ကိုဗစ်-နိုင်တင်းရောဂါပိုး ရှိ-မရှိ ၁၅-မိနစ်အတွင်း အဖြေထုတ်ပေးမည့် စမ်းသပ်ကိရိယာ အား အမေရိကန် FDA အသိအမှတ်ပြု ။ များများနှင့် မြန်မြန်စစ်နိုင်လျှင် ရောဂါပိုး အမြန်ဆုံးချုပ်ငြိမ်းမည့်အပြင် စီးပွားရေးတွက်ခြေကိုက်မည်

Credit: Zeyar Khine

ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ/ မရှိ ကို ၁၅-မိနစ်အတွင်း အဖြေထုတ်ပေးနိုင်မည့် စမ်းသပ်ကိရိယာကို အမေရိကန်နိုင်ငံ FDA ခေါ် အစားအသေက်နှင့် ဆေးဝါးဆိုင်ရာစီမံခန့်ခွဲမှု့ဌာနက အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်အတွက် လာမည့် ရက်သတ္တပတ်မှစတင်ကာ တစ်နေ့လျှင် အရေအတွက် ၅၀,၀၀၀ စီ ထုတ်လုပ်သွားမည်ဟု Abbott ကုမ္ပဏီက သောကြာနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်ကြောင်း The Hill က ယနေ့ ရေးသားသည်။  

Abbott ကုမ္ပဏီက တီထွင်ထုတ်လုပ်သည့် အဆိုပါ စမ်းသပ်ကိရိယာသည် ၇ ပေါင်မျှသာ အလေးချိန်ရှိပြီး လွယ်လင့်တကူ သယ်ဆောင်သွားနိုင်သည်။ ၁၅ မိနစ်အတွင်း အဖြေထုတ်နိုင်သဖြင့် အမြန်ဆုံး စမ်းသပ်ပစ္စည်း ဖြစ်ပြီး ယခင်က FDA အသိအမှတ်ပြု ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်ပစ္စည်းမှာ ၄၅ မိနစ်ကြာမြင့်သည်။

ရောဂါပိုး ရှိ-မရှိ စမ်းသပ်စစ်ဆေးနိုင်မှု လွယ်ကူခြင်းမှာ ကူးစက်မြန် ကပ်ရောဂါများ တိုက်ဖျက်ရေးတွင် အဓိက အချက်တစ်ချက် ဖြစ်သည်။ အရီဇိုးနားပြည်နယ်ရှိ ကျန်းမာရေးဌာနက သောကြာနေ့က ထုတ်ပြန်ရာတွင် စမ်းသပ်ကိရိယာများ ပြတ်လပ်မှုကြောင့် ကိုဗစ်-နိုင်တင်းလူနာများအား ရောဂါပိုး ရှိ- မရှိ စစ်ဆေးရန် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမှာ လာမည့် ရက်သတ္တပတ်အတွင်း တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာမည်ဟု မျှော်လင့်ရသည်။ ယခုအခါ အမေရိကန်သည် ရောဂါပိုးရှိသူ အသစ်တွေ့ရှိမှု၌ နေ့စဉ် ၁၄,၀၀၀- ဦးခန့် တိုးတက်မြင့်မားလာနေသည်။ ကျွမ်းကျင်သူများက ပြောကြားရာတွင် ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု နိဂုံးချုပ်စေရေးှနှင့်  စီးပွားရေးပြန်လည်နလန်ထူလာစေရေးတို့တွင်  ဗိုင်းရပ်စ်ပိုး စမ်းသပ်မှု များများစစ်ဆေး နိုင်ခြင်းအပေါ် အဓိကတည်မှီနေသည်။ စမ်းသပ်စစ်ဆေးရောဂါရှာဖွေမှု့ များများဆောင်ရွက်နိုင်သည်နှင့်အမျှ လူတိုင်းအား နေအိမ်များတွင် နေစေခြင်းထက် ရောဂါပိုးရှိသူများကိုသာ ရှာဖွေ၍ သီးခြားခွဲထုတ်ကုသ စေနိုင်မည် ဖြစ်သည်။

((( The Hill., March 27th, 2020, “  FDA authorizes 15-minute coronavirus test.” ကို #ZeyarKhine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ကိုရိုနာဗိုင်းရပ်စ်၁၅မိနစ်အဖြေပေးကိရိယာနှင့်FDA

https://thehill.com/policy/healthcare/489959-fda-authorizes-15-minute-coronavirus-test?fbclid=IwAR0Ga-uk2wuOM6vunINJXjUgetHL70W18cY9tud2CrN5pv3BX0s-OSPjRY4

0

Leave a Reply

Your email address will not be published.