ကာ့ဒ်တို့အပေါ် ထိုးစစ်ဆင်နေခြင်းကို ယာယီရပ်ဆိုင်း၍ အနည်းဆုံး နာရီ ၁၂၀ အပစ်အခတ်ရပ်စဲထားရန် တူရကီ သဘောတူ။ ဒေါ်နယ်ထရမ့်ပေးစာ တူရကီသမ္မတက အမှိုက်ပုံးထဲ ထည့်

တူရကီက ကာ့ဒ်ခေါင်းဆောင်သော ပြည်သူ့စစ်တို့အပေါ် ထိုးစစ်ဆင်နေခြင်းကို ယာယီရပ်ဆိုင်း၍ ၎င်းတို့အား နိုင်ငံ့နယ်စပ်မှ ဆုတ်ခွာခွင့်ပြုရေး သဘောတူညီလိုက်ကြောင်း တူရကီသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောကြားသည်ဟု Russia Today က ယနေ့ရေးသားသည်။

တူရကီသည် ကာ့ဒ်စစ်ဖက်ကျောထောက်နောက်ခံပြု စစ်သွေးကြွအစုအဖွဲ့တို့နှင့် အနည်းဆုံး နာရီ-၁၂၀ ကြာ အပစ်အခတ်ရပ်စဲထားမည်ဖြစ်သည်။ ထိုအတောအတွင်း တူရကီ “ Safe Zone “ တည်ဆောက်လိုသည့် နှစ်နိုင်ငံနယ်ခြားတစ်လျှောက်မှ ဆီးရီးယားနယ်မြေ မိုင်-၂၀ ဧရိယာအတွင်းရှိသူ ကာ့ဒ်တပ်များအားလုံး ဆုတ်ခွာရန် အချိန်ရရှိမည်ဖြစ်သည်။

စာဖြင့်ရေးသားထားသော တူရကီ၏သဘောတူညီချက်တွင် “ ငြိမ်းချမ်းရေးနွေဦးစစ်ဆင်ရေး “ ခေါ် စစ်ရေးဆောင်ရွက်မှုကို အပြည့်အဝရပ်ဆိုင်းထားရန်ဟု ဖော်ပြသော်လည်း “ Safe Zone “ ဆိုသည့်နေရာတွင် “ တူရကီတပ်မတော်က အကျိုးသက်ရောက်စေလိုသည့် အရင်းခံ “ ဟု အစားထိုးထားကြောင်း တွေ့ရှိရသည်။

အပြန်အလှန်အားဖြင့် ထို နာရီ ၁၂၀ ကာလအတွင်း စစ်ဆင်ရေးအပေါ်မူတည်သည့် နောက်ထပ်ဒါဏ်ခတ်ပိတ်ဆို့မှုများ မပြုလုပ်ရန်၊ အပစ်အခတ်ရပ်စဲခြင်း အမြဲတန်းတည်ရှိသည့်အခါ ပိတ်ဆို့အရေးယူမှုအားလုံးကို အမေရိကန်က ဖျက်သိမ်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။


တူရကီသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ရောက်ရှိနေစဉ်အတွင်း နယ်စပ်နှင့် နီးကပ်စွာတည်ရှိသည့် မြို့ကြီးများနှင့် မဟာဗျူဟာမြောက်အချက်အချာနယ်မြေများစွာတွင် ၎င်းတို့တပ်မတော်က ဝင်ရောက်နေရာယူပြီးဖြစ်ကြောင်း ဆီးရီးယားအစိုးရပိုင် သတင်းဋ္ဌာနက ကြေညာသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်ပိုင်းတွင် အချုပ်အချာနယ်မြေအား တူရကီ၏ ရန်လိုမှုမှ ကာကွယ်ရန် ဆီးရီးယားတပ်မတော်နှင့် ကာ့ဒ်တို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် တူရကီက Safe Zone ဝင်ရောက်တည်ဆောက်ခြင်းကို ဆိုလိုခြင် းဟုတ်မဟုတ် ရှင်လင်းစွာ မသိရချေ။

“ ဆီးရီးယားဒီမိုကရက်တစ်တပ် “ SDF ခေါ် ကာ့ဒ်ဦးဆောင်ပြည်သူ့စစ်အုပ်စုများ စိုးမိုးထားသည့် ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှစတင်ကာ တူရကီက စစ်ရေးကျူးကျော်မှု ပြုလုပ်ခဲ့သည်။ အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်သူများ ( IS, ယခင် ISIS ) တို့ကို အမေရိကန်က တိုက်ခိုက်ချေမှုန်း SDF တို့အား မြေပြင်အရေးပါ မဟာမိတ်အဖြစ် အမေရိကန်က အသုံးချခဲ့သည်။ သို့သော် SDF တို့မှာ တူရကီနိုင်ငံအတွင်း ခွဲထွက်ရေး ဥပဒေပြင်ပအဖွဲ့အစည်း PKK နှင့် တစ်ဂိုဏ်းတည်းသားများအဖြစ် တူရကီက သတ်မှတ်ထားသည်။

“ ကာဒစ်ပြည်သူ့အလုပ်သမားပါတီ “ PKK တို့သည် တူရကီအရှေ့တောင်ပိုင်းမှ ခွဲထွက်ရေးအတွက် ဆယ်စုနှစ်ချီ၍ ပုန်ကန်လျှက်ရှိကြရာ တူရကီက “ အကြမ်းဖက်အဖွဲ့အစည်း “ အဖြစ် ကြေညာခဲ့သည်။ တူရကီ၏ ကြေညာချက်ကို အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ဂျပန်တို့က လက်ခံခဲ့သည်။ လပေါင်းများစွာ ချိန်ဆခဲ့ပြီးနောက် တူရကီက စစ်ဆင်ရေးစတင်ခဲ့သည်။ လွန်ခဲ့သော ရက်တွင် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရန် ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့သည့်အတွက် အမေရိကန်အစိုးရအဖွဲ့အတွင်း အုတ်အော်သောင်းတင်းဖြစ်ခဲ့ရပြီး ကာ့ဒ်တို့အပေါ် သစ္စာဖောက်သည့် နောက်ကျောဒါးနှင့် ထိုးခြင်းအဖြစ် တံဆိပ်ကပ်ခံရသည်။ တူရကီ၏ “ ငြိမ်းချမ်းရေးနွေဦး “ မှာလည်း နိုင်ငံတကာ၏ ဝိုင်းဝန်းရှတ်ချခြင်းခံရပြီး အမေရိကန်က တူရကီအား စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့ခြင်း၊ ဥရောပနိုင်ငံကြီးများက လက်နက်ရောင်းချရန် ဆိုင်းငံ့သည်အထိ ဖြစ်ပေါ်သည်။ အမေရိကန်ရော တူရကီပါ အစိုးရအဖွဲ့အတွင်း ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရသည်။

သို့သော်လည်း အကြမ်းဖက်သမားကို နှိမ်နင်းရာတွင် မည်သည့်ဖိအားကိုမဆို တူရကီက အရှုံးပေးမည်မဟုတ်ကြောင်း သမ္မတအာဒိုဂန်က ကြုံးဝါးထားပြီး၊ တူရကီသို့ ရောက်ရှိလာမည့် အမေရိကန်ဝန်ကြီး ၂-ဦးတို့ကို မိမိအနေဖြင့် လက်ခံတွေ့ဆုံမည်မဟုတ်ကြောင်း ပြောကြားသည်။ ဒေါ်နယ်ထရမ့်က အမှာပါးလိုက်သည့် “ အရူးမထချင်ပါနဲ့ “ သဘောပါ ပေးစာကို အာဒိုဂန်က အမှိုက်ပုံးထဲ ထည့်လိုက်ကြောင်း သမ္မတရုံးသတင်းရင်းမြစ်များကို ကိုးကားလျှက် BBC နှင့် Middle East Eye က ဖော်ပြသည်။

ဆီးရီးယားမြောက်ပိုင်း စစ်ဆင်ရေးကို ယာယီရပ်ဆိုင်းကြောင်း တူရကီ နိုင်ငံခြားဝန်ကြီးဋ္ဌာနက အတည်ပြုရာတွင် မူလရည်မှန်းချက်များမှ အပြောင်းအလဲမရှိကြောင်း ယနေ့သတင်းထုတ်ပြန်သည်ဟု နိုင်ငံတကာမီဒီယာ များက ရေးသားသည်။

(( တူရကီက စဈဆငရြေးဆိုငြးငံ့ခှငြးကို ” လှလိုကတြဲ့ မှှမှေှေ့အကှကြ ” ဟု ဒေါနြယထြရမြ့က Twitter တှငြ ကှံဖနဖြားလိုကပြှီး တူရကီအပေါြ ကှာရှညစြီးပှားရေးပိတဆြို့ရနြ မရညရြှယဟြု ဖောပြှသညကြို တှေ့ရှိရသညြ။ ။ သတငြးဘာသာပှနသြူ ))

((( အောက်တိုဘာ- ၁၈၊ ၂၀၁၉ Russia Today., 17 Oct, 2019 , “Turkey to halt military operation against Kurds in N. Syria, ceasefire will last for 120 hours.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/471165-us-turkey-syria-ceasefire-kurds/

https://www.rt.com/news/471124-trump-letter-erdogan-trash/

https://www.rt.com/news/471172-turkey-us-syria-kurds-ceasefire/

https://www.rt.com/news/471170-trump-hails-syria-ceasefire/

0

Leave a Reply

Your email address will not be published.