ကိုရိုနာဗိုင်းရပ်စ်စွဲ ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် ဥရောပလေကြောင်း ခရီးစဉ်အားလုံး အမေရိကန်က တားဆီးခဲ့ပြီးနောက် နိုင်ငံတကာ စီးပွားရေးဈေးကွက် ပဋိပက္ခဖြ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်စွဲ ကမ္ဘာ့ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိကြောင်း ကြေ ညာပြီးနောက် ဥရောပလေကြောင်းခရီးစဉ်အားလုံးကို အမေရိကန်က တားဆီးခဲ့ရာ နိုင်ငံတကာ ငွေကြေးဈေး ကွက်အား ကသောင်းကနင်းဖြစ်စေခဲ့သည်ဟု Russia Today က ယနေ့ရေးသားသားသည်။ သတင်းတစ် ပုဒ်တွင် အမေရိကန်က လေကြောင်းခရီးစဉ်အားလုံးရပ်ဆိုင်းရာတွင် ဗြိတိန်နိုင်ငံ မပါဝင်ဟု တွေ့ရပါသည်။

သိသိသာသာကျဈေးဖြင့် ဖွင့်လှစ်ခံရသည့် ဥရောပစတော့များမှာ လန်ဒန် London FTSE ညွှန်းကိန်းတွင် ၂.၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဂျက်လေယာဉ်အင်ဂျင်ထုတ်လုပ်သူ Rolls-Royce ရွိုးလ်ရွိုက်စ်က စတင်ဦးဆောင် လျှက် လေကြောင်းလိုင်း စတော့ရှယ်ယာများ ဈေးကျဆင်းမှုမှာ ၁၃ ရာခိုင်နှုန်းဖြင့် အထိနာခဲ့ရသည်။

 သြစတေးလျှဦးဆောင်သည့် အာရှဈေးကွက်တွင် အရေးပါသော စတော့ရှယ်ယာများမှာ ၇.၂၃ ရာခိုင်နှုန်း ကျ ဆင်းသည်။ အစဉ်အဆက်အားဖြင့် အိန္ဒိယ၏ Mumbai Sensex က ၆.၅ ရာခိုင်နှုန်း၊ ဂျပန် Nikkei 225 က ၄.၄ ရာခိုင်နှုန်း ကျဆင်းသည်။ အလားတူ ဟောင်ကောင် ၃.၄ ရာနှုန်း တရုတ်ရှန်ဟိုင်း ၁.၅၂ ရာနှုန်း အသီးသီး ကျဆင်းသည်။

WHO က ကမ္ဘာ့ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိကြောင်း ကြေညာပြီး များမကြာမီ ဥရောပလေကြောင်း ခရီးစဉ်အားလုံးကို ရက်ပေါင်း ၃၀ ကြာ ဆိုင်းငံလိုက်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတင်း ထုတ်ပြန်သည်။

(( မြန်မာတို့၏ ဆိုရိုးစကားတွင် သူဋ္ဌေးမရှိသောအရပ်၌ လူမနေအပ်ဟု ဆုံးမလေ့ရှိကြောင်း ကြားဖူးပါသည်။ ဆိုလိုသည်မှာ ကံအကြောင်းမလှ၍ မိမိတွင် ရင်းနှီးမြှုပ်နှံရန် ငွေကြေးမရှိသော်လည်း ချမ်းသာကြွယ်ဝသူများ ရောင်းဝယ်ဖောက်ကားခြင်းကို မှီ၍ အသက်မွေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။

ကမ္ဘာ့အကြီးဆုံး စားသုံးသူနှင့် ထုတ်လုပ်သူဖြစ်သော အမေရိကန်နှင့် စက်မှုဖွံ့ဖြိုးပြီး ဥရောပနိုင်ငံကြီးများ အကြား လေကြောင်းအဆက်အသွယ် ရက် ၃၀ မျှ ဖြတ်တောက်ခြင်းသည် ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဈေးကွက်စီးပွားရေးနိုင်ငံတစ်နိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘဏ်တစ်ခုပြိုကွဲခြင်းမှာ ဘဏ်သူဌေး ဒုက္ခရောက်ခြင်း သာမဟုတ်ပဲ သက်ဆိုင်ရာ နိုင်ငံငွေကြေးဘဏ္ဍာရေးစံနစ်အား ထိခိုက်နိုင်ပါသည်။ ကမ္ဘာ့စီးပွားရေးမှာ ၎င်းနိုင်ငံကြီး အချင်းချင်းကုန်သွယ်မှုအပေါ် များစွာ မူတည်နေပါသည်။

လွန်ခဲ့သောရက်၌ အမေရိကန်နယူးယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ပထမဆုံးအကြိမ် အဖြစ် လက်နက်ကိုင်တပ်များ၏ အရံအစိတ်အပိုင်းဖြစ်သော US National Guard အမျိုးသားစောင့်ရှောက်ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ စတင်ချထားပါသည်။ ဖွဲ့စည်းပုံအရ ယေဘူယျ အားဖြင့် အမေရိကန်တပ်မတော်မှာ ပြည်ပတိုက်ခိုက်ရေးအတွက်သာဖြစ်ပြီး သာမန်အခြေအနေတွင် စစ်အခြေစိုက်စခန်းများမှတပါး ပြည်တွင်း၌ တာဝန်ပေးနိုင်ခြင်းမရှိပါ။ ၎င်းနေရာတွင် သက်ဆိုင်ရာပြည်နယ်အလိုက် အမျိုးသားစောင့်ရှောက်ကာကွယ်ရေး တပ်ဖွဲ့ဝင်များက တာဝန်ယူပါသည်။  

လောလောဆယ်ကြောက်စရာကောင်းသည်မှာ ( ၁ ) ဗိုင်းရပ်စ်မှာ Mutation ဗီဇပြောင်းသွားနိုင်ခြင်းဖြစ်ပြီး ထိုသို့ ပြောင်းသွား ရောဂါပိုး၏အဖျက်နှင့် ခံနိုင်ရည်အား ပိုကောင်းလာနိုင်ခြင်းဖြစ်သည်။ ( ၂ ) စီးပွားရေးပျက် ကပ်ဆိုက်ရောက်၍ လူအများစားဝတ်နေ ဆင်းရဲကြပ်တည်းလာနိုင်သည်။ ( ၃ ) ရောဂန္တရကပ် ခေါ် ရောဂါကပ် ဆိုးနှင့်အတူ ဒုဗ္ဘိက္ခနရကပ် အစားအစာငတ်မွတ်ခေါင်းပါးသော ကပ်ဆိုးလည်း တစ်ပြိုင်တည်း ဆိုက်ရောက် တတ်ပါသည်။ ထိုအခါလူ၏ ပင်ကိုယ် ဆင်ခြင်တုံတရားပျောက်ဆုံးကာ သေမထူးနေမထူး လုကြယက်ကြ သတ်ဖြတ်ကြလျှက် သတ္တန္တရကပ် ခေါ် ဓားလှံသေနတ်စသော လက်နက်တို့ဖြင့် သတ်သော ကပ်ဆိုးကြီး ဖြစ်လာတတ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 12 Mar, 2020,” Global markets crash as US bans European flights over CORONAVIRUS PANDEMIC.” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စွဲကမ္ဘာ့ကူးစက်ကပ်ရောဂါ #ကမ္ဘာ့စီးပွားရေးဈေးကွက်ပဋိပက္ခ

https://www.rt.com/business/482905-global-markets-crash-coronavirus/?utm_source=browser&utm_medium=aplication_chrome&utm_campaign=chrome

0

Leave a Reply

Your email address will not be published.