ကိုရိုနာဗိုင်းရပ်စမ်းသပ်စစ်ဆေးနှုန်း ကမ္ဘာ့အဆိုးရွားဆုံး ( ၄ ) နိုင်ငံ။ မျက်စိစုံမှိတ်လျှက် မီးငြိမ်းသတ်၍ မရ။ မည်သူ မည်ဝါတို့ကူးစက်ခံနေရကြောင်း အသေအချာမသိပဲ ကူးစက်ကပ်ရောဂါကို ရပ်တန့်ပစ်ရန်မဖြစ်နိုင်။

Credit: Mal Nyeinn

Worldometer ဝဘ်ဆိုဒ်တွင် ဖော်ပြသော နိုင်ငံတကာကူးစက်ရောဂါဆိုင်ရာ အချက်အလက်များအရ လူဦးရေသန်း ၅၀ နှင့်အထက်ရှိသောနိုင်ငံများတွင် အင်ဒိုနီးရှားသည် လူဦးရေ ၁- သန်းလျှင် ၃၆ ယောက်သာ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်ခြင်း ရှိ- မရှိ စစ်နေသည်။ အဆိုပါစာရင်းတွင် ကမ္ဘာ့အဆိုးရွားဆုံး ၄-နိုင်ငံကိုဖော်ပြထားပြီး အင်ဒိုနီးရှား၊ အီသီယိုပီးယား၊ နိုင်ဂျီးရီးယားနှင့် ဘင်္ဂလားဒက်ရှ်တို့ပါဝင်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

လူဦးရေ ၁-သန်းလျှင် အီသီယိုပီးယားသည် ၁၆-ယောက်နှုန်းဖြင့် အဆိုးရွားဆုံးတွင် ပထမ၊ ဘင်္ဂလားဒက်ရှ် ၁၈-ယောက်၊ နိုင်ဂျီးရီးယား ၁၉-ယောက်၊ အင်ဒိုနီးရှားသည် ၃၆-ယောက်ဖြင့် စတုတ္ထနေရာ၌ တည်ရှိနေသည်ဟု The Straight Time က ဆိုပါသည်။

အလားတူ နှိုင်းယှဉ်ကြည့်ရလျှင် လူ၁- သန်းလျှင် တောင်ကိုရီးယား၌ ၈,၉၉၆ -ယောက်၊ စင်ကာပူ ၆,၆၆၆ -ယောက်နှင့် မလေးရှား ၁,၆၀၅ ယောက်တို့ကို စမ်းသပ်စစ်ဆေးလျှက်ရှိကြသည်။

အင်ဒိုနီးရှားသည် အီသီယိုးပီးယားကဲ့သို့ နိုင်ငံများကြားတွင် အဆင့်သတ်မှတ်ချက် လျှောကျလျှက် ပါဝင်နေခြင်းမှာ အံ့အားသင့်စရာဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် အင်ဒိုနီးရှားတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စီးပွားရေးတည်ရှိနေသည်။ GDP အနေဖြင့်ကြည့်လျှင်လည်း တန်းတူအဆိုးရွားဆုံးဟု ဆိုသော ကျန် ၃- နိုင်ငံတွင် မည်သည့်နိုင်ငံနှင့်မဆို ၃-ဆကျော် ပိုများသည်။

အင်ဒိုနီးရှားနိုင်ငံသည် နေထိုင်သူ သန်း ၂၇၀ ကျော်အနက် ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်ကြောင်း သံသယရှိသူ အရေအတွက်အနည်းငယ်ကိုသာလျှင် စစ်ဆေးနေသည်။ ဤတွင် ဗိုင်းရပ်စ်ပိုးစွဲကပ်မှုကို လုံလောက်စွာ မပြုလုပ်ပဲ ကူးစက်ကပ်ရောဂါကို ရပ်တန့်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ အထူးသဖြင့် ရောဂါပျံ့ပွားပုံကိုလည်း ရှင်းလင်းစွာ မမြင်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးပါသည်။

လွန်ခဲ့သည့် မတ်လ ၁၆-ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ” မျက်စိ စုံမှိတ်ပြီး မီးငြိမ်းသတ်လို့မရဖူးလို့ စကားပုံရှိပါတယ်။ ဘယ်သူဘယ်ဝါတွေ ကူးစက်ခံနေရလဲဆိုတာ အသေအချာမသိပဲ ကူးစက်ကပ်ရောဂါဆိုတာကို ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်ပါဘူး၊

နိုင်ငံအားလုံးအတွက် ရိုးရိုးရှင်းရှင်း တိုက်တွန်းရရင် သံသယဖြစ်ဖွယ်ကိစ္စတိုင်းကို စစ်ဆေးပါ၊ စစ်ဆေးပါ၊ စစ်ဆေးပါ ဆိုတာကိုပါပဲ .. “ ဟု ပြောဆိုသည်။

(( Dhaka Tribune က The Strait Time မှ ကူးယူဖော်ပြရာတွင် ကိုရိုနာဗိုင်းရပ်စမ်းသပ်စစ်ဆေးနှုန်း ကမ္ဘာ့ အဆိုးရွားဆုံး ၄-နိုင်ငံအနက် အီသီယိုပီးယားသည် ၁၆-ယောက်ဖြင့် ပထမ၊ အင်ဒိုနီးရှားသည် ၃၆-ယောက်ဖြင့် စတုတ္ထဟု ဆိုပါသည်။

Worldometer တွင် ဖော်ပြချက်အရဆိုလျှင် မြန်မာနိုင်ငံသည် နေထိုင်သူ ၁-သန်းလျှင် စစ်ဆေးခံရသူ ၂၃ – ယောက်ရှိကြောင်း တွေ့ရှိရသည်။

ထိရောက်စွာ မီးသတ်လိုပါလျှင် ဘယ်နေရာတွင် ဘယ်လောက်များများ မီလောင်နေကြောင်း အတိအကျ သိမှ ဖြစ်ပါလိမ့်မည် ။))

((( Dhaka Tribune., April 6th, 2020. “Coronavirus test rate: Bangladesh among 4 worst countries “ ကို #MalNyein ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2020/04/06/along-with-indonesia-bangladesh-in-4-worst-countries-for-coronavirus-test-rate

https://www.worldometers.info/coronavirus/

#ကိုရိုနာဗိုင်းရပ်စ်ရောဂါ စမ်းသပ်စစ်ဆေးနှုန်းကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံများ

1+

Leave a Reply

Your email address will not be published.