ကိုဗစ်-နိုင်တင်းကြောင့် ဥရောပ ၃-နိုင်ငံ၌ သက်ကြီးပြုစုသူများတွင် အလောင်းထည့်ရန် လက်ကျန်အိတ် နည်းပါးနေ။ ကိုရိုနာဗိုင်းရပ်ကြောင့် အမေရိကန်၏ သေဆုံးသူ အရေအတွက် တရုတ်ထက် တစ်ထောင်ကျော် ပိုများလာ၊ ရောဂါပိုးစွဲကပ်ခံရသူ တစ်သိန်းကျော် ပိုမိုများပြားလျှက်ရှိ၊ အမေရိကန်တပ်မ တော်တွင် ဗိုင်းရပ်စ်ဖြင့် သေဆုံးသူ တွေ့ရှိ

ပြင်သစ်နိုင်ငံတွင် ကိုဗစ်-နိုင်တင်း ကူးစက်ရောဂါကပ်က သက်ကြီးရိပ်သာနေ အသက်အရွယ်ကြီးရင့်သူများကို ၎င်းတို့၏ အခန်းများအတွင်း အတင်းအဓမ္မ သီးခြားနေစေရန် ဖန်တီးလိုက်သလိုရှိသည်။ ၎င်းတို့အား စောင့် ရှောက်ပြုစုပေးရသူတို့မှာလည်း သူတို့ကိုယ်သူတို့ မဖျားမနာရှိစေရန် ကြိုးစားနေရစဉ် ရုပ်အလောင်းထည့်ရန် အိတ်များမှာလည်း နည်းပါးလာနေပြီဟု AP က ယနေ့ ရေးသားသည်။    

သို့သော် နောက်ထပ် လူဘယ်မျှလောက် ဖျားနာလိမ့်မည်ဆိုသည်ကို မည်သူမျှ အတိအကျ ခန့်မှန်းနိုင်ခြင်း မရှိ ပါ။ အီတလီ- စပိန်နှင့် ပြင်သစ်နိုင်ငံတို့၏ အစိုးရများ ခေါင်းမီးတောက်လျှက်ရှိကြပြီး သက်ကြီးရိပ်သာများနေ ဘိုးဘွားအရွယ်တို့ မည်ရွေ့မည်မျှ ဖျားနာသည်ကို ပုံမှန်စစ်ဆေးနိုင်ခြင်း မရှိကြပါ၊ ထိုမျှမက အရေအတွက် မည်မျှ ရောဂါလက္ခဏာပြလျှက်ရှိသည်ဆိုခြင်းနှင့် မည်မျှသေဆုံးသည်ဆိုခြင်းကိုပင် အတိအကျ မသိရှိကြ တော့ပါ။

ကမ္ဘာကြီးတစ်ခုလုံး၌ ကိုဗစ်-နိုင်တင်းရောဂါပိုး စွဲလျှက်ရှိကြောင်း အတည်ပြုခံရသူအားလုံး၏ ၃-ပုံ ၁-ပုံမှာ အဆိုပါ ၃-နိုင်ငံတွင် ရှိနေသည်။ ကျန်းမာရေးအာဏာပိုင်တို့က ရောဂါပျံံနှံ့ရာလမ်းကြောင်းကို ရှာဖွေလျှက်ရှိစဉ် အလေးထား စမ်းသပ်စစ်ဆေးရမည့်သူ ထောင်ပေါင်းများစွာ ကျန်ရှိနေသည်။ ထိုအတွက်နှင့် မရေမတွက်နိုင် သူတို့မှာ ဗိုင်းရပ်စ်ပိုး၏ သားကောင်အဖြစ် ကျဆင်းလျှက်ရှိသည်။

ကိုဗစ်-နိုင်တင်းရောဂါကြောင့် သေဆုံးသူအရေအတွက် ရရှိရန် ဆေးရုံများအပေါ် အလွန်အကျွံမှီခိုခြင်းက SARS-CoV-2 ဗိုင်းရပ်စ်ပိုး ပျံ့နှံ့စေခြင်း၏ အဓိက ပြဿနာဖြစ်သည်။ ဆေးရုံများသည် သက်ကြီးရွယ်အိုတို့၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်ခြင်းခံရလျှင် အောင်မြင်စွာ ကုသရန် အခွင့်အလမ်းနည်းပါးသည်ဟု ပြတ်ပြတ် သားသားဆုံးဖြတ်ရန် တွန့်ဆုတ်နေကြသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော အမေရိကန်သည် စုစုပေါင်းသေဆုံးသူ ( ၄,၀၇၆-ဦး ယနေ့နံနက် ၀၉း၄၇-နာရီ ) ဖြင့် ၃-လအတွင်း တရုတ်၌ သေဆုံးသူ ၃,၃၁၀-ဦး ထက် ပိုမိုများပြား လာ ကြောင်း John Hopkins University အချက်အလက်များအား ကိုးကား၍ Russia Today က ယနေ့ရေးသား သည်။

အင်္ဂါနေ့တစ်ရက်တည်းတွင် အမေရိကန်၌ ဗိုင်းရပ်စ်ပိုးကူးစက်လျှက်ရှိကြောင်း ၁,၂၀၀၀ ကျော် ထပ်မံတွေ့ရှိခြင်း ကြောင့် ဗိုင်းရပ်စ်ပိုး စွဲကပ်ခံရသူ စုစုပေါင်း ၁၉၀,၀၀၀ နီးပါး ဖြစ်လာခဲ့ရာ တရုတ်၏ ယခုထိ ကူးစက်ခံရသူအ ရေအတွက် ၈၂,၀၀၀ ထက် ၂-ဆ သို့ဟုတ် လူ တစ်သိန်းကျော် ပိုမိုများပြားနေခြင်းဖြစ်သည်ဆို၏ ။

အချိန်တိုအတွင်း သေဆုံးဖျားနာသူ အလွန်များသဖြင့် ဆေးရုံများတွင် လက်ခံကုပေးနိုင်မည့် နေရာနှင့် ကျန်းမာ ရေးဝန်ထမ်းအခက်အခဲရှိလာသည်။ အထူးသဖြင့် နယူယောက်တွင် အမေရိကန်တပ်မတော် တပ်ဖွဲ့ဝင်များအား “အလောင်းလက်ခံအအေးခန်း” တာဝန်အဖြစ် စေလွှတ်ပေးနေရလျှက်ရှိသည်၊ FEMA ခေါ် ဖက်ဒရယ်အရေး ပေါ်စီမံခန့်ခွဲမှုအေဂျင်စီအနေဖြင့်လည်း အအေးခန်းမော်တော်ယာဉ်များအား “အလောင်းသယ်အအေးခန်း” များအဖြစ် ပြောင်းလဲ အသုံးပြုနေရသည်။

ထိုစဉ်အတောအတွင်း နယူးဂျာဆီပြည်နယ် အမျိုးသားစောင့်ရှောက်ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦး သေ ဆုံးကြောင်းနှင့် အမေရိကန်တပ်မတော်၌ ပထမဆုံးအကြိမ် ကိုဗစ်-နိုင်တင်းဗိုင်းရပ်စ်စွဲရောဂါဖြင့် သေဆုံးသူ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စ်ပါ၏ တနင်္လာနေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်ကို အလဲထိုးအနိုင်ယူခဲ့သော တရုတ်အား အသိအမှတ်ပြုရန် အနောက်နိုင်ငံအစိုး ရနှင့် မီဒီယာတို့ ငြင်းဆန်လျှက်ရှိစဉ်၊ အနောက်နိုင်ငံများ၏ ကူးစက်ကပ်ရောဂါတိုက်ဖျက်ကာကွယ်ရေး ထိ ရောက်မှု့အတိုင်းအတာကို မိမိလေ့လာလျှက်ရှိကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောဆို သည်ဟု လွန်ခဲ့သည့် မတ်-၂၈ ရက်၌ တွေ့ရှိရကြောင်း Russia Today ၏ အခြားသတင်းတစ်တွင် တွေ့ရှိရသည်။

တရုတ်၏ နိုင်ငံရေးစံနစ်အကျိုးဖြစ်ထွန်းပုံကို မနာလိုခြင်းနှင့် ကိုယ့်တိုင်းပြည်ကိုယ်တိုင်မှာလည်း စွမ်းဆောင် ရည် မပြည့်ဝခြင်းတို့ကြောင့် တရုတ်အား “ အာဏာရှင် “ တံဆိပ်ကပ်ရန် ကြိုးစားခဲ့ကြကြောင်း၊ အလွန်များပြား သော လူဦးရေပမာဏအပေါ် စိန်ခေါ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်ခုခံရာတွင် ထိုသို့ “ အာဏာ ရှင်အဖြစ် “ တစ်ပြေးညီဝေဖန်ခံခဲ့ရသည့် တရုတ်၏ ရောဂါခြေချုပ်အတိုင်းအတာက အလွန် ထိရောက် အောင် မြင်ခဲ့သည်မှာ လက်တွေ့ဖြစ်ကြောင်း ဖော်ပြထားပြီး၊ တောင်ကိုရီးယား- ဂျပန်နှင့် စင်္ကာပူတို့၏  “ အာရှပုံစံ ဒီမိုကရေစီ ”  ကို ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်၌ ချီးကျူးရေးသားထားသည် ဆို၏။

(( တရုတ်၏ Lock-Down ပြုလုပ်ပုံမှာ တစ်နိုင်ငံလုံး၌ မဟုတ်ပဲ ဟူဘေးပြည်နယ်၌သာဖြစ်ပြီး၊ တစ်မြို့လုံး Quarantine ရောဂါခြေချုပ်ချသည်မှာ ဝူဟန်မြို့သာဖြစ်ကြောင်း သတိပြုမိပါသည်။ ကျန်ပြည်နယ်များတွင် အသွားအလာ တားဆီးကန့်သတ်ခြင်း Movement Restriction နှင့်၊ စောင့်ကြည့်စစ်ဆေးခြင်း Scanning များ အလေးထားဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရက်ရှည် Lock-Dwon ချမိရာ နောက်ဆက်တွဲ အခက်အခဲများစွာ ကြုံတွေ့ရသည်။ စည်ကားသောမြို့ကြီးများအား မှီခိုလျှက် နယ်ဝေးမှ လာရောက်အလုပ်လုပ်သူ သန်းချီကာ အလုပ်လက်မဲ့ဖြစ်သွားရသည်။ တရားဥပဒေစိုးမိုးစေရန် ရဲတပ်ဖွဲ့အင်အားကို အလွန်အကျွံသုံးခဲ့သည်။ အလွန်များပြားလှသော လမ်းပေါ်ရောက် ခြေလျှင်နေရပ်ပြန်လူစုလူဝေးကြီးဖြင့် အသွားအလာတားဆီး ကန့်သတ်ခြင်းရည်ရွယ်ချက်မှာလည်း သဲထဲရေသွန် ဖြစ်ရယုံမက ရောဂါပိုမိုပျံ့နှံ့စေရန် တမင်ဖန်တီးသလိုသည်။

((( AP., Apr. 01, 2020, “Nursing homes have too few body bags, many uncounted dead.”  ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://apnews.com/44b668a1e983f4f7c06e47f102307819

https://www.rt.com/usa/484534-pentagon-us-army-coronavirus-death/

https://www.rt.com/usa/484625-us-china-coronavirus-deathtoll/

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.rt.com/usa/484533-new-york-pentagon-mortuary/

https://www.rt.com/news/484490-china-coronavirus-envy-critics/

0

Leave a Reply

Your email address will not be published.