ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြင့် အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးပြန်။ လတ်တလော ဥရောပ၌ ကျယ်ပြန့်စွာ ကူးစက်ပျံံ့နှံ့လျှက်ရှိဟု WHO ပြော ။ အာဖရိကနိုင်ငံများ၏ ၃-ပုံ ၁-ပုံအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေ

အီရန်နိုင်ငံတွင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်မတော် IRGC ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး နစ်ဆာရှာဘနီမှာ ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါဖြင့် သေဆုံးသွားသည်ဟု ယူအေအီးအခြေစိုက် Al Arabiya News Channel သတင်းချန်နယ်က မတ် ၁၃-ရက်နေ့က ဖော်ပြသည်။

အီရန်တွင် Covid-19 ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါစတင်ကူးစက်ပျံံ့နှံ့စဉ်မှစ၍ IRGC ၏ အခြားထိပ်တန်းအဖွဲ့ဝင် ၅-ဦးနှင့် အီရန်အစိုးရအဖွဲ့ဝင် ၁၃-ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၁၁-ဦး ဖျားနာလျှက်ရှိကြောင်း IRGC ၏ သောကြာနေ့ သတင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

(( အမေရိကန်၏ ဒါဏ်ခတ်ပိတ်ဆို့မှုအမျိုးမျိုးကို ကာလရှည်ကြုံတွေ့ခဲ့ရသော အီရန်၌ အထွေထွေ ချို့တဲ့မှုခံစားခဲ့ရာတွင် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုလည်း ပါဝင်သည်။ ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၅၁၄-ဦး သေဆုံးခဲ့ပြီး ၁၁,၃၆၄-ဦး၌ ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိရာ ကမ္ဘာပေါ်တွင် ဖျားနာ-သေဆုံး တတိယအများဆုံးဖြစ်နေသည်။

ရောဂါကူးစက်မှုကို တားဆီးတိုက်ဖျက်ရေးအတွက် International Monetary Fund နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ထံမှ ချေးယူရန် အီရန်က မေတ္တာရပ်ခံထားသည့် အရေးပေါ်ချေးငွေ ၅-ဘီလျှံ မှာလည်း အမေရိကန်က အမြင့်ဆုံး ဖိအားသုံး၍ ဟန့်တားခံရဖွယ်ရှိနေကြောင်း Telegraph ( မတ်-၁၂၊၂၀၂၀ ) က ရေးသားသည်။

လတ်တလော ကိုရိုနာဗိုင်းရပ်စ်သည် ဥရောပ၌ အဓိကကူးစက်ပျံံ့နှံ့လျှက်ရှိသည်ဟု WHO သတိပေးရလောက်အောင်ပင် အီတလီတွင် ယနေ့နံနက်ပိုင်းအထိ လူပေါင်း ၁,၂၆၆-ဦးသေဆုံး၊ ၁၇,၆၆၀-ဦး ကူးစက်ခံထားရကြောင်း ကိန်းဂဏန်းများက ဖော်ပြလျှက်ရှိသည်။

အာဖရိကအရှေ့ဖျားနိုင်ငံများဖြစ်သော ကင်ညာ၊ ဆူဒန်၊ အီသီယိုပီးယားသာမက အနောက်ဖျားရှိ ဂီနီ၊ မော်ရီတေးနီးယားတို့က ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသူ ၁-ဦးစီတွေ့ရှိကြောင်း ယမန်နေ့ သတင်းထုတ်ပြန်သည်။ ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်မှာ အာဖရိက ၁၉ – နိုင်ငံတို့၌ ခြေကုပ်ရသွားပြီဖြစ်သည်။

အာဖရိကတိုက်နိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း တွေ့ရှိရသူများမှာ နိုင်ငံခြားသားများနှင့် ပြည်ပခရီးသွားများဖြစ်နေသည်။ သို့သော်လည်း ဒေသခံနိုင်ငံများအတွင်း ရောဂါကူးစက်နိုင်ခြေရှိခြင်းကြောင့် စိုးရိမ်မှုမြင့်တက်လျှက်ရှိသည်။

အာဖရိကတွင် လူဦးရေ ၁.၃ ဘီလျှံနေထိုင်လျှက်ရှိပြီး အာရှပြီးလျှင် လူနေအများဆုံးတိုက်ကြီးဖြစ်သည်။ သို့သော် အတော်များများတွင် အကျင့်ပျက်ခြစားသောအုပ်ချုပ်မှု၊ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် စီးပွားရေးတည်ငြိမ်ခြင်း မရှိချေ။

ထို့ပြင် ဒေသအချို့တွင် HIV နှင့် အီဘိုလာရောဂါ တို့ဖြစ်ပွားလျှက်ရှိခြင်းကြောင့် ပြင်းထန်ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ကူးစက်ပျံ့နှံ့လာခဲ့လျှင် ခုခံနိုင်ဖွယ် အလားအလာ အလွန်နည်းသည်။

((( Russia Today., 13 Mar, 2020, “Senior Iranian IRGC commander dies of coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။)))

#ကိုရိုနာဗိုင်းရပ်စ်အီရန်ဗိုလ်ချုပ်ကြီးနစ်ဆာရှာဘနီ #ကိုရိုနာဗိုင်းရပ်စ်ဥရောပအာဖရိက

https://english.alarabiya.net/en/News/middle-east/2020/03/13/Senior-Iranian-IRGC-commander-dies-of-coronavirus-.html

https://www.telegraph.co.uk/news/2020/03/12/iran-request-5-billion-emergency-loan-international-monetary/

https://www.rt.com/news/483074-europe-center-coronavirus-pandemic/

https://www.google.com/maps/place/Mali/@6.858841,2.2706791,4z/data=!4m5!3m4!1s0xe143e881b1073cf:0xbb3a5be2a0bdcf80!8m2!3d17.570692!4d-3.996166

0

Leave a Reply

Your email address will not be published.