ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါနှင့် နိုင်ငံတကာထူးခြားသတင်းကောက်နှုတ်ချက် အကျဉ်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါဖြင့် ဥရောပနှင့် အမေရိကန်တွင် သေဆုံးနှုန်း တရှိန်ထိုးမြင့်တက်လျှက် ရှိပြီး လူသန်းပေါင်း ၃,၀၀၀ ကျော် တားဆီးပိတ်ဆို့ခံနေရသော ကမ္ဘာကြီးတွင် ဗိုင်းရပ်စွဲကပ်ရောဂါမှာ လူသားအား လုံးတို့ကို ခြိမ်းခြောက်လျှက်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂက သတိပေးပြောကြားလိုက်သည်။

လွန်ခဲ့သည့် ၃-လကတည်းက တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးမှုများ စတင်ဖြစ်ပွားးခဲ့ပြီး အီတလီ သို့ ရောက်ရှိလာသည်။ ယခုအချိန်တွင် ကမ္ဘာတစ်လွှားသေဆုံးသူဦးရေ ၂၁,၀၀၀ ကျော်လာခဲ့ပြီး ဗိုင်းရပ်စ်ပိုးစွဲ ကပ်ခံရမှုပေါင်း ၅-သိန်းနီးပါးရှိနေသည်။ ကူးစက်ကပ်ရောဂါကျရောက်နေချိန်တွင် အကာအကွယ်နည်းပါး လျှက်ရှိသော ဆင်းရဲနွမ်းပါးသူတို့အား အကူညီမဲ့ဖြစ်လျှက်ရှိပြီး  ရံပုံငွေ ၂- ဘီလျှံ လိုအပ်ကြောင်း အထွေ ထွေအတွင်းရေးမှူးအန်တိုနီယိုဂူတာရက်စ်က ပြောဆိုသည်ဟု South China Morning Post က ယနေ့ရေး သားသည်။

ယခုအချိန်တွင် ကူးစက်ခံရသူအရေအတွက် အများဆုံးအဖြစ် တရုတ်- အီတလီ- အမေရိကန်- စပိန်တို့ အစီအ စဉ်အလိုက် တည်ရှိနေကြသည်။ သို့သော် ရောဂါကူးစက်ခံရသူ ၇-သောင်းဝန်းကျင်ရှိနေသည့် အီတလီနှင့် အမေရိကန်သည် ယခုရက်သတ္တပတ်အတွင်း တရုတ် ၈-သောင်းကျော်ဦးရေထက် ကျော်လွန်သွားမည်ဖြစ် သည်။

လူသေဆုံးနှုန်းတွင် တရုတ်က  စုစုပေါင်း ၃,၃၀၀ -ထောင်နီးပါး၌ လျော့ကျတည်ငြိမ်သွားပြီး၊  အီတလီက ရက် ပေါင်း ၆၀ ကျော်အတွင်း တရုတ်ထက် ဆတိုးသေဆုံးသည့်အလား  လူပေါင်း ၇,၅၀၀ ကျော် သေဆုံးခဲ့သည်။  လွန်ခဲ့သည့်ရက်တွင် စပိန်နိုင်ငံကလည်း  ၃,၆၀၀ ကျော် သေဆုံးကာ အသက်ဆုံးရှုံးသူ ဒုတိယအများ ဆုံးဖြစ် လာသည်။  

======

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသည် ကမ္ဘာအနှံ့ လူဦးရေ ၅-သိန်းအချိန်နှင့်အမျှ လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျှက်ရှိပြီး နိုင်ငံတကာ သိပ္ပံပညာရှင်များအနေဖြင့် ၎င်းအတွက် ကာကွယ်-ကုသဆေးရရှိရန် နေ့ညမအား ကြံစည်ကြိုး စားလျှက်ရှိကြသည်။ လက်ရှိ Covid-19 ရောဂါဖြစ်ပွားစေသည့် SARS- CoV-2 ဗိုင်းရပ်စ်ပိုးမှာ ရာသီချိန် တုတ်ကွေးထက် ကူးစက်ရာ တွင် ၁၀-ဆမျှ ပိုမိုလျှင်မြန်သော်လည်း ဗိုင်းရပ်စ်ကိုယ်တိုင်တွင်မူ Mutation ဗီဇပြောင်းလဲရာတွင်၊ အလွန်နှေးကွေးသည်။ ထိုအတွက် ကာကွယ်ဆေးတွေ့ရှိခဲ့လျှင် ရေရှည်အသုံးပြု နိုင်လိမ့်မည်ဖြစ်ကြောင်း Washington Post နှင့် နိုင်ငံတကာ မီဒီယာများက ယနေ့ရေးသားသည်။  

လက်ရှိဗိုင်းရပ်စ်ပိုးအပါအဝင် ဗိုင်းရပ်စ်မှန်သမျှတို့သည် အချိန်နှင့်အမျှ ဗီဇပြောင်းလဲလေ့ရှိကြသည်။ အချို့ဗိုင်း ရပ်စ်များသည် ထိုသို့ ပြောင်းလဲရာတွင် သေးငယ်သော အမှားများကို ၎င်းတို့မျိုးရိုးဗီဇကုဒ်တွင် ထည့်သွင်းမိ လျှက်သားဖြစ်သွားသည်လည်းရှိပါသည်။

မြန်မာအပါအဝင် ကမ္ဘာ့ဒေသအနှံ့တွင် နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ရာသီချိန်တုတ်ကွေးသည် အချိန်ကြာလာ သည်နှင့် လျှင်မြန်စွာ ဗီဇပြောင်းလဲသည်။ ထို့ကြောင့် ယခင်နှစ် ကျရောက်သော ဗိုင်းရပ်စ်နှင့် ယခုနှစ်ကြုံရ သော ဗိုင်းရပ်စ်မှာ မျိုးဗီဇမတူတတ်ချေ။ ဗိုင်းရပ်စ်အသစ်ဖြစ်ခြင်းကြောင့် ကာကွယ်ဆေးအသစ်တီထွင်ရန် လိုအပ်မည်ဖြစ်သည်။

တုတ်ကွေးနည်းတူ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေသည့် ယခုကိုရိုနာဗိုင်းရပ်စ်သစ်မှာမူ နှေးကွေးစွာ မျိုးဗီဇပြောင်းလဲနေသည်ကို တွေ့ရှိရပြီး ကာကွယ်ဆေးဖော်စပ်နိုင်လျှင် ရေရှည်ထိရောက်စွာ အသုံးပြုနိုင်ချေရှိသည်။ တရုတ်ဝူဟန်တွင် ကူးစက်ခဲ့သည့် SARS-CoV-2 ဗိုင်းရပ်စ်နှင့် ယခုအမေရိကန်ရှိ လူအများကို ကူးစက်လျှက်ရှိသည့် ဗိုင်းရပ်စ်တို့အကြား မျိုးဗီဇနှင့်ပတ်သက်၍ စံနမူနာပေါင်း ၁,၀၀၀ ကို ခွဲခြမ်းစိတ်ဖြာရာတွင် ပြောင်းလဲမှု  ၄- ခုမှ ၁၀-ခုသာ လျှင်တွေရရှိရသည်။

ထိုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်သစ်၏ နှေးကွေး မျိုးဗီဇပြောင်းလဲခြင်းမှာ အကောင်းမျှော်လင့်ချက် ၂-ခုဖြစ်စေသည်။ ( ၁ ) လျှင်မြန်စွာကူးစက်ခြင်းကြောင့် အန္တရာယ်ပေးဆဲဖြစ်သည် မှန်သော်လည်း ရောဂါပြလက္ခဏာများ တည် ငြိမ်နေမည်ဖြစ်သည်။ ( ၂ ) ရောဂါကာကွယ်ဆေး ဖန်တီးနိုင်ခဲ့လျှင် ဝက်သက် သို့မဟုတ် ရေကျောက်ရောဂါ ကာကွယ်ဆေးကဲ့သို့ ရေရှည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ မျိုးရိုးဗီဇဆိုင်ရာ အဏု ဇီဝဗီဇပညာရှင် ပီတာသီလင်က ပြောကြားသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

#ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါလူသားမျိုးနွယ်ကိုခြိမ်းခြောက် #ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲမှု

======

https://www.scmp.com/news/world/united-states-canada/article/3077004/coronavirus-latest-germany-approves-historic

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.worldometers.info/coronavirus/#countries

https://www.washingtonpost.com/health/the-coronavirus-isnt-mutating-quickly-suggesting-a-vaccine-would-offer-lasting-protection/2020/03/24/406522d6-6dfd-11ea-b148-e4ce3fbd85b5_story.htmlhttps://www.businessinsider.com/new-coronavirus-mutates-slowly-vaccine-could-be-long-lasting-2020-3

1+

Leave a Reply

Your email address will not be published.