ကိုယ်ဝန်ဆောင် အမျိုးသမီးသူနာပြု Covid-19 ရောဂါဖြင့် သေဆုံးသော်လည်း မွေးဖွားပြီး ကလေးငယ် အသက်ရှင်။

Credit: Mal Nyeinn

Covid-19 ရောဂါဝေဒနာခံစားရလျှက်ရှိသည့် သူနာပြုဆရာမလေး မေရီသည် သူ နက်ရှိုင်းစွာ တန်ဖိုးထား ချစ်မြတ်နိုးရသော ကလေးငယ်ကို အောင်မြင်စွာမွေးဖွားပြီးနောက် ကွယ်လွန်ရှာပြီဖြစ်ကြောင်း BBC အား ကိုးကား၍ Dhaka Tribune က ယနေ့ရေးသားသည်။

အသက် ၂၈ နှစ်အရွယ် မေရီသည် လူတန်နှင့် ဒမ်စတေဘယ် တက္ကသိုလ်ဆေးရုံတွင် ၅-နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့၌ ကွယ်လွန်ခြင်းဖြစ်သည်ဆို၏။

ကလေးငယ်မှာ ကောင်းစွာ ကျန်းမာလျှက်ရှိကြောင်း ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသော်လည်း ထိုထက်ပို၍ သတင်းအချက်အလက်ပေး၇န် မရှိကြောင်း ပြောဆိုသည်။


မေရီအဂ်ရီဝါအဂ်ယာပွန် အမည်ရှိ အမျိုးသမီးသည် Covid-19 ရောဂါဖြစ်ပွားလျှက်ရှိကြောင်းသိရှိပြီး ၂-ရက်အကြာ လွန်ခဲ့သည့် ဧပြီ ၇-ရက်နေ့၌ ဆေးရုံတက်ခဲ့ခြင်းဖြစ်ကြာင်း သိရှိရသည်။

အမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS ဖောင်ဒေးရှင်းအမှုဆောင်အရာရှိချုပ်၊ ဘက်ဖို့ရှိုင်းယားဆေးရုံများ အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ကာတာက ပြောဆိုရာတွင် မေရီသည် အလွန်ထူးချွန်သော သူနာပြုကောင်းတစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့ လေးစားလိုက်နာရမည့် ယုံကြည်ချက်ကို ကောင်းစွာပြသပေးခဲ့ကြောင်း၊ မေရီ၏မိသားစုဝင်များ မိတ်ဆွေသူငယ်ချင်းများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထပ်လောင်းပြောကြားသည်။

မေရီ၏ ခင်ပွန်းဖြစ်သူမှာလည်း Covid 19 ရောဂါပိုးစွဲကပ်လျှက်ရှိကြောင့် လောလောဆယ် သီးခြားထား ကုသပေးနေရသည်။ မေရီအား ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် လုပ်ဖော်ကိုင်ဖက်များက ကျန်ရစ်သူ မိသားစုအား ထောက်ပံ့ရန်အတွက် မေရီ၏ လက်ထပ်နာမည် “ မေရီဘိုအာတန် “ အမည်ဖြင့် ရံပုံငွေရှာဖွေရေးအဖွဲ့ ထူထောင်ခဲ့ကြသည်။ အဆိုပါအဖွဲ့မှာ ယမန်နေ့နံနက်ပိုင်းအထိ အမေရိကန်ဒေါ်လာ ၅,၆၀၀ ကျော်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

“ မေရီဟာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးပါ၊ နှစ်အနည်းငယ်လောက် သူနဲ့အတူ အလုပ် လုပ်ခဲ့ဖူးပါတယ်။ သူဟာ NHS ရဲ့ သူနာပြုတစ်ယောက်အဖြစ် ဘဝတစ်ခုလုံးကို မြှုပ်နှံထားခဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတာ ထိုက်တန်ပါတယ်.. “ ဟု လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးက အဖွဲ့၏ အမှတ်တရစာမျက်နှာ၌ ရေးသားထားသည်။

အခြားတစ်ဦးကမူ “ ခုချိန်ဟာ မေရီသယ်ဆောင် ပေးခဲ့တဲ့ ကိုယ်ကျိုးမဖက် စွန့်လွှတ်တဲ့ စိတ်ဓါတ်ကို ကျွန်မတို့ ပြန်လည်ကြည့်ရှု့ဖို့ အချိန်ရောက်နေပါပြီ၊ အနည်းအကျဉ်းလောက် အရာတစ်ခုခု ပေးစေဦးတော့ လိုအပ်နေတဲ့ မေရီ့မိသားစုအတွက် အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်သွားမှာပါ၊ မေရီ့ကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုနဲ့ မိတ်ဆွေများအတွက် အရမ်းဝမ်းနည်းမိပါတယ်။ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ .. အစ်မ မေရီရေ .. “ ဟု ရေးသားထားသည်။

(( မှတ်ချက်။ ။ Covid-19 ရောဂါပိုးစွဲကပ်လျှက်ရှိသူ မေရီမှာ ကလေးငယ်မွေးဖွားပြီးနောက် သေဆုံးသွားပြီ ဖြစ်ပါသည်။ လူ့လောကသို့ အပြစ်ကင်းစွာချဉ်းနင်းဝင်ရောက်လာသူ ကလေးငယ်မှာ ကျန်းမာလျှက်ရှိကြောင်း သိရှိရသော်လည်း ကိုရိုနာဗိုင်းရပ်စ် စွဲကပ်လျှက် ရှိ-မရှိ ဆေးရုံတာဝန်ရှိသူများကလည်း မပြော၊ သတင်းတွင် လည်းမပါ၊ ကျွန်တော်များလည်း ချောက်တင်းပြောရန် မရှိပါကြောင်း ))

((( Dhaka Tribune., April 16, 2020,” Coronavirus: Pregnant nurse dies but baby ‘well’ after delivery.” ကို #MalNyeinn ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၍ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးသော်လည်းကလေးငယ်အသက်ရှင်

https://www.dhakatribune.com/health/coronavirus/2020/04/16/coronavirus-pregnant-nurse-dies-but-baby-well-after-delivery

Leave a Reply

Your email address will not be published.