Covid-19 ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါ ပျံ့နှံ့မှုကို နိုင်ငံတကာတွင် အပတ်တကုတ် ကြိုးစားတိုက်ဖျက်လျှက်ရှိသည့်တိုင် ရောဂါပိုးကူးစက်မှု့မှာ လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ တဖြည်းဖြည်းမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။
တနင်္လာနေ့ တစ်ကမ္ဘာလုံးတွင် ၁-ရက်တည်း၌ ရောဂါကူးစက်မှု့ ၃၂,၄၃၃ ခု ထပ်မံဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ရောဂါဖြစ်ပွားမှုအရေအတွက်မှာ ၃၅၁,၇၃၃ ဖြစ်ကြောင်း Worldometers ဖော်ပြချက်အရ သိရှိရသည်။
ဗိုင်းရပ်စ်ပိုးစွဲကပ်ခံရသူ အရေအတွက်မှာ ၂၂၄,ဝ၃၁ ရှိပြီး ၎င်းတို့၏ ၉၅- % မှာ သာမန်ရောဂါဝေဒနာများ ခံစားနေကြရသည်။ ကျန် ၅ % သို့မဟုတ် လူနာပေါင်း ၁၀,၅၅၃ -ဦးတို့မှာ စိုးရိမ်ရသော အခြအနေအနေ၌ ရှိသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်လွှား၌ ရောဂါကူးစက်ခြင်းခံရသော်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၀၀,၆၀၅ ဦးမှာ ဆေးကုသမှု ကင်းလွတ်ခဲ့ပြီးဖြစ်သည်။
SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ဟူဘေးပြည်နယ်
ဝူဟန်မြို့ဈေးရှိ တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ကူးသန်းရောင်းဝယ်မှုမှ ထွက်ပေါ်လာကြောင်း
မှတ်ယူကြသည်။ ၂၀၁၉- ခုနှစ် ဒီဇင်ဘာလတွင် အသစ်တွေရရှိရသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်
ပြင်းထန်အသက်ရှုလမ်းကြောင်းရောင် ရောဂါဖြစ်စေကြောင်းနှင့် နှာချေ-ချောင်းဆိုးရာမှ လွင့်စင်လာသောသောအမှုန်အမွှားများမှတဆင့်
လူအချင်းချင်း ကူးစက်ရောဂါ ပျံ့ပွားစေနိုင်ကြောင်း သိရှိလာခဲ့သည်။ ဇန်နဝါရီလတွင် တရုတ်အစိုးရက
ဝူဟန်မြို့နေ လူ ၁၁-သန်းတို့အား ထိရောက်တင်းကြပ်သော တားဆီးပိတ်ဆို့မှုများ စတင်ပြုလုပ်သည်။
ယခုအချိန်ထိ နိုင်ငံနှင့် နယ်မြေပေါင်း ၁၈၈ -ခုတို့တွင် ကူးစက်ကပ် ရောဂါကျရောက်လျှက်ရှိပြီး စတင်သိရှိချိန်မှစ၍ လူပေါင်း ၁၅,၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ရောဂါကူးစက်မှု အလွန်လျှင်မြန်ကြောင်း ကမ္ဘာအနှံ့ သတိပေးချက် ထွက်ပေါ်လျှက်ရှိသော်လည်း ရောဂါလက္ခဏာပြသခြင်းမတိုင်မီ ပျံ့ပွားနှုန်းနှင့် သေဆုံးနှုန်းတို့ကို အတိအကျ မသိရှိရသေးသဖြင့်စိုးရိမ်ဖွယ်ရာဖြစ်သည်။
(( ကမ္ဘာအရပ်ရပ် နေရာဒေသအချို့နေ လူအများတွင် အရေပြားရောဂါ၊ ခဲဆိပ်-ပြဒါးဆိပ်သင့်ခြင်း စသည့် ရောဂါဝေဒနာများ ဖြစ်ပွားခဲ့ဖူးသည်။ အမှိုက်စွန့်ပစ်သည့်စံနစ်အမှားကြောင့် အနီးအနားနေထိုင်သူများ ပြဒါးဆိပ်- အရေပြားရောဂါ သင့်ကြရပြီး ပေးဝေသည့် သောက်ရေကြောင့် ခဲဆိပ်သင့်ကြရခြင်းဖြစ်သည်။ သို့သော် အဆိုပါ ရောဂါတို့မှာ အခြားဒေသတစ်ခုနေသူများအား ကူးစက်ခြင်းမရှိချေ။
ထို့အတူ ရောဂါအချို့သည် မျိုးရိုးလိုက်တတ်သည်။ ရောဂါအတော်များများမှာ လူအချင်းချင်း ကူးစက်နိုင်ခြင်း မရှိပါ။
တုတ်ကွေးဖျား Flu သည် လူတစ်ဦးမှ တစ်ဦးသို့ “ ကူးစက်စေသည့်ရောဂါ “ Epidemic “ အက်ပီဒမ်မစ်”
ဖြစ်သည်။ “ ဒေသ-မြို့-ရွာ-ရပ်ကွက်-လူတစ်စု၌ ယာယီကျရောက်သော ရောဂါ ” ဟု ဆိုလိုသည်။ အဆိုပါရောဂါသည်
တစ်နိုင်ငံမှ တစ်နိုင်ငံ၊ တိုက်ကြီး တစ်ခုမှ တစ်ခု၊ ကမ္ဘာအရပ်ရပ်သို့တိုင် ပျံံ့နှံ့သွားခဲ့လျှင်
“ နိုင်ငံတကာ ကူးစက်ကပ်ရောဂါ “ Pandemic “ ပန်ဒမ်မစ် “ ဟု ခေါ်ပါသည်။
Epidemic နှင့် Pandemic နှစ်မျိုးစလုံးတွင် နောက်မှ လာသော -demic ဆိုသည်မှာ
democracy ဒီမိုကရေစီ ဟု အင်္ဂလိပ်တို့ မွေးစားယူလိုက်သော မူရင်း ဂရိဘာသာ “demos “ ဖြစ်ပြီးလျှင်
“ လူအများ “ ဟု အဓိပ္ပါယ်ရှိသည်။
Epidemic တွင် ဦးတပ်စကား Epi- ဆိုသည်မှာ မြန်မာဘာသာ “ ၌- မှာ- တွင်- က- ဝယ်- အနီး“ ဟု ဆိုလိုသည်။
Pandemic တွင် ဦးတပ်စကား Pan ဆိုသည်မှာကား Epi ထက်ပိုမိုကျယ်ဝန်းပြီးလျှင် “ နေရာတကာ၊ အများ၊ အားလုံး “ ဟု ဆိုလိုပါသည်။
မတ်လ ၁၁-ရက် ၂၀၂၀ ပြည့်နှစ် Covid-19 နှင့် ပတ်သက်၍ WHO က တရားဝင် သတ်မှတ်ကြောင်း ကြေညာ
ချက်မှာ “ နိုင်ငံတကာပျံ့နှံ့သော ကူးစက် ကပ်ရောဂါသစ် “ ဟူသတည်း။
ကမ္ဘာအနှံ့ “ Covid-19 ခေါ် ပြင်းထန် ကူးစက်ရောဂါကပ် ကျရောက်ပြီ “ ဟု ဆိုလိုခြင်းဖြစ်ပါသည်။
။ သတင်းဘာသာပြန်သူ ))
((( Dhaka Tribune., March 23rd, 2020 , “Coronavirus: 32,433 new cases reported
worldwide.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ်ဖော်ပြချက်
များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))
#ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါ #အက်ပီးဒမ်မစ် #ပန်ဒမ်မစ်
https://www.dhakatribune.com/world/2020/03/23/coronavirus-32-433-new-cases-reported-on-sunday
https://www.worldometers.info/coronavirus/
https://www.dictionary.com/e/epidemic-vs-pandemic/
=====