ကိုရိုနာဗိုင်းရပ်စ်ကို ဇီဝလက်နက်သဖွယ်အသုံးပြု၍ ကူးစက်ပျံ့ပွားစေခြင်းကြောင့် ဒေါ်လာ ၂၀ ထရီလီယံ လျှော်ကြေးရလိုကြောင်း တရုတ်အား အမေရိကန် တရားစွဲဆို

တရုတ်နိုင်သည် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကို ကူးစက်ပျံ့ပွားစေလျှက် ၎င်း၏ရန်ဖက်တို့အပေါ် လက်နက်သဖွယ် အသုံး ပြုခြင်းကြောင့် ဒေါ်လာ ၂၀ ထရီလီယံ လျှော်ကြေးရလိုကြောင်း အမေရိကန် လွှတ်တော်အမတ် Larry Klayman လာရီကလေမန်း က တရားစွဲဆိုလိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ကလေမန်းနှင့် Freedom Watch အုပ်စု ရှေ့နေများက အမေရိကန်၊ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံး တော်၌ တရားစွဲဆိုရာတွင် တရုတ်နိုင်ငံက စစ်မက်ရေးရာတွင်အသုံးပြုသော ဇီဝလက်နက်ကို အသုံးပြုကြောင်း ဖော်ပြလျှက် တရုတ်နိုင်ငံသည် တမင်ရည်ရွယ်လျှက်ဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ  ကိုဗစ်-နိုင်တင်း ကူးစက်ကပ် ရောဂါကို ဖြစ်ပွားစေခြင်းဖြင့် အမေရိကန်၏ဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ သဘောတူ စာချုပ်များနှင့် စံချိန်စံနှုန်းများ ကိုချိုးဖောက်ရာရောက်ကြောင်း ပါရှိသည်ဆို၏။

တရုတ်နိုင်ငံအနေဖြင့် အဆိုပါလက်နက်များ အသုံးပြုခြင်းမှ တရားဝင်တားမြစ်ရန် သဘောတူထားပြီးဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် တရားဝင်လုပ်ထုံးလုပ်နည်းမဟုတ်သည့် ယခုကဲ့သို့ ဖြစ်စေခြင်းမှာ ဥပဒေအရ ပြစ်မှု ကျူးလွန်ရာရောက်ကြောင်း တရားစွဲဆိုမှု၌ ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ၎င်းက ရန်သူဖြစ်သည်ဟုယူမှတ်သော အမေရိကန်နိုင်ငံသားများ၊ အခြားလူ ပုဂ္ဂိုလ် များနှင့် အဖွဲ့အစည်းများအား သတ်ဖြတ်ရန် ရည်ရွယ်လျှက် ၎င်း၏ ဓာတ်ခွဲခန်းအတွင်း ဗိုင်းရပ်စ်ပိုးကို ထိန်းသိမ်း ထားခဲ့ကြောင်း စွပ်စွဲထားသည်။

ကိုဗစ်-နိုင်တင်းသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်စေခြင်း၊ အလွယ်တကူ လျှင်မြန်စွာ ပျံ့နှံစေသည့် ရန်လို သော သဘောသဘာဝရှိခြင်းကြောင့် အလွန်အန္တရာယ်များသည့် ရောဂါတစ်ခုဖြစ်ကြောင်း၊ ရောဂါသစ်ဖြစ်၍ ကြောင့် ကာကွယ်ဆေးလည်း မရှိသေးကြောင်း။ ရောဂါအကြောင်း ယခုထိ မည်သူမျှ အပြည့်အစုံ တိကျစွာ မသိရှိရသေးပဲ၊ လူနာ၏ လက်ငင်းတွေ့ရှိရသော ဝေဒနာလက္ခဏာများအပေါ် မူတည်ကာ ကုသပေးနေ ရ ကြောင်း၊ အဆိုပါ ရောဂါသည် ရာသီချိန်တုပ်ကွေးနှင့် တူုပြီး သေဆုံးစေရာတွင် ၁၀-၁၀-ဆ ပိုမိုကြောင်း၊ တရုတ် နိုင်ငံသည် လူအများအပြားကို အစုအပုံလိုက် သတ်ဖြတ်ရန် အလွန်ထိရောက်၍ အသက်ဘေးကျ ရောက်စေ သည့် Covid-19 ကိုဗစ်-နိုင်တင်းရောဂါပိုး ဗိုင်းရပ်စ်ကို ဇီဝလက်နက်အဖြစ် ထုတ်လုပ်ခဲ့ကြောင်း၊ ထိုအတွက် တရုတ်နိုင်ငံက အနည်းဆုံး ဒေါ်လာ ၂၀-ထရီယီယံ ပေးလျှော်သင့်ကြောင်း တရားစွဲဆိုမှု၌ ထပ်လောင်း ဖော် ပြထားသည်။

လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါမှာ ကမ္ဘာအနှံ့ လူပေါင်း ၄၀ဝ,ဝဝ၀ ကျော်တို့ကို ကူးစက်ခဲ့ပြီး ၁၈၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

(( ကိုဗစ်-နိုင်တင်းရောဂါဖြစ်စေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် အဏုဇီဝသိပ္ပံလောကတွင် အသစ်တွေ့ ရှိရသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်ကြောင်း အမေရိကန်အပါအဝင်၊ နိုင်ငံတကာပညာရှင်များသာမက WHO ကပင် လက်ခံထားပါသည်။ ဇီဝလက်နက်အဖြစ် အသုံးပြုလိုလျှင် ရှိနှင့်ပြီး ဗိုင်းရပ်စ်တစ်မျိုးမျိုးကို ဓါတ်ခွဲခန်း၌ ဖန်တီး ယူမှသာ ရရှိနိုင်ပါသည်။ ထိုအခါ  ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်သည် ယခင်ရှိပြီး-တွေ့ပြီး ဗိုင်းရပ်စ်တစ်ခုခုနှင့် တူညီနေရပါမည်။  SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် ယခင်တွေ့ရှိပြီး ဗိုင်းရပ်စ်ပေါင်း ၅,၀၀၀ ကျော်အနက် မည်သည့် ဗိုင်းရပ်စ်နှင့်မှ တူညီခြင်း မရှိပါ။

ဗိုင်းရပ်စ်ပိုးတစ်မျိုး၏ ဆဲလ် Cell များ တည်ဆောက်ပုံသည် လူတို့၏ လက်ဗွေရာကဲ့သို့ ၂-ခု အတူ မရှိပါ။ ထို့ကြောင့် ဇီဝလက်နက်မဟုတ်ဟု ပညာရှင်များက ယတိပြတ် ငြင်းဆိုပြီးဖြစ်ပါသည်။

သို့သော် ယခုကဲ့သို့ အမေရိကန်အမတ်က တက္ကဆက်ပြည်နယ်တွင် တရားစွဲဆိုသည့်အခါ တရုတ်အစိုးရက ရေးကြီးခွင်ကျယ်လုပ်ကာ သွားရောက်ရင်ဆိုင်ဖြေရှင်းလိမ့်မည်မဟုတ်ကြောင်း သေချာနေပါသည်။ ဖက်ဒရယ်တရာရုံးအနေဖြင့် စွပ်စွဲခံရသူ သို့မဟုတ် စွပ်စွဲခံရသူကိုယ်စားလှယ် ရှေ့နေ၏ ခုခံလျှောက်လဲ ချက်မပါပဲ ကြားနာစစ်ဆေးရတော့မည်ဖြစ်ရာ ထွက်လာမည့် စီရင်ချက်မှာ တရုတ်အစိုးရအတွက် အမည်းစက်တစ်ခုသာ ဖြစ်လာနိုင်ပါသည်။    ။ သတင်းဘာသာပြန်သူ ))

#ကိုဗစ်-နိုင်တင်းတရုတ်ကိုတရားစွဲ #ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါတရုတ်ကိုအမေရိကန်အမတ်တရားစွဲ

((( Dhaka Tribune., March 25th, 2020,” China sued for $20 trillion for the coronavirus outbreak.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/2020/03/25/china-sued-for-20-trillion-for-the-coronavirus-outbreak?fbclid=IwAR2IhqPR_I5q0b_mEIx6VY5EXN95OHtYsCU1Ol4E4T2Y-4upiS33OymZv6g

0

Leave a Reply

Your email address will not be published.