ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှန်းသေဆုံးသူ ၄-သန်းနီးပါးဖြစ်လာ။ ၁၆၆-ရက် အတွင်း လူ ၂-သန်းခန့်သေဆုံးခဲ့ပြီး ကာကွယ်ဆေး ရရှိရန် နိုင်ငံများစွာတို့ ရုန်းကန်နေရ။ ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ် ကမ္ဘာတစ်ဝှမ်းလွှမ်းမိုးလာ၊ အထူးသဖြင့် ဆင်းရဲနိုင်ငံများ၌ ကာကွယ်ဆေး မလုံလောက်


ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် ဆက်စပ်လျှက် အသက်ဆုံးရှုံးရသူ ဦးရေမှာ ကြာသပတေးနေ့တွင် လူပေါင်း သန်း ၄ ခန့်ဖြစ်လာခဲ့ပြီး တိုင်းပြည်များစွာတို့တွင် ကာကွယ်ဆေးလုံလောက်စွာ ဝယ်ယူရရှိရန် ရုန်းကန်နေရသည်ဟု Reuters က ယနေ့ရေးသားသည်။

…  
အမေရိကန်နှင့် ဗြိတိန်တို့တွင် ကူးစက်-သေဆုံးမှုအသစ်များ လျော့နည်းသွားသော်လည်း ဒဲလ်တာဗီဇပြောင်းဗိုင်းရပ်စ်မှာ ကမ္ဘာတစ်ဝှမ်းတွင် အဓိကလွှမ်းမိုးလာပြီး နိုင်ငံအတော်များများ၌ ကာကွယ်ဆေး မလုံလောက်မှုများ ရှိနေသည်။

…  
Covid-19 ရောဂါဖြင့် သေဆုံးမှုသည် လူပေါင်း ၂ သန်းအထိ ရောက်ရှိရန် တစ်နှစ်ကျော်ကြာခဲ့ပြီး နောက်ထပ် ၂ သန်းမှာ ၁၆၆ ရက်အတွင်း သေဆုံးကြရခြင်းဖြစ်ကြောင်း Reuters က မှတ်သား ဖော်ပြသည်။

…   
သေဆုံးမှုအများဆုံး ၅ နိုင်ငံမှာ – အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနှင့် မက္ကဆီကို တို့ဖြစ်ကြ၍ ကမ္ဘာပေါ်ရှိ သေဆုံးမှုအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ နိုင်ငံ့လူဦးရေနှင့် သေဆုံးမှုကို အချိုးချလျှင် ပီရူး၊ ဟန်ဂေရီ၊ ဘော့စနီးယား၊ ချက်သမ္မတနိုင်ငံနှင့် ဂျီဘရောလ်တာ တို့မှာ Covid-19 ရောဂါဖြင့် အသက်ဆုံးရှုံးရသူ အများဆုံး နိုင်ငံများဖြစ်သည်။

…   
လက်တင်အမေရိကနိုင်ငံများသည် မတ်လမှ စတင်ကာ အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုများနှင့် ကြုံတွေ့ခဲ့ကြရပြီး ကမ္ဘာပေါ်ရှိရောဂါကူးစက်မှု ၁၀၀ လျှင် ၄၃ ခုမှာ ၎င်းဒေသတွင်း၌ ဖြစ်ပွားလျှက်ရှိသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် သေဆုံးမှုအများဆုံးနိုင်ငံများအနက် ထိပ်ဆုံး ၉ နိုင်ငံမှာ လက်တင်အမေရိကဖြစ်ကြောင်း တွေ့ရှိရသည်။

…  
ဘိုလီးဗီးယား၊ ချီလီနှင့် ဥရုဂွေးရှိ ဆေးရုံများတွင် Covid-19 လူနာများအဖြစ် အသက် ၂၅ – ၄၀ နှစ်အရွယ်ရှိသူတို့မှာ အများဆုံးဖြစ်၍ ငယ်ရွယ်သူများလည်း ရောဂါဖြစ်ပွားနိုင်ကြောင်း ပြသလျှက်ရှိသည်။ ဘရာဇီးနိုင်ငံ ဆာပေါလိုမြို့တွင် အထူးကြပ်မတ်ကုသရေးယူနစ် (ICU) ၏ ၈၀% မှာ Covid-19 လူနာများ ဖြစ်နေသည်။

…  
ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သေဆုံးမှုများပြားလာခြင်းမှာ မီးသြင်္ဂိုဟ်နိုင်စွမ်းရည်ကို အကြပ်ရိုက်စေပြီး စေသည်။ နိုင်ငံအတော်များများ၏ သင်္ချိုင်းတိ့တွင်လည်း မြေပုံကျင်းသစ်များ တစ်တန်းပြီး တစ်တန်း တိုးချဲ့ရန် ဖြစ်လာခဲ့သည်။

…  
အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့သည် ရက်သတ္တပတ်အတွင်း တစ်နေ့လျှင် ပျမ်းမျှသေဆုံးမှုနှုန်း အများဆုံး နိုင်ငံများ ဖြစ်ပြီး မီးသြင်္ဂိုဟ်ရန်နေရာမရှိခြင်းနှင့် လူသေမီးရှို့ရာမှ ထွက်ပေါ်လာသော အခိုးအငွေ့များကြောင့် ဒုက္ခရောက်နေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် နေ့စဉ်သေဆုံးမှု ၃-ယောက်ရှိတိုင်း ၁- ယောက်မှာ အိန္ဒိယမှဖြစ်သည် ဆို၏။

အမှန်တကယ်သေဆုံးသူအရေအတွက်သည် ကမ္ဘာအနှံ့တရားဝင်ကောက်ယူရရှိသည့် အရေအတွက်ထက် များစွာပိုမိုနိုင်ကြောင်း WHO နှင့် ကျန်းမာရေးကျွမ်းကျင်သူများက ယုံကြည်ကြသည်။


ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံဘီဟာပြည်နယ်၌ စာရင်းသွင်းမထားသော Covid-19 ရောဂါဖြင့် ဖျားနာလျှက်ရှိသူ ထောင်ပေါင်းများစွာကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် သေဆုံးသူ ဦးရေမှာလည်း ရုတ်ချည်း မြင့်တက်ခဲ့သည်။ ထိုအချက်မှာ အိန္ဒိယ၏ အမှန်တကယ်သေဆုံးသူဦးရေသည် တရားဝင်ကိန်းဂဏန်းတို့ထက် များစွာပိုမိုနိုင်ကြောင်း စိုးရိမ်ဖွယ်ဖြစ်လာရသည်။

…   
ဆင်းရဲနွမ်းပါးသောနိုင်ငံများအနေဖြင့် ထိုးနှံပေးရန် ကာကွယ်ဆေး မလုံလောက်မှုကြောင့် ကူးစက်ရောဂါကို ထိန်းချုပ်ရာတွင် ချမ်းသာနိုင်ငံများက ပိုမိုလှူဒါန်းရန် တိုက်တွန်းထားသည်။
ဆင်းရဲနွမ်းပါးသောနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း Covid-19 ရောဂါကာကွယ်ရန် ကာကွယ်ဆေးထိုး ၁-ဘီလီယံကို ပေးအပ်မည်ဖြစ်ကြောင်း ချမ်းသာနိုင်ငံအုပ်စု (G7) က ကတိပြုထားသည်။

(( မူရင်းသတင်းတွင် #ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်#ဆက်နွယ်၍ သေဆုံးသူ ၄-သန်းရှိလာပြီဖြစ်ကြောင်း Reuters ရေးသားထားပါသည်။ 

WHO နှင့် worldometer တွင် ဖော်ပြထားသည်မှာ ဇွန် ၁၇-ရက် ညနေ ၀၅း၁၄ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံသူ ၃.၈ သန်းကျော်ဖြစ်ကြောင်း ဖော်ပြထားပါ၍ မူရင်းအား အနည်းငယ်ပြောင်းလဲရေးသားကြောင်း ဝန်ခံပါသည်။  ။သတင်းဘာသာပြန်သူ))

#ကိုရိုနာဗိုင်းရပ်စ်ရောဂါသေဆုံးသူ_၄သန်းခန့်ဖြစ်လာ

…  
(((Reuters., June 18th, 2021,” Global Covid-19 death toll exceeds 4 million.” #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.dhakatribune.com/world/2021/06/18/global-covid-19-death-toll-exceeds-4-million 

https://covid19.who.int/

https://www.worldometers.info/coronavirus/

Leave a Reply

Your email address will not be published.