ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုတိုင်း ကြောက်စရာလား။ စိတ်ဖိစီးမှု သက်သာစေရန် ခေါင်းတလားများကို ဂျပန်တွင် အသုံးပြုနေ။ လွှစက်ကိုင် ဇွန်ဘီးဖုတ်ကောင်များ ဝိုင်းရံ၍ ကြောက်မက်ဖွယ် ဇာတ်လမ်းများ နားဆင် ရှု့စားကြရမည်။

ဂျပန်နိုင်ငံ၌ အုပ်စုတစ်စုသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွက် စိတ်စိုးရွံ့မှုကို ဖယ်ရှားပစ်လိုသူများအား လွှစက်ကိုင် ဇွန်ဘီးဖုတ်ကောင်များ ဝိုင်းရံထားသည့် အသုဘခေါင်းအတွင်း ဝင်ရောက်စေခဲ့သည်ဟု Reuters ( 22, Aug 2020 ) က ရေးသားသည်။


ယခု တနင်္ဂနွေနေ့၌ တိုကျိုမြို့ရှိ ဖောက်သည်တို့အနေဖြင့် ၆-ပေခွဲအရွယ်ရှိ မှန်ခေါင်းတလားများအတွင်း ဝင်ရောက်လဲလျှောင်းကာ ကြောက်မက်ဖွယ်ဇာတ်လမ်းများ နားထောင်ခြင်း၊ သရုပ်ဆောင်မှုများအား ကြည့်ရှု့ခြင်း၊ လက်အတုများဖြင့် တို့ခြင်းနှင့် ရေဖြင့်ပက်ခြင်းတို့ကို ခံယူနိုင်ခဲ့သည်ဆို၏။ ဖျော်ဖြေမှုတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာလ လူချင်း နီးကပ်မှု ဝေးကွာစေခြင်း Social Distancing တို့ကိုလည်း မထိခိုက်ပေ။


“ ကြောက်တဲ့ အုပ်စု “ သူအမည်ပေးထားသည် ၁၅ နှစ်မိနစ်ကြာ အစီအစဉ်ကို ကာဝါဂါယာဆီတိုင်ကုမ္ပဏီက ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ “ ကူးစက်ကပ်ရောဂါဟာ အင်မတန်စိတ်ဖိစီးပါတယ်၊ စိတ်လှုပ်ရှားစရာ ကောင်းကောင်းပေးပြီး စိတ်ပင်ပန်းမှုတွေကို နည်းနည်းလောက် သက်သာစေနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် … “ ဟု ကုမ္ပဏီညှိနှိုင်းရေးမှူး ကင်တာအိုင်ဝါနာက ရှင်းပြသည်။ 


သောကြာနေ့ တစ်ရက်တည်းတွင် ကူးစက်မှုခံရသူ ၁,၀၃၄ -ဦး ထပ်မံတွေ့ရှိခြင်းနှင့်အတူ ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု မြင့်တက်လျှက်ရှိသည်။ အိုင်ဝါနာ ( ၂၅-နှစ် ) အတွက် ပန်းခြံကဲ့သို့ အပန်းဖြေနေရာမျိုးတွင် ဖျော်ဖြေလေ့ရှိသည့် သရုပ်ဆောင်များကို ရှာဖွေရန် အတော်လေး လက်ဝင်ပါသည်။ ပြီးခဲ့သည့်လက အိုင်ဝါနာအနေဖြင့် ကားမောင်းစဉ် ထိတ်လန့်စရာ ပြကွက်ကို တင်ဆက်ခဲ့သေးသည်။ ဖောက်သည်များကလည်း အပြောင်းအလဲများကို ရှာဖွေနေကြသည်။ 


“ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ကြတော့ နေ့စဉ်လူမှုရေးကိစ္စ အတော်များများ ပျက်ပြားသွားရပါတယ်။ ကျွန်တော်က စိတ်ဖိစီးမှုကို ဖယ်ရှားဖို့ နည်းလမ်းရှာနေတာပါ၊ ခုတော့ အတော် စိတ်သက်သာရာ ရပါတယ်.. “ ဟု ယန်း ၈၀၀ ( အမေရိကန်ဒေါ်လာ ၇.၆၀ ခန့် ) ပေးကာ အသုဘခေါင်းအတွင်း ဝင်ခဲ့သူ ကာဇူရှီရိုဟာရှီဂူချီ ( ၃၆-နှစ် ) က ပြောဆိုသည်။


ဖောက်သည်များမှာ မြို့တော်သို့ ညအိပ်ခရီးစဉ် ဘတ်စ်ကားများဖြင့် လာရောက်သူများ အနားယူလေ့ရှိသည့်နေရာတွင် ရှိတတ်သည်။ အိုင်ဝါနာက သူ၏တင်ဆက်မှုကို မိုဘိုင်းပြကွက်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် မျှော်လင့်ထားသည်။ 

“ ဒီအတွက် ဘယ်နေရာမဆို ရွှေ့ပြောင်းနိုင်ဖို့ လိုပါတယ်၊ အသုဘခေါင်း ဆိုတာကလဲ သယ်ဖို့ လွယ်ပါတယ်။ အဲဒါကို အမှောင်ခန်းထဲ ချထားဖို့ပဲ လိုတာပါ။ ဒါဟာ ကျွန်တော်တို့အတွက် သမ္မာအာဇီဝအလုပ် ကောင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ဖောက်သည်တွေအတွက်လဲ အတော် အားရ ကြေနပ်ကြပါတယ် “ ဟု အိုင်ဝါနာက ပြောဆိုသည်။ 

(( အိုင်ဝါနာ၏ ကလုန်နာကြောက်စိတ်ဖျောက်နည်းမှာ ကျွန်တော့် ဂျီးဒေါ်ကြီးသာဆိုလျှင် ရှူရှူထွက်ကျမည် မှာသေချာနေပါ၍ နို့ဆီခွက်လေး ကိုင် သွားရမည် ထင်ပါသည်။ ။ သတင်းဘာသာပြန်သူ )) 

#ကိုရိုနာဗိုင်းရပ်စ်နှင်ဂျပန်အသုဘခေါင်းတလား 

((( Reuters., 22 Aug 2020,” COVID-19 scary? Japan group offers coffins, chainsaws for stress relief “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.reuters.com/article/us-health-coronavirus-japan-coffins/covid-19-scary-japan-group-offers-coffins-chainsaws-for-stress-relief-idUSKBN25I08Z

https://bdnews24.com/world/asia-pacific/2020/08/22/covid-19-scary-japan-group-offers-coffins-chainsaws-for-stress-relief 

0

Leave a Reply

Your email address will not be published.