ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလ လော့ဒေါင်းတားဆီးပိတ်ဆို့ထားစဉ် မလေးရှားအစိုးရက ရဒုက္ခသည်နှင့့် ရွှေ့ပြောင်းအလုပ်သမားများကို ာနှင့်ချီ၍ ဖမ်းဆီးနေ။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆိုသူများ၊ ကလေးငယ်များအပါအဝင် လူ ၇၀၀-ခန့်ဖမ်းဆီးခံခဲ့ရ

ယမန်နေ့တွင် မလေးရှားအစိုးရက ရာနှင့်ချီသော ဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားများအား တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးလျှက်ရှိသည်။ ယခုကဲ့သို့ ဖြစ်ရသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကာလ၌ ရောဂါကူးစက်မှုတားဆီးကာကွယ်ရန် နိုင်ငံအဝှမ်း အသွားအလာနှင့် ခရီးသွားခြင်းများကန့်သတ်အမိန့်ထုတ်ပြန်ထားခိုက်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားသည်ဟု Reuters အား ကိုးကား၍ ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ရေးသားသည်။

မလေးရှားနိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်သူ နိုင်ငံခြားသားများသည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ရခြင်းနှင့် အစိုးရအပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်ဟု စွပ်စွဲလျှက် လတ်တလော မလေးရှားပြည်သူများအကြား ဒေါသအမျက်ကြီး ထွားလာနေသည်။

မလေးရှားတွင် မှတ်ပုံတင်ထားသော နိုင်ငံခြားသားအလုပ်သမား ၂- သန်း ခန့်ရှိသော်လည်း အရှေ့တောင်အာရှနိုင်ငံများမှ ဝင်ရောက်လာသူအများစုမှာ လုံလောက်သော အထောက်အထား စာရွက်စာတမ်းများမရှိနိုင်ကြောင်း အာဏာပိုင်များကခန့်မှန်းသည်။ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော မလေးရှားသည် “ဒုက္ခသည်” ဆိုသည်ကို အသိအမှတ်မပြုပဲ တရားမဝင် ရွှေ့ပြောင်းလုပ်သားများအဖြစ်သာ မှတ်ယူထားသည်။

လူ့အခွင့်အရေးအုပ်စုများပြောဆိုချက်နှင့် လူမှုကွန်ရက်၌ ပျံ့နှံ့လျှက်ရှိသာ ဓါတ်ပုံများအရ ထောင်ပေါင်းများစွာသောရွှေ့ပြောင်းအလုပ်သမားများနှင့်ဒုက္ခသည်များနေထိုင်ရာ မြို့တော်ကွာလာလန်ပူနှင့် အနီးပတ်ဝန်းကျင်နယ်မြေများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၏ လျှပ်တစ်ပြက်ဝင်ရောက်စီးနင်းမှုများအပြီး ဖမ်းဆီးမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကလေးငယ်များအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် အာရှပစိဖိတ်ဒုက္ခသည်အခွင့်အရေးဆိုင်ရာကွန်ယက်က ပြောကြားသည်။ အခြားအခွင့်အရေးအုပ်စုများကပြောကြားရာတွင်မူ ထိန်းသိမ်းခံထားရသူများတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) များလည်း ပါဝင်ကြောင်း အတည်ပြုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက် ပေးရန်တောင်းဆိုမှုများကို မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့က လောလောဆယ် တုန့်ပြန်ခြင်းမရှိချေ။

အထောက်အထားခိုင်လုံစေရန်အတွက် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို ထိန်းသိမ်းထားကြောင်း၊ ခိုလှုံခွင့်တောင်းခံသူ အနည်းငယ်ပါဝင်ကြောင်း အာဏာပိုင်များ၏သတင်းပေးချက်အရသိရှိရသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ပြောကြားသည်။

အမည်မဖော်လိုသူ မလေးရှားအရာရှိတဦးက Reuters သို့ပြောကြားရာတွင် တောင်အာရှဒေသအများစု နိုင်ငံများမှ နိုင်ငံခြားသားအလုပ်သမားများမှာ လိုအပ်သောခွင့်ပြုချက် မရှိသောကြောင့် လာမည့်ရက်များအတွင်း စီးနင်းမှုများ ထပ်မံပြုလုပ်သွားမည်ဆို၏။

ယခုကဲ့သို့ ဖမ်းဆီးမှုများမှာ ခက်ခဲပြီးအန္တရာယ်များသော အလုပ်ခွင်အခြေအနေများတွင် ကြိုးစားအသက်မွေးရသူများအပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်ကြောင်း အာရှပစိဖိတ်ဒုက္ခသည်အခွင့်အရေးကွန်ယက်မှ ပရိုဂရမ်မှူး ရာချယ်တန် ရှုတ်ချလိုက်သည်။

မလေးရှားရဲနှင့် လူဝင်မှုကြီးကြပ်ရေးတို့က ယခုစီးနင်းခဲ့သော ရပ်ကွက်အနီးတစ်ဝှိုက်သည် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ကူးစက်မှုမြင့်မားလာပြီး လွန်သည့်လ၌ တင်းကြပ်စွာ Lockdown တားဆီးပိတ်ဆို့ထားသည့် အဆောက်အအုံ ၃-ခုနှင့် နီးကပ်စွာတည်ရှိနေကြောင်း သိရှိရသည်။

အဆောက်အအုံများတွင်လူပေါင်း ၉,၀၀၀ ခန့်နေထိုင်ကြပြီး အများစုမှာနိုင်ငံခြားသားများဖြစ်ကြသည်။ ၎င်းတို့နက် ၂၃၅ ဦး မှာဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါပိုးစွဲကပ်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း အစိုးရကပြောကြားည်။

မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု စုစုပေါင်း ၆,၀၇၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၃-ဦးရှိ သည်။ သောကြာနေ့ မလေးရှားဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာ၌ သီတင်းခြောက်ပတ်ကြာ တားဆီးပိတ်ဆို့ခဲ့ရသည့်အတွက် စီးပွားရေးကျဆင်းခဲ့ရကြောင်း၊ စီးပွားရေးလုပ်ငန်းအများအပြားကို လာမည့်တနင်္လာနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ရှင်းလင်းခဲ့သည်။

လူမှုကွန်ယက်တွင် ပျံ့နှံ့လျှက်ရှိသောဓာတ်ပုံများတွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ တန်းစီလျှက်ရှိသော ရွှေ့ပြောင်းလုပ်သားများ၏ ဘေးတစ်ဖက်တစ်ချက်၌ အာဏာပိုင်များကိုစောင့်ကြည့်ေနေပုံ ပါရှိသည်။ အချို့သောအရာရှိများသည် ရောဂါပိုးမွှားအကာအကွယ်ပစ္စည်းများ အပြည့်အစုံဝတ်ဆင်ထားသော်လည်း ရွှေ့ပြောင်းအလုပ်သမားများကမူ မျက်နှာဖုံးများသာ ပါရှိသည်။

ရိုက်တာသတင်းဌာန၏ အခြားဓာတ်ပုံများအရ ညစ်ပတ်မသန့်ရှင်းရာတွင် နာမည်ကျော်သည့် လူဝင်မှုကြီး ကြပ်ရေးထိန်းသိမ်းရေးစခန်းများသို့ တရားမဝင်နိုင်ငံခြားသားများအား သယ်ဆောင်ရာတွင် အသုံးပြုသည့် ထရပ်ကားများပေါ်၌ ရွှေ့ပြောင်းအခြေချသူများကို တွေ့မြင်နေရသည်။

“ ဒါဟာ တကယ့်ကို လူမဆန်တဲ့ ကိစ္စပါ။ အပြစ်မဲ့ကလေးငယ်များကို ကျွဲတွေ နွားတွေလို ကုန်တင်ကားပေါ် ဆွဲတင်နေကြတယ် … “ ဟု လူ့အခွင့်အရေးလှုပ်ရှားသူ တန်က ပြောဆိုသည်။

ကူးစက်ကပ်ရောဂါ ကျရောက်သည့်အခါ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများမှာ ထိရှမှုအခံရဆုံး အကာအကွယ်မဲ့ လူတန်းစား တစ်ရပ်ဖြစ်သည်။ အိမ်နီးချင်းစင်္ကာပူတွင် ထောင်ပေါင်းများစွာသော ရောဂါပိုးကူးစက်ခံ ရမှုများမှာ ရွှေ့ပြောင်းအလုပ်သမားတို့ကို ထားရှိရာ အဆောင်များနှင့်ဆက်နွယ်နေကြောင်း သတင်း၌ဆက် လက်ဖော်ပြသည်။

(( ယခုသတင်းနှင့် ဆက်စပ်သည်ကို ဒုတိယ ကောမန့်၌ ဖော်ပြထားပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( bdnews24., 02 May 2020 , “Malaysia detains hundreds of refugees and migrants during virus lockdown: rights groups.” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကာလ #ရိုဟင်ဂျာဆိုသူများနှင့်ရွှေ့ပြောင်းအခြေချသူများ #မလေးရှားတွင်ဖမ်းဆီးခံရ

https://bdnews24.com/world/2020/05/02/malaysia-detains-hundreds-of-refugees-and-migrants-during-virus-lockdown-rights-groups

https://www.freemalaysiatoday.com/category/nation/2020/05/01/illegals-held-in-major-swoop-at-menara-city-one/?fbclid=IwAR3WF7UyjFB_d3TjdMZK8YSF8jRoX5OHtU3ij5obAKTX78e5uS-y3bnbc54

0

Leave a Reply

Your email address will not be published.