန်းကျိုးရာတွင် ခေါင်တကာ့ ထိပ်ဆုံးဖြစ်သည်။ သို့သော် အမေရိကန်နှင့် အီရန် စစ်ဖြစ်လျှင် ကျယ်ပြန့် လာဖွယ်ရှိသော စစ်ပွဲ၌ သူတို့လည်း ရောပါကုန်နိုင်သည်။ ဆဒမ်ဟူစိန်ခေတ်လွန် ထူထောင်စ အီရတ်မှာ ဘေးကြပ်နံကြပ်ဖြစ်ရသည်။ လက်ဦးမှု့ ရယူမည့်သူမှာ အစ္စရေးဖြစ်သည်။

လူတဈယောကွ အသတခွံရသဖှငွ့ နိုငငွံအခငွှးခငွှးသာမက ကမဘြာစဈမီးတောကလွောငမွညွ့အရေးထိ ကယှပွှနွ့သှားရသညဆွိုခှငွးမှာ ဆနွးကယှလွှပါသညွ။ အသတခွံရသညဆွိုသူမှာ မညကွဲ့သို့သော လူစားမှိုးဖှဈပါသနညွး

ကာဆင္ဆူလမန္နီဘယ္သူလဲ

အီရန်နိုင်ငံတွင် “ ဟာဂျီကာဆင် “ ၊ အနောက်နိုင်ငံစစ်ဖက်တာဝန်ရှိသူတို့က “ အရိပ်တပ်မှူး “ ဟု လေးစား ကြောက်ရွံ့စွာ အမည်ပေးထားရသူ ကာဆင်စူလမန်နီကို မတ်-၁၁၊ ၁၉၅၇ ခုနှစ်တွင် အီရန်ကာမန်ပြည်နယ် ကာနတ်အီးမယ်လက်ရွာကလေး၌ မွေးဖွားသည်။ ၁၉၇၉-ခုနှစ်မတိုင်မီ ကာဆင်မှာ ဖခင်၏ စိုက်ပျိုးရေး အမတော်ကြေး အကြွေးများ ပြန်ဆပ်နိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်ဝင်လုပ်နေရသူ မထင်မရှား လူငယ်လေး တစ်ဦးသာလျှင်ဖြစ်သည်။

အနေအထိုင် တည်ငြိမ်အေးဆေးသည့် ကာဆင်စူလမန်နီကို အားလပ်ချိန်တွင် ကရာတေးကစားခြင်း၊ ရပ်ကွက် အတွင်း Gym များ၌ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရေးအတွက် ကစားလျှက်သားတွေ့ရတတ်သည်။ နောင် တွင် အီရန်ဥသျှောင်ဖြစ်လာမည့် Ali Khamenei အလီခါမေနီ၏ အယူအဆရေးရာ ဟောပြောပွဲများသည် ကာဆင်အား Iranian Revolution အီရန်အစ္စလာမ်မစ်တော်လှန်ရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာရ ခြင်းအတွက် ရေခံမြေခံဖြစ်ခဲ့သည်။ ၁၉၇၉-ခုနှစ်တွင် ကာဆင်စူလမန်နီသည် အီရန် Revolutionary Guard (IRGC) အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်မတော်သို့ ဝင်ရောက်အမှု့ထမ်းသည်။ ထိုအချိန်မှာ အီရန်တွင် ရှားဘုရင်ပြုတ်ကျစေ၍ အယာတို လာခိုမေနီအား နိုင်ငံ့အထွဋ်အထိပ်ဖြစ်လာစေမည့် “အစ္စလာမ်မစ် တော်လှန် ရေး” ဆင်နွှဲနေချိန်ဖြစ်ပါသတည်း။

၁၉၈၀-ခုနှဈတှငွ အီရနသွညအွိမနွီးခငွှး အီရတနွိုငငွံနှငွ့ Shatt al-Arab  ရှတအွယလွအွာရပွ နယခွှားအငှငွး ပှားရာမှ စဈမကဖွှဈပှားသညွ။ တပခွှဲတဈခှဲကို ဦးစီးရသော အသကွ ၂၀-ကှောွ ကာဆငသွညွ ပှဲဦးထှကွ တိုကပွှဲမှားအစမှာပငွ ပှောငမွှောကသွောရဲစှမွးသတတြိနှငွ့ ထကမွှကသွောဦးစီးခေါငွးဆောငမွှု့ကို ပှသနိုငခွဲ့ သညွ။ ကာဆငွဦးစီးသော တပမွှားသညွ ဆုံးရှုံးသှားသော အီရနနွယမွှမှေားကို ပှနလွညရွယူနိုငယွုံမက အီရတွ နယမွှအမှေားအပှားကိုလညွး လကရွသိမွးယူပေးခဲ့သညွ။ ထူးခှှနထွကမွှကသွော ကာဆငွ စူလမနနွီသညွ ၁၉၈၀ မှ ၁၉၈၈ အထိ ၈-နှဈကှာဖှဈပှားသော အဆိုပါစဈပှဲအတှငွး၌ လေ့ကငွှ့သငတွနွး နညွးနညွးနှငွ့ ရာထူးအဆငွ့မှားစှာတို့ကို ခုနပွှံကှောလွှှားကာ အမှတွ( ၄၁ ) တာရာလာ့သတွပရွငွး၏ တပရွငွးမှူး ဖှဈလာခဲ့သညွ။ ကာဆငသွညွ အီရနအွဈစလာမမွဈတောလွှနရွေးအစောငွ့တပမွတောွ အထကွ လူကှီးမှား၏ မဆီလှှောသွော နယမွှစေိုးမိုးရေး အစီအစဉမွှားအပေါွ ဆနွ့ကငှထွောကပွှရဲသူဖှဈသညွ။

အရှေ့အလယ်ပိုင်း၏ အထက်မြက်ဆုံး “ အရိပ်တပ်မှူး “ အဖြစ် အသိအမှတ်ပြု ခံရသူ

၁၉၉၀-ခုနှစ်တွင် အာဖဂန်နစ္စတန်နှင့် ဆက်စပ်လျှက်ရှိသော ကာမန်စစ်ဒေသတွင် တိုင်းမှူးဖြစ်လာသည်။ ယခင်စစ်ရေးအတွေ့အကြုံများမှာ မူးယစ်ဆေးဝါးကုန်ကူးမှု့အား တိုက်ဖျက်ရာတွင် ထူးချွန်သူအဖြစ် ကာဆင်အား ဂုဏ်သတင်းမွှေးပျံစေခဲ့သည်။ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော်၏ စစ်ထောက်လှမ်းရေး၊ ပင်လယ်ရပ်ခြားအထူးစစ်ဆင်ရေး “အယ်လ်ကွဒ် “ တွင် ကာဆင်စူလမန်နီ တပ်မှူးဖြစ်လာရသည့်ခုနှစ်ကို အတိအကျမသိရသော်လည်း ၁၉၉၇ မှ ၁၉၉၈ ခုနှစ်အတွင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။ ၁၉၉၈-ခုနှစ်တွင် ရှေးယခင် ပါရှားသမိုင်းစဉ်လာ၌ ထူးချွန်ထက်မြက်သူ သူရဲကောင်းများကိုသာလျှင် ချီးမြှင့်သည့် Order of Zolfaghar ဆုတံဆိပ် ဆွတ်ခူးရရှိသည်။

၁၉၉၉-ခုနှစ် အီရန် တဟီရန်မြို့တော်၌ ကျောင်းသားများ ကန့်ကွက်တော်လှန်မှု့ဖြစ်ပွားသည်။ ပုန်ကန်သူ ကျောင်းသားများကို အကြမ်းဖက်ချေမှုန်းလျှင် စစ်ဖက်က အာဏာသိမ်းယူရပါလိမ့်မည်ဟု ထိုစဉ်က သမ္မတ Mohammad Khatami  မိုဟာမက်ခါတာမီထံ ကန့်ကွက်စာ၌ လက်မှတ်ရေးထိုးပေးပို့သူ အီရန်တပ်မတော် တပ်မှူးများတွင် ကာဆင်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

၂၀၀၁-ခုနှစ် အမေရိကန် နယူးယောက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံများကို Al Qaeda အယ်လ် ကိုင်ဒါ အစ္စလာမ်အစွန်းရောက်အဖွဲ့က အသေခံတိုက်ခိုက်သည့် ၉/၁၁ အကြမ်းဖက်မှု့ဖြစ်ပွားသည်။ လူ ၃,၀၀၀ ခန့်သေဆုံး၍ ၂၅,၀၀၀ ကျော်ဒါဏ်ရာရရှိခဲ့ရသည့် အဆိုပါတိုက်ခိုက်မှု့တွင် ဦးစီးကြိုးကိုင်သူ အယ်လ်ကိုင်ဒါ ခေါင်းဆောင် Osama bin Laden အိုစမာဘင်လာဒင်မှာ အာဖဂန်နစ္စတန် Taliban တာလီဘန်တို့ထံ၌ ခိုလှုံ လျှက်ရှိသည်။ ကဘူးမြို့အား သိမ်းယူထားသည့် တာလီဘန်ဖယ်ရှားရေး၊ အိုစမာဘင်လာဒင်အား အပြစ်ပေး ရေးအတွက် အမေရိကန်၊ နေတိုးအဖွဲ့ဝင်များနှင့် ကမ္ဘာ့နိုင်ငံ ၄၀ ကျော်တို့က  Operation Enduring Freedom စစ်ဆင်ရေးဖြင့် အာဖဂန်နစ္စတန်အား ဝင်ရောက်တိုက်ခိုက်သည်။

တာလီဘနခွှမှေုနွးရေးတှငွ အမရေိကနနွိုငငွံခှားရေးဋဌြာနအား အီရနကွ သံတမနလွမွးကှောငွးမှတဆငွ့ ဆကွ သှယကွူညီရာတှငွ ကာဆငစွူလမနနွီ၏ ခှရောလကရွာ မှားစှာပါဝငသွညွ။ မူးယဈဆေးဝါးကုနကွူးမှု့နှငွ့ အာဖ ဂနသွူပုနလွောကအား ကှညကသွေူ ကာမနစွဈဒသမှေူးဟောငွး “အယလွကွှဒွ အထူးတပမွှူး “ ကာဆငစွူလ မနနွီ၏ ညှှနပွှမှု့တို့ဖှငွ့ တာလီဘနစွခနွးပေါငွးမှားစှာ ဗုံးကှဲဖကှဆွီးခံရပှီး၊ အယလွကွိုငဒွါတို့မှာလညွး သသေူ သေ အဖမွးခံရသူ ခံရနှငွ့ တပပွကှကွှီးဖှဈသှားသညွ။  သို့သောွ ၂၀၀၂-ခုနှဈ အီရနသွညွ လူအမှား အစုအပုံ လိုကသွစသေေော လကနွကတွို့ ထုတလွုပပွိုငဆွိုငရွနွ ကှိုးပမွးလှှကရွှိသညဟွု George W. Bush သမမြတဂှော့ဒဗလှှူဘှတရွှက စှပစွှဲပှီး ထိုစဉကွအီရတွ-မှောကကွိုရီးယားတို့နှငွ့ တဈတနွးတညွး  Axis of evil   “ မိဈဆာဝငရွိုးတနွးနိုငငွံမှား” အဖှဈ ကှညောသညွ။ အီရနနွှငွ့ အခှိနတွိုနှငွ့ ခှာပှဲသှားသောလွညွး ကာဆငွ စူလမနနွီ၏ လုပရွညကွိုငရွညမွှာ အမရေိကနွ CIA က အရှေ့အလယပွိုငွး၏ အထကမွှကဆွုံး “ အရိပတွပမွှူး “ အဖှဈ အမညပွေး အသိအမှတွ ပှုဖှယဖွှဈခဲ့သညွ။  

ကာဆင်၊ ဟဇ်ဘိုလာ၊ ကာ့ဒ်လက်နက်ကိုင်များနှင့် အိုင်အက်စ်

အာာဏာရှင်ဖယ်ရှားရေး၊ ဒီမိုကရေစီနှင့် ပွင့်လင်းမြင်သာရေး ၂၀၁၁ အာရပ်နွေဦးနှင့်အတူ ၎င်းနှစ် မတ်လ ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားသည်။အမေရိကန်သည် အဆိုပါ ပြည်တွင်းစစ်အစမှာပင် သမ္မတဘာရှာအယ်လ် အာဆတ်ဖြုတ်ချရေး ဆီးရီးယားသူပုန်များကို အိမ်နီးချင်းဂျော်ဒန်နယ်စပ်၌ စစ်ရေးလေ့ကျင့် လက်နက်တပ်ဆင်ပေးလျှက်ရှိသည်။ ပြည်တွင်းစစ် အရှိန်ပြင်းထန်လာသောအခါ ဆီးရီးယား အစိုးရအနေဖြင့် နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးသည်။ ၂၀၁၂ – သြဂုတ်လတွင် ကာဆင်၏  “အယ်လ်ကွဒ် “ တပ်ဖွဲ့ဝင်တို့က အာဆတ်အစိုးရဘက်မှ ဝင်ရောက်ကူညီတိုက်ခိုက်ကြောင်း သတင်းများထွက် ပေါ်သည်။ ဒမတ်စကတ်တွင် စစ်ရုံးဖွင့်ကာ အီရတ်ရှီယိုက်ပြည်သူ့စစ်များ၊  လက်ဘနွန်ဟဇ်ဘိုလာပြည်သူ့စစ် များနှင့် ပူးပေါင်းကွပ်ကဲသည်ဆို၏။

လက်ဘနွန်ပြည်သူ့စစ် ဟဇ်ဘိုလာတို့မှာ ၁၉၈၅-ခုနှစ်ကတည်းက အီရန်ကျောထောက်နောက်ခံဖြင့် တည်ရှိ နေခဲ့ပြီးဖြစ်သည်။ လက်ဘနွန် ဒရုဇ်မွတ်စလင်တို့ဖြင့် ဖွဲ့စည်းထား၍ ခေတ်မီလက်နက်များကိုင်ဆောြင်က သူများ ဖြစ်သည်။ စည်းကမ်းနှင့် တိုက်ရည်ခိုက်ရည်ပြည့်ဝသူ ဟဇ်ဘိုလာတို့သည် လက်ဘနွန်တောင်ပိုင်းမှ အစ္စရေး နယ်စပ်အထိ ဖြန့်ကြက်လှုပ်ရှားခဲ့ဖူးသည်။ ထင်ရှားသောတိုက်ပွဲပေါင်းများစွာတို့တွင် ရင်ဆိုင်ဆင်နွှဲဖူး သဖြင့် အစ္စရေးတို့ကိုယ်တိုင် ဟဇ်ဘိုလာအား အထူးသတိထားနေရသည်။

လက်ဘနွန်ဟဇ်ဘိုလာတို့ အာဆတ်အစိုးရဘက်မှ ပါဝင်လာသည့်နောက်ပိုင်း ဆီးရီးယားစစ်ပွဲသည် ဒေသတွင်း ဆွန်နီ-ရှီအာ မွတ်စလင်ဂိုဏ်းကွဲချင်း အားပြိုင်ရာစစ်ပွဲအသွင် အတိအလင်း ပြောင်းလဲသွားသည်။ ကာဆင် အနေဖြင့် ယခင် အီ ရတ်ဆဒမ်ဟူစိန်လက်ထက်တွင်ဆဒမ်ဆန့်ကျင်ရေး အီရတ်ကာ့ဒ်တို့နှင့် ရင်းနှီးခဲ့ပြီး ဖြစ်သည်။ ထိုမှ ဆီးရီးယားမြောက်ပိုင်းတွင် ပြန့်ကြဲနေသော ကာ့ဒ်များနှင့် ချိတ်ဆက်မိပြီး သမ္မတအာဆတ် အပေါ်လိုလားသော National Defence Forces (NDF) ဆီးရီယားအမျိုးသားကာကွယ်ရေးတပ် ဖွဲ့စည်းရာ တွင် များစွာအထောက်အကူ ရရှိသည်။ ကာဆင်အနေဖြင့် အဆိုပါတပ်များအာ း ဆက်သွယ်ညှိနှိုင်းလျှက် ဆီးရီးယားသူပုန်များအား ဖြိုခွင်းသည်။

၂၀၁၄-ခုနှစ်တွင် အီရတ်အယ်လ်ကိုင်ဒါဖြစ်သော Jaysh Ahl al-Sunnah wa-l-Jamaah  သည် အခြားဘာသာ ရေး အစွန်းရောက်သဘောထားတင်းမာသူတို့ဖြင့် ပေါင်းစည်းမိပြီး “ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ “ များ ဖြစ်သွားသည်။ အီရတ်မှ ရုတ်သိမ်းစဉ် အမေရိကန်က အိမ်အပြန်သယ်ဆောင်မသွားနိုင်သော စစ်လက်နက်များ ကို စီးနင်းရယူကာ  အီရတ်နှင့် ဆီးရီးယားနယ်မြေအများအပြားတို့အား လျှပ်တစ်ပြက်အတွင်း တိုက်ခိုက် သိမ်းယူသည်။ တိုတောင်းသောကာလမှာပင် အိုင်အက်စ် IS တို့၏ အောင်မြင်မှု့မှာ အီရတ်တွင် ဘဂ္ဂဒက်မြို့ တော်၏ လက်တစ်ကမ်း အကွာထိ နယ်မြေပိုင်ဆိုင်လာသည်။ ကာဆင်သည် အီရန်ကျောထောက်နောက်ခံဖြင့်  Iraq Kata’ib Hezbollah  “ အီရတ် ခါတက်ဗ်ဟဇ်ဘိုလာ” ပြည်သူ့စစ်တို့ကို စုစည်းကာ အိုင်အက်စ်တို့အား တွန်းလှန်တိုက်ခိုက်သည်။

Abu Bakr al-Baghdadiအဘူဘေကာလယ်လ်ဘဂ္ဂတာဒီသည် သူ့ကိုယ်သူ တမန်တော်မိုဟာမက်အား ဆက်ခံ သူ “ ခလီဖာ အီဗရာဟင် “ ဖြစ်ကြောင်း ကြေညာပြီး၊ အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်း အစ္စလာမ်မစ်နိုင်ငံ တော် IS (The Islamic State of Iraq and the Levant (ISIL) နောင် ISIS )  ခလီဖိတ်ဘာသာရေး နိုင်ငံ တော်ဆိုသည်ကို ထူထောင်သည်။၂၁-ရာစုကမ္ဘာကြီးအား အစ္စလာမ် ရှီရီယာ ဥပဒေဖြင့်အုပ်ချုပ်သော အစ္စလာမ် မစ်ကမ္ဘာကြီး ဖြစ်လာရေး အကောင်အထည်ဖော်သည်။ အီရတ်နှင့် ဆီးရီယားရှိ ဘာသာရေးနှင့် ယဉ်ကျေးမှု့ ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံတို့ကို ဖျက်ဆီးသည်။ ဆီးရီးယားမြောက်ပိုင်း ယာဇီဒီနှင့် အခြားလူနည်းစုမျိုးနွယ်များအား ညှင်းပန်းနှိပ်စက်သည်။ ဖမ်းဆီးရမိ သုံ့ပန်းများ၊ အရပ်သားများနှင့် အကူအညီပေးရေးအေဂျင်စီဝန်ထမ်းများကို ခေါင်းဖြတ်သတ်ကာ မိန်းများကို လိင်ကျွန်ပြုသည်။

သောင်းကြမ်းလွန်မ သောင်းကြမ်းလာသော အိုင်အက်စ်တို့အား အမေရိကန်နှင့်ညွန့်ပေါင်းလေတပ်မှ ထိုးနှက်ပြီး အီရန်လုံခြုံရေးတပ်များနှင့် ဆီးရီယားအမျိုး သားကာကွယ်ရေးတပ်(NDF) တို့က မြေပြင်မှတိုက်ခိုက်သည်။ ၂၀၁၅-ခုနှစ်တွင် အိုင်အက်စ်တို့အား လေကြောင်းမှ တိုက်ခိုက်ရာတွင် ရုရှားနိုင်ငံပါဝင်လာသည်။ ထိုနှစ်တွင် အိုင်အက်စ် တစ်သောင်းကျော်ထိကို ချေမှုန်းသုတ်သင်နိုင်ပြီး ကျဆုံးသွားခဲ့သော မြို့ကြီးများကို အိုင်အက်စ် တို့လက်မှ အီရတ်တပ်များနှင့် ကာ့ဒ်လက်နက်ကိုင်များ၏ SDF တို့က ပြန်လည်သိမ်းယူသည်။ ဆီးရီးယား အစိုးရတပ်များက သူပုန်နှင့် အိုင်အက်စ်တို့သိမ်းယူထားသော မြို့ကြီးများကို တိုက်ခိုက်သိမ်းယူရာတွင် လက်ဘနွန်ဟဇ်ဘိုလာ၊ အီရန်အယ်လ်ကွဒ်၊ အီရတ်ကာ့ဒ်နှင့် ရှီယိုက်တို့အား ဟန်ချက်ညီညီ စုစည်းနိုင်သည့် ကာဆင်စူလမန်နီ၏ အခန်းကဏ္ဍမှာ အထူးအရေးပါသည်။

သို့သော် ဆီးရီးယားတွင် ပျက်ပြားသွားသော အိုင်အက်စ်တို့သည် အာဖဂန်၊ ပါကစ္စတန်၊ မာလီ၊ အီဂျစ်၊ ဘင်္ဂ လားဒက်ရှ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသည်ဖြင့် ကမ္ဘာတစ်ဝှမ်းပြန့်နှံံသွားသည်။

ထို့ကှောငြ့ အမရေိကနြ၏ လကှေောငြးတိုကခြိုကမြှု့တှငြ ကာဆငစြူလမနနြီ သဆေုံးပှီဖှဈကှောငြး သတငြးထှကြ ပေါသြညြ့အခါ ထ’က မတတြ ဝမြးသာသူတို့တှငြ အဈစလာမမြဈနိုငငြံတောထြူထောငသြူ IS အိုငအြကဈြတို့က ရှေ့ဆုံးမှ ပါဝငနြသညြေ။

ကာဆင်စူလမန်နီ၏ နောက်ဆုံးခရီး

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု့၌ ကျဆုံးခဲ့ကြသော အီရန်ဗိုလ်ချုပ် ကာဆင်စူလမန်နီ၊ အီရတ်ရှီယိုက် ပြည်သူ့စစ် ဒုတိယခေါင်းဆောင်နှင့် အမျိုးသားအာဇာနည်တို့၏ ရုပ်အလောင်းတို့သည် တနင်္ဂနွေနေ့တွင် မြို့ တော် တဟီရန်သို့ ရောက်ရှိလာရာ အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် သန်းချီသော မြို့သူမြို့သားများက ဝမ်းနည်းစွာ ငိုကြွေးရင်း ဂုဏ်ပြုကြသည်ဟု နိုင်ငံတကာ မီဒီယာများက ရေးသားပါသည်။

အီရတ်ပြည်သူ့စစ် အကြီးအကဲ အဘူမက်ဒီမူဟန်းဒစ်စ်၏ ဈာပနရှု့အခန်းအနားကို ဇန်နဝါရီ ၄-ရက် ဘဂ္ဂဒက်မြို့ ခတ်ဟီမီယာဗလီ၌ ကျင်းပစဉ် ထောင်ပေါင်းများစွာသော အီရတ်ပြည်သူများ အီရတ်ဝန်ကြီးချုပ်နှင့်ပြည်သူ့စစ် ခေါင်းဆောင်များ တက်ရောက်ကြသည်။ ထို့နောက် ရုပ်အလောင်းအား DNA စစ်ဆေးရန် အီရန်သို့ သယ်ယူ သည်။ စစ်ဆေးမှု့ပြီးဆုံးသည့်အခါ ဇန်နဝါရီ ၈-ရက်နေ့တွင် အီရတ်သို့ ပြန်လည်ယူဆောင်ပြီး Najaf နာ့ဂျက်ဖ် မြို့၌ မြှုပ်နှံသြင်္ဂိုလ်ကြောင်း Al Jazeera က ဖော်ပြသည်။

ဘဂ္ဂဒက်လေကြောင်းတိုက်ခိုက်မှု့တွင် သေဆုံးကြရသူများ၏ ရုပ်ကလာပ်မှာ တစ်စစီဖြစ်သွားကြဟန်တူသည်။ လက်ကောက်ဝတ်မှ ပြတ်နေသော လက်တစ်ဖက်တွင် ဝတ်ဆင်ထားသည့် လက်စွပ်ကြောင့် သေဆုံးသူများ တွင် ကာဆင်စူလမန်နီပါဝင်သည်ဟု ခန့်မှန်းနိုင်ခြင်းဖြစ်သည်။ ဇန်နဝါရီ ၄-ရက် အပြီးသတ် DNA စစ်ဆေးခြင်း ဖြင့် သေဆုံးခြင်းမှန်ကန်ကြောင်း အတည်ပြုသည်။

တဟီရန် မဟာဗလီ၏ အသုဘရှု့အခန်းအနားသို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ၊ သမ္မတ ဟာစန်ရောဟာနီ၊ အရပ်ဖက်နှင့် စစ်ဖက်ခေါင်းဆောင်များ တက်ရောက်ကြသည်။ အီရန်မြို့ကြီးများတွင် လူစုလူဝေးတို့က အမေရိကန်နှင့် အစ္စရေးအလံတို့ကို မီးရှို့ဆန္ဒပြကြပြီး “ အမေရိကန် ကျဆုံးပါစေ “ ဟု ကြွေး ကြော်ကြသည်။ ကာဆင်၏ ဈာပန၌ မြို့တော် တဟီရန်၏ လမ်းမကြီးပေါ်သို့ ရောက်ရှိလာသူ ၁-သန်းကျော် မည်ဖြစ်သည်။ လူများလွန်းသဖြင့် မတော်တဆရုတ်ရုတ်သဲသဲတွင် လူနင်းမိပြီး ၅၆-ဦး သေဆုံး၍ ၂၁၂-ယောက် ဒါဏ်ရာရရှိသည်။

ထောက်လှမ်းရေးနှင့် ပြည်ပစစ်ဆင်ရေး “အယ်လ်ကွဒ် “ အထူးတိုက်ခိုက်ရေးတပ်မှူး ကာဆင်စူလမန်နီ၏ ရုပ်ကလာပ်ကို တနင်္လာနေ့၌ ရှီယိုက်အစ္စလာမ်တို့၏ အမြင့်မြတ်ဆုံး ခွမ်းမြို့တွင် နိုင်ငံတော်အလံလွှမ်းခြုံကာ အလေးအမြတ်ဂုဏ်ပြုပြီးနောက် အင်္ဂါနေ့တွင် ၎င်း၏ ဇာတိ ကာမင်မြို့၌ မြုပ်နှံသြင်္ဂိုဟ်သည်။ ခေတ်သစ်အီရန်၏ သမိုင်းဝင်သူရဲကောင်းတစ်ဦးဖြစ်သော ကာဆင်စူလမန်နီသည် ၁၉၈၀ အီရန်-အီရတ် စစ်ပွဲကတည်းက ဂုဏ်သတင်းကောင်း ကျော်စောထင်ရှားခဲ့သည်။ ၁၉၉၈-ခုနှစ်တွင် အယ်လ်ခတ် အထူး တိုက်ခိုက်ရေးအကြီးအကဲဖြစ်လာပြီး ၂၀၁၄-ခုနှစ် အီရတ်နှင့် ဆီးရီးယားတွင် ပေါ်ထွန်းလာသည့် အစ္စလာမ် မစ်နိုင်ငံတော်ထူထောင်သူ အိုင်စစ် ( ISIS, ယခင် ISIL ) တို့ကို အီရန်ကဖြိုခွင်းရာ၌ အရေးပါသော အခန်း ကဏ္ဍမှ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ အီရန်ဥသျှောင် အယာတိုလာခါမေနီ၏ လက်ရုံးတစ်ဆူဖြစ်ပြီး အီရန်၌ ခါမေနီပြီးလျှင် သြဇာအကြီးဆုံးဟု ပြောစမှတ်ရှိသည်။


အမေရိကန်နှင့် ဟဇ်ဘိုလာတို့ ထိပ်တိုက်တွေ့မှု့

၂၀၁၈-ခုနှစ်တွင် အမေရိကန်သည် အီရန်နှင့် ညူကလီယာသဘောတူညီချက်မှ နှုတ်ထွက်သွားပြီးနောက် အီရန်နှင့် အနောက်အုပ်စုအကြား ရေနံတင်သင်္ဘောများ အပြန်အလှန်ဖမ်းဆီးခြင်း၊ အမေရိကန်မောင်း သူမဲ့ လေယာဉ်ကို အီရန်က ပစ်ချခြင်းတို့ဖြင့် ပါရှားပင်လယ်ကွေ့အကြပ်အတည်းဖြစ်ပေါ်ခဲ့သည်။ အီရန်၏အမာခံ ကလာပ်စည်းများသည် ဒေသတွင်းရှိ အမေရိကန်တပ်များအား ရန်လိုစိတ်ဖြင့် ထိပ်တိုက်တွေ့ရန် အကွက်ချ စီစဉ်နေကြောင်း အမေရိကန်က စွပ်စွဲပြောဆိုသည်။ အမေရိကန်၏ အရှေ့အလယ်ပိုင်းရပ်တည်ချက်မှာ ဟဇ်ဘိုလာတို့၏ ရန်လိုမှု့ကို တုန့်ပြန်ရင်ဆိုင်ရန်အဖြစ်သို့ ပြောင်းလဲသွားရကြောင်း သတိပေးသည်။

ဒီဇင်ဘာ-၂၇၊ ၂၀၁၉ တွင် အီရတ်ရှိ K-1 အမေရိကန် စစ်အခြေစိုက်စခန်းမှာ ရော့ကက်အလုံးပေါင်း ၃၀-ကျော် ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် အမေရိကန်နိုင်ငံသား ကန်ထရိုက်တာတစ်ဦး သေဆုံးပြီး၊ အမေရိကန် တပ် သား ၄-ဦး၊ အီရတ်လုံခြုံရေး ၂-ဦး ဒါဏ်ရာရရှိသည်။ လက်တုန့်ပြန်သောအားဖြင့် အမေရိကန်က ဆီးရီးယားနှင့် အီရတ်ရှိ ဟဇ်ဘိုလာတို့၏ ကွပ်ကဲရေးနှင့် လက်နက်ခဲယမ်းသိုလှောင်ရုံများကို လေကြောင်းမှ တိုက်ခိုက်ဖျက် ဆီးသည်။ အမေရိကန်၏ အဆိုပါတိုက်ခိုက်မှု့ကြောင့် အီရတ်ခါတက်ဗ်ဟဇ်ဘိုလာ ၂၅-ဦးသေဆုံး၊ ၅၁-ဦး ဒါဏ် ရာရရှိခြင်းသည် ဘဂ္ဂဒက်အမေရိကန်သံရုံးအား ကန့်ကွက်ဆန္ဒပြသူတို့က စီးနင်းသိမ်းပိုက်တော့မည့် အခြေ အနေထိ ပဋိပက္ခဆက်လက် ကြီးထွားသွားသည်။

ဒီဇင်ဘာ – ၃၁၊ ၂၀၁၉ တွင် အီရတ် ခါတက်ဗ်ဟဇ်ဘိုလာပြည်သူ့စစ်များ၊  အီရတ်လူထုစည်းရုံးရေးတပ် ပြည်သူ့ စစ် PMF ထောက်ခံသူ အီရတ်ရှီယာမွတ်စလင်တို့ပါဝင်သော ကန့်ကွက်သူ လူရာပေါင်းများစွာတို့သည် ဘဂ္ဂဒက် အမေရိကန်သံရုံးအား ဝိုင်းဝန်းဆန္ဒပြကြသည်။ ဒေါသပေါက်ကွဲလျှက်ရှိသော ဆန္ဒပြသူများသည် သံရုံးတံတိုင်း အား ကျော်တက်ကာ သံရုံးဝင်းအတွင်း ရောက်ရှိသွားကြသည်။ သံရုံးပင်မအဆောက်အအုံအတွင်း ဝင်ရောက် နိုင်ခြင်းမရှိပဲ သံရုံးပင်မအဆောက်အအုံကို အုတ်ခဲကျိုး၊ ကျောက်ခဲ၊ ဓါတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ကြ သည်။

ဆူပူဆန္ဒပြသူများသည် သံရုံးပင်မအဆောက်အအုံနှင့် ၁၅ ပေခန့်အကွာထိ ရောက်ရှိသွားကြသည်။ သံရုံးဝင်း အတွင်း မီးခိုးလုံးများ လှိမ့်တက်နေပြီး သံရုံးပင်မအဆောက်အအုံ အမိုးပေါ်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ကာ အသင့်အနေအထား ချိန်ရွယ်လျှက် သံရုံးစောင့်အမေရိကန် မရင်းတပ်သားတစ်စုကို AP သတင်းထောက် ကိုယ်တိုင်တွေ့မြင်လိုက်ရသည်။ ကန့်ကွက်ဆန္ဒပြသူများတွင် လက်ကိုင်အသံချဲ့စက် ကိုင်ဆောင်ထားသူက  မိမိတို့အား လာရောက်ပူးပေါင်းမည့် အီရတ်လူထု စည်းရုံးရေးတပ် ပြည်သူ့စစ် PMF အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များ လမ်းခုလတ်၌ ရောက်ရှိနေပြီဖြစ်ကြောင်း အားပေးအော်ဟစ်သည်။

အမေရိကန်စစ်သားများနှင့် အီရတ်လုံခြုံရေတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ပေါက်ကြပြီး သေနတ် များ ပစ်ဖောက်ခြောက်လှန့်ကြသည်။ ဆူပူဆန္ဒပြသူများ ပင်မအဆောက်အအုံအတွင်း မဝင်ကြပဲ သံရုံးဝင်း အတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။ သံရုံးဝင်း တံတိုင်းတွင် အမေရိကန်နှင့် အစ္စရေးဆန့်ကျင်ရေး ကြွေးကြော်သံများ ရေးခြစ်ကြသည်။ “ အ‌မေရိကန်တွေကို သေဒါဏ်ပေး “ ဟု အော်ဟစ်ကြပြီး သံရုံးဝင်း အဝင်အ၀ ဂိတ်ပေါက်တွင် မော်တော်ကားတာယာများ မီးပုံရှို့ ကြသည်။ ဘဂ္ဂဒက်မှ အမေရိကန်သံရုံးပိတ် သိမ်းပြီး အီရတ်မှ အမေရိကန်တပ်များ ရုတ်သိမ်းသွားသည်အထိ စခန်းချကာ ဆက်လက်ဆန္ဒပြ မည်ဖြစ် ကြောင်း ကတိပြု ကြသည်။

 ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် အရှေအလယ်ပိုင်းတွင် အကြီးမားဆုံး နိုင်ငံရေး အကြပ်အတည်းကို ရင်ဆိုင်ခဲ့ ရခြင်းဖြစ်သည်။ သမ္မတအိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့လက်ထက် လွန်ခဲ့သည့် ၂၀၁၂ -ခုနှစ် လစ်ဗျားနိုင်ငံ ဘင်ဂါဇီတွင် အစ္စလာမ်မစ်ပြည်သူ့စစ်များ လက်ချက်ဖြင့် လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအပါအဝင် အမေရိကန်နိုင်ငံသား ၄-ဦး သေဆုံးခဲ့ရဖူးသည်။ ဘဂ္ဂဒက်၏ Green Zone “ အစိမ်း ရောင်ဇုံ “ ဟု ခေါ်တွင်သော တားမြစ်ကန့်သတ်နယ်မြေတွင် တည်ရှသည့် အမေရိကန်သံရုံးမှာ ခံတပ်ကြီး တစ်ခုအသွင် တည်ဆောက်ထားပြီး အစောင့်အကြပ်ထူထပ်လှသည်။ ကန့်ကွက်ဆန္ဒပြသူများ သံရုံးဝင်း အတွင်းထိ ဝင်ရောက်သွားနိုင်ခြင်းမှာ အီရတ်လုံခြုံရေးအစောင့်များ မျက်နှာလွှဲ ခဲပစ်မလုပ်ပဲ မဖြစ်နိုင်ဟု AP က ဝေဖန်ပါသည်။

အီရတ်ဝန်ကြီးချုပ် အဗ္ဗဒဲလ် အဗ္ဗဒူမာဒီနှင့် ဒေါ်နယ်ထရမ့်တို့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုစဉ် ဘဂ္ဂဒက် အမေရိကန်သံရုံးအတွက် အီရတ်နှင့် အမေရိကန်တပ်ဖွဲ့ဝင်များက လုံခြုံရေးအကာအကွယ်ပေးရန် လိုအပ် ကြောင်း ပြောဆိုခဲ့ကြပြီး ဘဂ္ဂဒက်သံရုံးတိုက်ခိုက်ခံရမှု့နှင့် နောက်ဆက်တွဲပျက်စီးဆုံးမှု့များအတွက် အီရန်အ နေဖြင့် တန်ဖိုးကြီးမားစွာ ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်၌ ဖောြ်ပထား သည်။

ကူဝိတ်မှ အမှတ် ၈၂- လေကြောင်းချီ အမေရိကန်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁၀၀ သည် ရဟတ်ယာဉ်များ ဖြင့် သံရုံးဝင်းအတွင်း ဆင်းသက်ကြသည်။ ၎င်းတို့အား အပါချီတိုက်ခိုက်ရေးရဟတ် ၂-စီးက စောင့်ကြပ်ပေး သည်။ နောက်တစ်နေ့တွင် သံချပ်ကာယာဉ် ၄-စီးဖြင့် အီရတ်အစိုးရ စစ်ဖက်တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး သံရုံးဝင်းနှင့် ဆန္ဒပြသူများအကြားနေရာယူသည်။ အီရတ်အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဓိကရုန်းနှိမ်နင်း ရေးယာဉ် ၆-စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများ နောက်ထပ်လူအင်အား ဖြည့်တင်းမည့်လမ်းကြောင်း များပေါ် ၌ နေရာယူကာ ဆန္ဒပြသူတို့တည်ဆောက်ထားသော ယာယီတဲစခန်းများအား ဖျက်သိမ်းသည်။   

ဘဂဂြဒကအွမရေိကနသွံရုံးအား အီရနလွိုလားသူတို့ ဝငရွောကစွီးနငွးရနကွှိုးစားသညွ့ အကှမွးဖကမွှု့မှားဖှဈပှား နစဉွေ အီရနွ အယလွကွှဒအွထူးတပမွှူး ကာဆငစွူလမနနွီကိုယတွိုငွ ဘဂဂြဒကသွို့ ရောကရွှိလာခှငွးဖှဈ နပေါသညွ။

အမ်ကျူ – နိုင်း ရီပါး မောင်းသူမဲ့လေယာဉ်

အမေရိကန်စစ်တပ်တွင် ၂၀၀၇-ခုနှစ်၌ စတင်အသုံးပြုခဲ့သည့် MQ-9 Reaper UAV အမ်ကျူ-နိုင်း ရီပါး မောင်း သူမဲ့လေယာဉ်သည် ဒေါ်လာ ၁၆-သန်းတန်သည်ဟုဆိုကြသည်။ ၄,၉၀၀ ပေါင် အလေးချိန်ရှိ၍ တောင်ပံ အလျား ၆၆ ပေရှိသည်။ အမြင့်ပေ ၂၅,၀၀၀ ဝေဟင်တွင် ပျံသန်းနိုင်သည့် မောင်းသူမဲ့လေယာဉ်သည် မိုင် ၁,၂၀၀ ခရီး ကို တောက်လျှောက်ပျံသန်းနိုင်သည်။ အဆင့်မြင့်ဆုံးစစ်ဖက်နည်းပညာ ကိရိယာများ တပ်ဆင် ထားသည်ဟု နာမည်ထွက်ခဲ့ပြီး အနီအောက်ရောင်ခြည်သုံးကာ အာရုံခံ ပုံဖော်နိုင်သည်။ တပ်ဆင်ထားသော ကင်မရာများမှာ ရောင်စုံနှင့် အဖြူ အမည်း ဓါတ်ပုံများ ရိုက်ကူးနိုင်သည်။ အဖိုးတန်ပစ်မှတ်များအတွက် လေဆာအကွာအဝေးရှာကိရိယာကို အသုံးပြုသည်။

ကာဆင်စူလမန်နီကို လုပ်ကြံသော မောင်းသူမဲ့လေယာဉ်သည် ပင်လယ်ကွေ့ ကာတာနိုင်ငံမှ ပျံတက်လာ ခြင်းဖြစ်ပြီး ပျံသန်းခြင်းနှင့် တိုက်ခိုက်ရန်ထိန်းချုပ်ခြင်းကို  မိုင်ထောင်ချီဝေးကွာသည့် အမေရိကန်ပြည်ထောင်စု နီဗါးဒါးပြည်နယ် Kreech Air Force Base ကရိချ်လေတပ်အခြေစိုက်စခန်းက ပြုလုပ်သည်ဟု ဆိုကြသည်

အီရန်နိုင်ငံ၏ အယ်လ်ခတ် စစ်ဖက်ထောက်လှမ်းရေးနှင့် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ခေါင်းဆောင် ကာဆင် စူလမန်နီအား မည်သို့ မည်ပုံ သတ်ဖြတ်ခဲ့သည်ကို ပင်တာဂွန်က ယနေ့တိုင် တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်အနီးတွင် ကာဆင်စူလမန်နီအား လုပ်ကြံသတ်ဖြတ်ခဲ့သော အမေရိကန် လေတပ်သည် တစ်ရက်တည်း ယီမင်၌ အခြားအီရန်အထူးတိုက်ခိုက်ရေးတပ်မှူးတစ်ဦးကို လုပ်ကြံခဲ့သော် လည်း အောင်မြင်ခြင်းမရှိဟု ဆိုပါသည်။

ထို့ကြောင့် အရှေ့အလယ်ပိုင်း အကြမ်းဖက်သမားအဖြစ်သတ်မှတ်ထားသူများအား အမေရိကန်၏ ချေမှုန်း ရေးနှင့် မောင်းသူမဲ့ MQ-9 Reaper ဒရုန်းလေယာဉ်များ လှုပ်ရှားမှု့တို့မှာ အမေရိကန်၏ အမျိုးသားလုံခြုံရေး လျှို့ဝှက်ချက်ဖြစ်နေသည်။  

ဘဂ္ဂဒက်လေဆိပ်ရှိ အမေရိကန်နှင့် အဆက်အသွယ်ရှိသော စပိုင်များက ကာဆင်ရောက်ရှိကြောင်း သတင်း ပေးပို့သည်ကို အီရတ်အမျိုးသားလုံခြုံရေးအေဂျင်စီ စုံစမ်းစစ်ဆေးရေးမှူးများက အထောက်အထား အခိုင်အမာ တွေ့ရှိထားကြောင်း၊ ဘဂ္ဂဒက်တွင် စပိုင် ၂-ဦး ဆီးရီးယားဒမတ်စကတ် Cham Wings လေကြောင်းလိုင်းမှမြေ ပြင်ဝန်ထမ်း ၁-ဦး၊ လေယာဉ်ပေါ်ဝန်ထမ်း ၁-ဦး၊ အားလုံးစုစုပေါင်း ၄-ဦးပါဝင်ပြီး ဖမ်းဆီးထားခြင်း မရှိသေး ကြောင်း သတင်းရင်းမြစ်များအရ သိရှိရသည်။ သို့သော် လုပ်ကြံမှု့ဖြစ်မြောက်သည်အထိ အမေရိကန်ထံသို့ သတင်းပေးသူများမှာ ၎င်းတို့ချည်းမဖြစ်နိုင်ကြောင်း  အီရတ် လုံခြုံရေးအရာရှိတစ်ဦးက ဆိုပါသည်။

Cham Wings ဝန်ထမ်း ၂-ဦးအား စစ်ဆေးမေးမြန်းလျှက်ရှိသည်ဆိုခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက် ပေးရန် Reutrs ၏ မေတ္တာရပ်ခံချက်ကို ဆီးရီးယားအထွေထွေထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက အ ကြောင်းပြန်ခြင်းမရှိပါ။ Cham Wings လေကြောင်းလိုင်းကလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ မစပ်စုရန်နှင့် လျှာမရှည်ရန် ၎င်း၏ ဝန်ထမ်းများအား အမိန့်ထုတ်ထားသည်ဆို၏။ ဘဂ္ဂဒက်လေဆိပ်လုံခြုံရေးဝန်ထမ်း ၂-ဦး၏ ကနဦးထွက်ချက်များအရဆိုလျှင် ကာဆင် စူလမန်နီနှင့်ပတ်သက်သည့်သတင်းမှာ ၎င်းတို့အဖွဲ့ ဒမတ်စကတ်မှ ထွက်ခွာလာစဉ်ကတည်းက အမေရိကန်တို့ သိရှိပြီးဖြစ်ကြောင်း အီရတ်အမျိုးသား လုံခြုံရေးအေးဂျင့်များက ပြောဆိုပါသည်။

ဘဂ္ဂဒက်ရှိ စပိုင်များ၏ အလုပ်မှာ ကာဆင်စူလမန်နီရောက်ရှိလာကြောင်း အတည်ပြုရန်နှင့် ၎င်းတို့အသုံးပြု   သည့် ယာဉ်တန်း၏ အခြေအနေအသေးစိတ်ကို သတင်းပို့ရန်မျှသာဖြစ်သည်။

အီရန်ထိပ်တန်းဗိုလ်ချုပ်အား ပစ်မှတ်သတ်မှတ်နိုင်ရန် အီရတ်ရှိ အမေရိကန်လေတပ်သို့ မည်သို့မည်ပုံ သတင်းပေးခဲ့သည်ကို Reuters က ရက်သတ္တတစ်ပတ်မျှ အထောက်အထားများစုစည်းခဲ့ရပါသည်။

လွန်ခဲ့သည့် အောက်တိုဘာလကတည်းက တိုက်ဂရစ်မြစ်ကမ်းနဖူးရှိ ရိပ်သာတစ်ခုတွင် ကာဆင်စူလမန်နီသည် ထိပ်တန်းအီရတ်မဟာမိတ်များနှင့် အကြီးတန်း ပြည်သူ့စစ်အရာရှိများကြီးများ၊ ၎င်း၏ရဲဘော်ရဲဘက် အီရတ် ပြည်သူ့စစ်များနှင့်တွေ့ဆုံ၍  အီရတ်ရှိအမေရိကန်လေတပ်စခန်းများနှင့် ဘဂ္ဂဒက် အမေရိကန်သံရုံးအား တိုက်ခိုက်ရန် အကွက်ချစီစဉ်ခဲ့သည်။ အီရန်၏ စွမ်းအားကြီး အဆင့်မြင့် လက်နက်များကို အသုံးပြု၍ အမေရိကန် ပစ်မှတ်များအား တိုက်ခိုက်ရန် ကာဆင်က ညွှန်ကြားချက်များ ပေးခဲ့ကြောင်း အီရတ်အစိုးရ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များအဆိုအရ သိရှိရသည်။

ကာဆင်စူလမန်နီ၏ လှုပ်ရှားမှု့အသေးစိတ်သတင်းကို အမေရိကန်တို့ရရှိခဲ့ရာတွင် ဘဂ္ဂဒက်လေဆိပ်မှ ဝန်ထမ်း ၂-ဦး၊ ရဲတပ်ဖွဲ့ဝင် ၂-ဦးနှင့် ဆီးရီးယား ဒမတ်စကတ်တွင် ရုံးစိုက်သည့် Cham Wings ပုဂ္ဂလိက လေကြောင်း လိုင်း ဝန်ထမ်း ၂-ဦးတို့က အထောက်အကူပေးခဲ့သည်။ ကာဆင်စူလမန်နီ ရောက်ရှိလာသည်နှင့် ဆက်စပ်သ တင်းများကို အမေရိကန်တို့ ရရှိသွားသည်မှာ ဘဂ္ဂဒက်လေဆိပ် စပိုင်ကွန်ယက်နှင့် ထိရှိလွယ်သော လုံခြုံရေးသတင်းပေါက်ကြားမှု့များမှ ဖြစ်ပါသည်။    

ကာဆင်စူလမန်နီအား လုပ်ကြံခဲ့စဉ် မိနစ်တိုင်း အမှတ်တရ အဖြစ်အပျက်များကို ဒေါ် နယ်ထရမ့်က ပြန်ပြောင်း ပြောဆိုသည်ဟု ယခုနောက်ဆုံး ဇန်နဝါရီ ၁၉၊ ၂၀၂၀ CNN သတင်းဌာနက ရေးသားပါသည်။

သောကြာနေ့ ဖလော်ရီဒါတောင်ပိုင်း ဥယျာဉ်တွင်ကျင်းပသည့် ရီပတ်ဘလစ်ကင်ပါတီအား ငွေလှူဒါန်းပွဲအခန်း အနားသို့ တက်ရောက်လာသည့် အမေရိကန်သမ္မတက ထိုစဉ်က အဖြစ်အပျက်များကို အမှတ်တရပြောဆိုခြင်း ဖြစ်သည်ဆို၏။ အမေရိကန်ပြည်ထောင်စုအပေါ် ကျရောက်လုဆဲဆဲ အန္တရာယ်များကို ကာကွယ်ရန်အတွက် သမ္မတ၏ အခွင့်အာဏာကို အသုံးပြုခဲ့ရခြင်းဖြစ်ကြောင်း၊ ပစ်မှတ် ၂-ခုကို တစ်ပြိုင်တည်း အရေးယူရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ သမ္မတကြီးခင်ဗျား .. ပစ်မှတ်တွေဟာ အတူတူရှိနေကြပါတယ်။ “

“ ၂-မိနစ် ၁၁-စက္ကန့် ထူးခြားလှုပ်ရှားမှု့ မရှိပါခင်ဗျား “

“ ပစ်ခတ်ရန် ၂-မိနစ် ၁၁-စက္ကန့်ဖြစ်ပါတယ် “ “ သူတို့တွေ ကားထဲ ဝင်သွားကြပါတယ် “ “ သံချပ်ကာ ယာဉ်ဖြစ်ပါတယ် “ “ ပစ်ခတ်ရန် ၁-မိနစ်ခန့် အလိုဖြစ်ပါတယ် ခင်ဗျား .. “

“ စက္ကန့် ၃၀ … “  “ ၁၀ .. ၉ ..  ၈ …  “ ( အဲဒီနောက် အသံအကျယ်ကြီး အားလုံး ကြားလိုက်ရပါတယ် )

“ ပစ်မှတ်များကို မစ်ဆိုင်းလ် ထိပြီ “

“ သူတို့အားလုံး ကြွသွားပါပြီ သမ္မတကြီးခင်ဗျား၊ “ “ မစ်ဆိုင်းလ်နဲ့ အာရုံခံ အဆက်အသွယ် စံနစ်များလဲ ပြတ်တောက်သွားပါပြီ  “

အစဉ်လေးစားစွာဖြင့်

#HtayOung

#ကာဆင်စူလမန်နီကို အမေရိကန်တို့ လုပ်ကြံခြင်း

https://www.reuters.com/article/us-iraq-security-soleimani-exclusive/exclusive-informants-in-iraq-syria-helped-u-s-kill-irans-soleimani-sources-idUSKBN1Z829L

https://www.reuters.com/article/rpb-soleimanicoverage/reuters-first-with-news-of-killing-of-iranian-general-soleimani-the-plot-to-attack-u-s-forces-and-how-informants-helped-target-the-commander-idUSKBN1Z924O

https://www.rt.com/news/477354-pentagon-confirms-soleimani-killing/

https://abcnews.go.com/Politics/leader-irans-elite-quds-force-killed-airstrike-reports/story?id=68039918

https://www.rt.com/news/477371-irans-khamenei-appoints-soleimanis-deputy/

https://www.rt.com/news/477358-democrats-us-airstrike-reaction/

https://www.rt.com/news/477369-iranian-protests-us-airstrike/

https://www.rt.com/news/477379-us-citizens-leave-iraq/

https://www.rt.com/news/477361-iraq-pm-condemnts-assassination/

https://www.rt.com/news/477377-netanyahu-backs-soleimanis-killing-us/

https://www.rt.com/news/477367-quds-assassination-russia-reaction/

https://www.rt.com/news/477557-tehran-general-soleimani-mourning/

https://www.rt.com/news/477543-us-dark-days-soleimani/

https://www.rt.com/usa/477603-esper-no-plans-leave-iraq/

https://www.rt.com/news/477589-iraq-us-ambassador-open-war/

https://www.thedailybeast.com/us-led-military-coalition-prepares-for-onward-movement-from-iraq-letter-says

https://www.rt.com/news/477604-netanyahu-distances-israel-soleimani-killing/

https://www.rt.com/op-ed/477558-iran-trump-nuclear-fordow/

https://www.aljazeera.com/news/2020/01/hashd-deputy-leader-abu-mahdi-al-muhandis-buried-iraq-najaf-200107184608000.html

https://www.newyorker.com/magazine/2013/09/30/the-shadow-commander

https://www.straitstimes.com/world/middle-east/once-promised-paradise-isis-fighters-end-up-in-mass-graves

https://apnews.com/75228a8a607a44863b57021ac33264dc

https://www.aljazeera.com/news/2019/12/protesters-embassy-baghdad-gear-sit-191231130210231.html

https://www.reuters.com/article/us-iraq-security-usa-idUSKBN1Z01N9

https://edition.cnn.com/2020/01/04/politics/trump-iran-soleimani-strike-concerns/index.html

https://www.washingtonexaminer.com/policy/defense-national-security/worlds-most-feared-drone-cias-mq-9-reaper-killed-soleimani

https://www.arabnews.com/node/1608386/middle-east

https://www.timesofisrael.com/35-people-reported-killed-in-stampede-at-soleimani-funeral/

https://www.dailymail.co.uk/news/article-7902549/They-one-minute-live-sir-Trump-boasts-moment-military-kills-Qassem-Soleimani.html

4+

2 Replies to “ကာဆင်စူလမန်နီကို အမေရိကန်တို့ လုပ်ကြံခြင်း By: Htay Oung”

Leave a Reply

Your email address will not be published.