ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်က တရုတ်နိုင်ငံအတွင်း သွင်းယူလာခဲ့သည်ဆိုခြင်းမှာ ပြောရေးဆိုခွင့်ရှိသူ၏ သီအိုရီသာဖြစ်ပြီး တာဝန်မယူဟု တရုတ်အစိုးရ ငြင်းဆို။ ပြောရေးဆိုခွင့်ရှိသူ၏ အ ထောက်အထားမဲ့ စွပ်စွဲချက်အတွက် တရုတ်သံအမတ်ကြီးအား အမေရိကန်နိုင်ငံခြားဋ္ဌာန ဆင့်ခေါ်

ဖျားနာ-သေဆုံးဖြစ်ကြရသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းရခြင်းတွင် အမေရိကန်နိုင်ငံပါဝင်ပတ်သက် လျှက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ၏ စွပ်စွဲချက်အပေါ် တာဝန်ယူမည် မ ဟုတ်ကြောင်း ပေကျင်းအစိုးရက ငြင်းဆိုလိုက်သည်။ နိုင်ငံတကာ၌ ကျန်းမာရေးဆိုင်ရာအကြပ်အတည်း စတင်ဖြစ်ပေါ်လာပုံ ပတ်သက်၍ အခြေအတင်ငြင်းခုန်ပွဲ၌ တရုတ်က ဝေးဝေးနေလိုကြောင်းပြသသည်ဟု Russia Today က ယနေ့ရေးသားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျင်ရှောင်းက ၎င်းကဲ့သို့ အခြားပြောရေးဆိုခွင့်ရှိသူ တစ်ဦး ဖြစ်သူ ကျောက်လီကျန်၏ နိုင်ငံတကာပွဲဆူသွားရလောက်သည့် စွပ်စွဲချက်အပေါ် ထင်မြင်ချက်ပေးခြင်းမရှိချေ။ ကြောက်မက်ဖွယ်ကောင်းသော ဗိုင်းရပ်စ်ကို ဝူဟန်မြို့သို့ သယ်ဆောင်လာသူမှာ အမေရိကန်စစ်ဖက် ဖြစ်ကောင်းဖြစ်နိုင်သည် တရုတ်အစိုးရ အာဘော်အလား ပြောဆိုခဲ့သော ကျောက်လီကျန်၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပုံ သီအိုရီကို တရုတ်အစိုးရအနေဖြင့် တာဝန်ယူ ဆွေးနွေးခြင်း မပြုချေ။ ဂျင်ရှောင်းကိုယ်တိုင်မှာ ဟူဘေးပြည်နယ်ရောဂါကူးစက်ဖျားနာခြင်းအဖြစ်မှန်ကို တရုတ်အစိုးရက ဖုံးဖိလျှက်ရှိကြောင်း အမေရိကန်၏ စွပ်စွဲချက်ကို ပြင်းထန်စွာ နှုတ်လှန်ထိုးခဲ့ဖူးသူဖြစ်သည်။

လူမှုကွန်ယက်တစ်ခုလုံး ပြာယာခတ်သွားစေသည့် အကြောင်းအရာကို တရုတ်နိုင်ငံခြားရေးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ ကျောက်လီကျန်က ကြာသပတေးနေ့ Twitter ၌ လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို CDC က စစ်ဆေးစမ်းသပ်ခြင်း မပြုရသေးမီ အမေရိကန်ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများအပြားသေဆုံးနေပုံရကြောင်း ဗိုင်းရပ်စ်ပါရဂူ CDC ညွှန်ကြားရေး၏ ပြောဆိုချက် ဗွီဒီယိုကို ကျောက်လီကျန်က ကိုးကားထားသည်။

ကိုရိုနာဗိုင်းရပ်စ်စွဲလူနာ တစ်ယောက်မှမရှိသည့်အခြေအနေ အမေရိကန်တွင် ဘယ်အချိန်က စတင်ခဲ့ပါသလဲ။ ကူးစက်ခံရသူ ဘယ်နှစ်ယောက်ရှိပြီလဲ။ ကုသပေးနေရတဲ့ ဆေးရုံတွေ အမည်က ဘာလဲဟု ကျောက်လီကျန်က မေးခွန်းထုတ်ခဲ့သည်။ ဝူဟန်သို့ ကူးစက်ရောဂါသယ်ဆောင်လာသူှမှာ အမေရိကန်စစ်တပ်ဖြစ်ကောင်းဖြစ်နိုင် ကြောင်း၊ ထို့ကြောင့် အမေရိကန်က ပွင့်လင်းမြင်သာရန်၊ ကိန်းဂဏန်းအချက်အလက်များကို ချပြပါ၊ အမေရိ ကန်အနေဖြင့် ကျွနိုပ်တို့အား ရှင်းလင်းပြောဆိုရန် အကြွေးတင်နေပါပြီဟု ကျောက်လီကျန်က Twitter ၌ ရေးသားခဲ့သည်။

အမှန်စင်စစ် ပြောရေးဆိုခွင့်ရှိသူ၏ ပုဂ္ဂလိကအနေအထားမှာ အစိုးရအဆင့်မြင့်တာဝန်ရှိသူ မဟုတ်ချေ။ ထို့ပြင် ဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာသို့ ရောဂါကူးစက်ရခြင်းနှင့်ပတ်သက်၍ ၎င်း၏ အထင်အမြင်သက်သက်ကို ထုတ် ဖော်ပြောဆို- မေးခွန်းထုတ်နိုင်ခြင်းလည်း မရှိချေ။ လွန်ခဲ့သည့် ဇန်နဝါရီလတွင် ထိုစဉ်က မလေးရှားဝန်ကြီးချုပ် မဟာသီယာ၏ နိုင်ငံရေးအတွင်းဝန် မက်တီယာချန်းကလည်း ကျောက်လီကျန်ထက် ပိုမိုဆိုးရွားစွာ မှားယွင်း ခဲ့ဖူးသည်။ ဟူဘေး ကိုရိုနာဗိုင်းရပ်စ်ကူး စက်ပျံ့ နှံ့ရခြင်းမှာ တရုတ်အပေါ် အမေရိကန်က ဇီဝလက်နက်ဖြင့် စတင်စစ်ခင်းခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်ကို တွေ့ရှိရသည်။

Covid-19 ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် စတင်ခြင်းနှင့်ပတ်သက်၍ ဝူဟန်သို့ သယ်ဆောင်လာသူမှာ အ မေရိကန်စစ်ဖက် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တရုတ်ပြောရေးဆိုခွင့်ရှိသူက Twitter စာမျက်နှာတွင် ရေးသား ခြင်းကိစ္စကို ရှင်းလင်းရန် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဋ္ဌာန ယနေ့ဆင့်ခေါ်လိုက်သည်ဟု Russia Today ၏ အခြားယနေ့သတင်းတစ်ပုဒ်တွင် တွေ့ရှိရသည်။

ကျောက်လီကျန်က ၎င်း၏ စွပ်စွဲချက်၌ လွန်ခဲ့သည့် အောက်တိုဘာလတွင် အမေရိကန်အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ ၃၀၀ ခန့် ဝူဟန်သို့လာရောက်ခဲ့သည်ကို တွေ့ရှိရခြင်းကြောင့် ကမ္ဘာ့စစ်ကစားပွဲတွင် အမေရိကန်အစိုး ရဝန်ထမ်းများ ပါဝင်နေသည် ဖော်ပြထားကြောင်းသိရှိရသည်။

အမေရိကန်သည် ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်သစ်စတင်ကူးစက်စဉ်ကတည်းက တရားဝင်သတင်းထုတ်ပြန်ချက် မဟုတ်သော ပြောစကားအားဖြင့် ဆန့်ကျင်ဝေဖန်ခဲ့သည်။ သို့သော် သမ္မတဒေါ်နယ်ထရမ့်က Covid-19 ရောဂါ ပိုးနှင့် ပတ်သက်၍ “တရုတ် “ နှင့် “ ပင်လယ်ရပ်ခြား“ ဗိုင်းရပ်စ်ဟု ရည်ညွှန်းသော်လည်း တရုတ်အစိုးရက ဖန်တီးသည်ဟု၎င်း တရုတ်ပြည်မှလာသည်ဟု၎င်း ပြောဆိုခဲ့ဖူးခြင်းမရှိချေ။ အလားတူပင် တရုတ်မုန်းရောဂါနှင့် လူမျိုးခွဲခြားရာရောက်သဖြင့် ဒီမိုကရက်တစ် ထောက်ခံမီဒီယာများသာမက အမေရိကန်ပြည်တွင်းထုတ်အခြား သတင်းဋ္ဌာနများ၊ သြဇာကြီးမားသော နိုင်ငံတကာမီဒီယာကြီးများကလည်း ထောက်ပြကန့်ကွက်ခဲ့ခြင်း မရှိခဲ့ချေ။

ကိုရိုနာဗိုင်းရပ်စ်မည်သို့ စတင်ဖြစ်လာသည်ဆိုခြင်းနှင့် ပတ်သက်၍မူ အဖြေပေးရန် ကျန်ရှိနေသည်။ Covid-19 အတွက် တရုတ်ဖက်က အမေရိကန်ကို ဆိုင်းဘုတ်ချိတ်ရန်ကြိုးစားနေပါသလားဟု မေးခွန်း နှင့်ပတ်သက်၍ “ ဒီ ဗိုင်းရပ်စ်ဘယ်ကလာတယ်ဆိုတာ သူတို့သိပါတယ်။ ကျွန်တော်တို့အားလုံးလဲ သိပါတယ်။ ဒီအတွက်နဲ့ တရုတ်-အမေရိကန်ကုန်သွယ်ရေး ညှိနှိုင်းရန် အစီအစဉ်ကို ထိခိုက်စရာ မရှိပါဖူး“ ဟု အမေရိကန်သမ္မတက ပြောဆိုကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

(( Covid- 19 ခေါ် ၂၀၁၉- ကိုရိုနာဗိုင်းရပ်သစ်စွဲ ပြင်းထန်အသက်ရှူလမ်းကြောင်း ရောင်ရမ်း#ရောဂါ မှာ အဆို ပါနှင့် #ဆားစ်ရောဂါစုတို့ကို ဖန်တီးသော SARS-CoV-2 (တရားဝင်အမည်) ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွား သည်။ ၎င်းဗိုင်းရပ်စ်ကို nCoV, nCoV-19, or 2019-nCoV ဟုလည်း ခေါ်ကြရာ n ဆိုသည်မှာ novel ဆန်းသစ်သော ဟု အဓိပ္ပါယ်ရသည်။ ဆားစ်ရောဂါနှင့်လည်း လက္ခဏာအတော်တူ၍ ဖြစ်သည်။

မူလက လင်းနို့တွင်တွေ့ရသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး လူတွင်စွဲကပ်သည့် ကိုရိုနာဗိုင်းရပ်စ်အဆင့် ရောက် အောင် ကြားခံတစ်ခုရှိရန်လိုအပ်နေသည်။ ယခုတိုင် မည်သည့်ကြားခံဖြစ်ကြောင်း သေချာစွာ ပြောနိုင်သေးခြင်း မရှိပါ။ ၎င်းသည်သာ အဓိက ပြဿနာဖြစ်သည်။ ကမ္ဘာဦးအစ ပင်လယ်ရေတွင် အေမီနိုအက်ဆစ်များ ပေါ်လီမာ ဖြစ်ရာမှ ဆဲလ်တစ်ခုတည်းသာရှိသော #အမီးဗား သတ္တဝါစတင်ဖြစ်ပေါ်သည်။ အမီးဗားများ ကိုလိုနီစုဖွဲ့ခြင်းဖြင့် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၈၀၀ ခန့်တွင် ကျောရိုးရှိသတ္တဝါ #ရေနေငါး များဖြစ်ပေါ်သည်။ ထိုမှ #ရေတစ်ပိုင်းကုန်းတစ်ပိုင်း- #တွားသွား-#လေတွင်ပျံဝဲသော- #နို့တိုက်သတ္တဝါ အဖြစ် အဆင့်ဆင့် ပြောင်းလဲ လာသည်။ ထိုအတွက် နှစ်သန်းချီကြာခဲ့ပြီး အဆင့်ကျော်ခြင်းလည်းမရှိကြောင်း ကမ္ဘာအရပ်ရပ်ကျောက်ဖြစ် ရုပ်ကြွင်းများသာမက နောက်ပိုင်းဆေးသိပ္ပံနှင့် မျိုးရိုးဗီဇသုတေသနတွေ့ရှိချက်များက သက်သေပြနေသည်။

ကူးစက်နှင့် ဗိုင်းရပ်စ်ဗေဒပညာရှင်များအနေဖြင့် ယခုထိ ဗိုင်းရပ်စ်ပေါင်း ၅,၀၀၀ ကျော်မျှ အမည်ပေးသတ်မှတ် ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် SARS-CoV-2 အား ကိုရိုနာဗိုင်းရပ်စ်သစ်ဖြစ်ကြောင်း အတိအကျပြောဆိုနေခြင်း ဖြစ်သည်။

ဤတွင် လင်းနို့ကိုရိုနာမှ လူကိုရိုနာအကြား အဆင့်တစ်ဆင့် ပျောက်နေသော်လည်း လူဖန်တီးသော ဗိုင်းရပ်စ် မဖြစ်နိုင်ဟု ဆိုကြပါသည်။ တစ်နည်းအားဖြင့် ဇီဝလက်နက်အဖြစ်သုံးရန် လူဖန်တီးသော ဗိုင်းရပ်စ်မဟုတ်ဟု ယုံကြည်နေကြခြင်းဖြစ်ပြီး ထိုယုံကြည်ချက် ပြောင်းပြန်လန်နိုင်ခြင်း ရှိ-မရှိ ကျွန်တော်လည်း တိကျသေချာ ပြောနိုင်ခြင်း မရှိပါ။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 13 Mar, 2020, “Beijing won’t disown spokesman’s theory of US hand in coronavirus outbreak.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))

https://www.rt.com/news/483018-china-us-theory-coronavirus-spokesman/ . https://www.rt.com/news/482990-china-coronavirus-us-come-clean/ https://edition.cnn.com/2020/03/13/asia/china-coronavirus-us-lijian-zhao-intl-hnk/index.html https://www.who.int/emergencies/diseases/novel-coronavirus-2019/technical-guidance/naming-the-coronavirus-disease-(covid-2019)-and-the-virus-that-causes-it

0

Leave a Reply

Your email address will not be published.