ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး “ မိုဒါးနား” လူသားများနှင့် စမ်းသပ်ထိုးနှံမှု ရှေ့ပြေးရလဒ်ကောင်းများ ထွက်ပေါ်၊ ရောဂါပြီးကိုယ်ခံအားစံနစ် တုန့်ပြန်ပေးနိုင်ပြီး ဘေးအန္တရာယ်ကင်းဟု ဆို

ဆန္ဒအလျှောက်ပူးပေါင်းသူများနှင့် ကနဦး စမ်းသပ်ထိုးနှံမှု ရလာဒ်အဖြေအရ Moderna Inc. “ မိုဒါးနား အင့်ခ် “ ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ လူသန်းပေါင်းများစွာကို ဖျားနာစေပြီး ၅၇၅,၀၀၀ ကျော်ကို အသက်ဆုံးရှုံးစေလျှက်ရှိသည့် ကူးစက်ကပ်ရောဂါအား အဆုံးသတ်စေနိုင်လိမ်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းလျှက်ရှိကြောင်း South China Morning Post က ယနေ့ရေးသားသည်။

လွန်ခဲ့သည့် မတ်လ ၁၆-ရက်နေ့၌ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ မိုဒါးနားသည် Covid-19 ရောဂါ ကာကွယ်ဆေးနှင့် စမ်းသပ်မှုခံယူရန် ဆန္ဒပြုသည့် အရွယ်ရောက်ပြီး ကျန်းမာလျှက်ရှိသူ ၄၅-ဦးတို့အား ပထမဆုံးအကြိမ် သက်ရှိ လူသားများနှင့် စမ်းသပ်ခြင်းအဖြစ် ထိုးနှံပေးခဲ့သည်။

ထိုမှ ၆၆-ရက်ခန့်အကြာ၌ စမ်းသပ်ခံသူ ထက်ဝက်ကျော်ခန့်တွင် နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများကိုက်ခဲခြင်း သို့မဟုတ် ဆေးထိုးထားရာ နေရာတစ်ဝှိုက် နာကျင်ခြင်းစသည့် ပြင်းထန်ခြင်း မရှိသော အသင့်အတင့်ဝေဒနာများသာခံစားရပြီး ဆိုးရွားသော ဘေးထွက်ဆိုးကျိုး မတွေ့ရကြောင်း ပထမအကြိမ် ဆေးပမာဏများများ ထိုးနှံခဲ့သူများအား နောက်ဆက်တွဲတစ်ကြိမ် ထပ်မံထိုးနှံပေးရလိမ့်မည်ဖြစ်ကြောင်း နယူးအင်္ဂလန်ဆေးသိပ္ပံဂျာနယ် New England Journal of Medicine က ဖော်ပြသည်။ ထိုနောက် စတော့ ရှယ်ယာဈေး ကွက်တွင် Moderna Inc’s မိုဒါးနားဆေးဝါးကုမ္ပဏီ၏ အစုရှယ်ယာများ ၁၅ ရာခိုင်နှုန်းကျော် ခုန်တက်သွားခဲ့ကြောင်း တွေ့ရှိရသည်။

မက်ဆာချူးဆက်အခြေစိုက် “ မိုဒါးနား ဇီဝနည်းပညာကုမ္ပဏီ “ သည် ဖက်ဒရယ်အစိုးရထံမှ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၅၀၀ ခန့်ရရှိခဲ့ပြီး ဆေးသိပ္ပံနယ်ပယ်တွင် အောင်မြင်သော အလှည့်အပြောင်းတစ်ခုအဖြစ် ကာကွယ်ဆေးကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။

အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်အရ ၁၈ နှစ်မှ ၅၅-နှစ်အကြား ဆန္ဒအလျှောက် စမ်းသပ်ခံရန် ဆန္ဒပြုသူ ၁၅-ယောက်စီ ၃-အုပ်စုခွဲ၍ ကနဦးအဆင့်အဖြစ် ကာကွယ်ဆေးပမာဏ ၂၅၊ ၁၀၀ သို့မဟုတ် ၂၅၀ မိုက်ခရိုဂရမ်စီ အသီးသီး စမ်းသပ် ထိုးနှံပေးခဲ့ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သည့် ဇွန်လတွင်မူ နှောင်းပိုင်းအဆင့် လေ့လာမှုအဖြစ် ဆန့်ကျင်တုံ့ပြန်မှု အနည်းဆုံးဖြစ်စေရန်အတွက် ဆေးပမာဏ ၁၀၀ မိုက်ကရိုဂရမ်ကို ရွေးချယ်ခဲ့ကြောင်း၊ မိုဒါးနားအနေဖြင့် ၂၀၂၁-ခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် ဆေးပမာဏ သန်း ၅၀၀ မှ ၁၀၀၀ ခန်အထိ ထုတ်လုပ်ပေးနိုင်ရန် ဆွစ်ဇာလန်ဆေးဝါးကုမ္ပဏီ Lonza “ လွန်ဇာ “ နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

(( ရောဂါ ဝေဒနာများအတွက် ( ၁ ) ကာကွယ်ဆေး ( ၂ ) ကုသဆေး ဟူ၍ နှစ်မျိုးရှိပါတယ်

ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် Remdesivir ( ရမ်ဒက်စီဗာ/ရမ်ဒီစီဆီယာ ) ကို ကုသဆေးအဖြစ် WHO က အသိအမှတ်ပြုထားပါတယ်။ Remdesivir ကို ယခင် HIV, SARS, အီဘိုလာစသည့် ရောဂါများတွင်လည်း လိုအပ်သလို အသုံးပြု ကုသခဲ့ဖူးတယ်။

ကာကွယ်ဆေးက ဈေးသက်သာပြီး လူအများအပြားကို အချိန်တိုအတွင်း ထိုးနှံပေးနိုင်တယ်။

မနေ့က ဖတ်ရတဲ့ ရုရှားကာကွယ်ဆေးက ပထမအသုတ် စေတနာအလျှောက် စမ်းသပ်မှုခံယူသူ ၁၈ ယောက်မှာ အောင်မြင်တယ်လို့ ပြောပါတယ်။ ကာကွယ်ဆေးဖြစ်ပြီလို့ မပြောပေမဲ့ ကာကွယ်ဆေးအောင်မြင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

ဒုတိယအသုတ် စမ်းသပ်ခံမဲ့ စေတနာရှင် ၂၀ -ဦးနဲ့ ဇူလိုင် ၂၃-ရက်နေ့မှာ ထပ်မံစမ်းသပ်ပါဦးမယ်။

အခြားသတင်းတစ်ပုဒ်မှာတော့ ရုရှားအနေနဲ့ ဒီနှစ် စက်တင်ဘာလကုန်လောက်မှာ Covid-19 ကာကွယ်ဆေး ကို အမြောက်အများ စတင်ထုတ်လုပ်နိုင်မယ် ဆိုပါတယ်။

ဒီနေ့သတင်းပါ အမေရိကန်ရဲ့ ကာကွယ်ဆေးကတော့ ၂၀၂၁-ခု နှစ်ဆန်းလောက်မှာ အမြောက်အများ စတင် ထုတ်လုပ်နိုင်ပါလိမ့်မယ်။

ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေအနေနဲ့ ဆေးဝါးသစ်တွေ့အခါ ကူးစက်ကပ်ကျရောက်ဆဲ သူ့မိခင်နိုင်ငံကို အဓိက ရောင်း ပေးရမှာမှာဖြစ်ပြီး ကုမ္ပဏီအကျိုးအမြတ်အတွက် ရာခိုင်နှုန်းအချို့ကို ပြည်ပပို့ ရောင်းချပေးမယ်ထင်ပါတယ်။

ဒီကြားထဲ ကာကွယ်ဆေးစမ်းသပ်မှု အရှိန်ရနေတဲ့ အီတလီ- အင်္ဂလန်တို့လို နိုင်ငံတွေ ရှိနေသေးတယ်။ သူတို့လဲ မကြာခင် အောင်မြင်လောက်ပါတယ်။

ဒီအတွက် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေအနေနဲ့ သူတို့နိုင်ငံကြီးတွေဆီက ကာကွယ်ဆေးကို ဈေးသက် သက်သာသာရကောင်းပါတယ်။ တချို့လဲ အလှူပေးလောက်တယ်။   ။ သတင်းဘာသာပြန်သူ ))

( SCMP., 15 Jul, 2020,” Moderna coronavirus vaccine safe, induces immune response, early results show.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး _မိုဒါးနား

https://www.scmp.com/news/world/united-states-canada/article/3093202/moderna-coronavirus-vaccine-safe-induces-immune.

https://tass.com/society/1177429

0

Leave a Reply

Your email address will not be published.