ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါပျံ့ပွားမှု ဟန့်တားရန် Lock-down တားဆီးပိတ်ဆို့မှုများကြောင့် ပြည်ပအခြေစိုက် အမေရိကန်တပ်ဖွဲ့ဝင်တို့၏ လှုပ်ရှားမှုများ ရပ်တန့်သွား။ အမေရိကန်ကာကွယ်ရေးဌာန အ တွင်း ကိုရိုနာဗိုင်းရပ်စ်စွဲကပ်မှု့ ၄၃၅-မှု့ရှိခဲ့ပြီး ၁-ဦး သေဆုံး၊ အင်အားကြီးနိုင်ငံ၏ ကမ္ဘာ့စစ်ရေးချိန်ခွင်ညှာ အပြောင်းအလဲနှင့် အကြမ်းဖက်-အစွန်းရောက်ဂျီဟဒ်ဝါဒီတို့ အလားအလာ

ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါပျံ့ပွားမှု ဟန့်တားရေးအတွက် ပင်လယ်ရပ်ခြားရောက် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အရပ်ဖက်ကာကွယ်ရေးဝန်ထမ်းများ၏  ခရီးသွားလာလှုပ်ရှားမှု့အားလုံးကို ရက်ပေါင်း ( ၆၀ ) ကြာ ရပ်ဆိုင်း ထားရန်  ကာကွယ်ဝန်ကြီး မတ်ခ်အက်ပါက ဗုဒ္ဓဟူးနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်ဟု AFP ကို ကိုးကား လျှက် Dhaka Tribune က ယနေ့ရေးသားသည်။

အဆိုပါအမိန့်မှာ ပင်လယ်ရပ်ခြားသို့ ရောက်ရှိနေသော အမေရိကန်တပ်ဖွဲ့ဝင်တို့၏ မှီခိုသူမိသားစုများလည်း လိုက်နာရန် အကြုံးဝင်ပြီး လာမည့်ခြောက်လအတွင်း ပြည်ပအခြေစိုက် တပ်ဖြန့်ခြင်းများနှင့် ပြည်ပရောက် အမေရိကန်ကာကွယ်ရေးအမှုထမ်း ၉၀,၀၀၀ ခန့်တို့၏ ဖြန့်ကြက်လှုပ်ရှားမှုများမှာ ကိုဗစ်-နိုင်တင်းရောဂါကူး စက်မှုကြောင့် ရပ်တန့်နေမည်ဟု အဓိပ္ပါယ် သက်ရောက်လျှက်ရှိသည်ဆို၏။

သို့သော်လည်း အဆိုပါအမိန့်တွင် တာလီဘန်များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ရက်ပေါင်း ၁၃၅-ရက် အတွင်း အာဖဂန်နစ္စတန်မှ ရုတ်သိမ်းမည့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃,၀၀၀ခန့်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရှိရသည်။

အမေရိကန်တပ်မတော်တွင် အရာရှိ-အရာခံ-အခြားအဆင့်များ၊ အရပ်ဖက်ကာကွယ်ရေးဝန်ထမ်းများ၊ စစ်ဖက် ကန်ထရိုက်တာများအကြား  ကိုဗစ်-နိုင်တင်းကူးစက်ကပ်ရောဂါ စွဲကပ်မှုပေါင်း ၄၃၅- မှုရှိခဲ့ပြီး၊ အဆိုပါရောဂါ ကြောင့် ကာကွယ်ရေးဌာနမှကန်ထရိုက်တာ ၁-ဦးသေဆုံးကြောင်း ဗုဒ္ဓဟူးနေ့ နံနက်တွင် ပင်တာဂွန်၏ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

အလားတူပင် ပင်တာဂွန်အနေဖြင့် အာဖရိကရောက် အင်အား ၆,၀၀၀ မှ ၇,၀၀၀ ခန့်ရှိမည့် တပ်ဖွဲ့ဝင်များကို လည်း လျှော့ချခြင်း သို့မဟုတ် အပြီးတိုင်ရုတ်သိမ်းရန် ချိန်ဆလျှက်ရှိရာ အာဖရိက အနောက်ပိုင်း ဆိုမာလီ ကဲ့သို့ နိုင်ငံများမှ တပ်ဖွဲ့ဝင်များအား  အဓိကရုတ်သိမ်းမည်ဖြစ်ကြောင်း အင်္ဂါနေ့ ရေးသားသည်။

အာဖရိက၌ အမေရိကန်တပ်များ၏ အခင်းအကျင်းများတွင် နိုင်ဂျာနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း-၁၁၀ တန် ဒရုန်းလေယာဉ်အခြေစိုက်စခန်း တည်ဆောက်ရေးနှင့် လေ့ကျင့်ရေးလည်းပါဝင်နေကြာင်း၊ အာဖရိကတွင် ထောက်လှမ်းရေး၊ ထောက်ပံ့ရေးနှင့် ဝေဟင်ဆီဖြည့်တင်းရေးတို့အတွက် ပင်တာဂွန်၏ အသုံးစရိတ်မှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၅-သန်းခန့်ရှိကြောင်း Times အဆိုအရ သိရှိရသည်။

ရုတ်သိမ်းမည့် အစီအစဉ်တွင် ပြင်သစ်တပ်ဖွဲ့ဝင်တို့အား ကျောထောက်နောက်ခံပေးနေခြင်းများလည်းပါဝင် သည်။ မာလီ၊ နိုင်ဂျာ၊ ဘူကီနာဖက်ဆို စသည့် အာဖရိကနိုင်ငံများတွင် အယ်လ်ကိုင်ဒါအကြမ်းဖက်နှင့် အစ္စ လာမ်မစ်နိုင်ငံတော် ထူထောင်သူ ဘာသာရေးအစွန်းရောက် အိုင်အက်စ် ( IS, ISIS ) တို့ သောင်းကျန်းမှု့အား ခုခံဆန့်ကျင်လျှက်ရှိသည့် ဒေသန္တရ အစိုးရတပ်များအား ပြင်သစ်နှင့် အမေရိကန်တပ်ဖွဲ့ဝင်များက အကူအညီ ပေးလျှက်ရှိသည်။ ပြင်သစ်တပ်ဖွဲ့ဝင်များသည် ၂၀၁၃-ခုနှစ်ကတည်းက မာလီနိုင်ငံမြောက်ပိုင်း၌ အယ်လ်ကိုင်ဒါ ဂျီဟဒ်ဝါဒီ အကြမ်းဖက်အဖွဲ့အစည်း၏ အင်အားတိုးချဲ့သောင်းကျန်းမှုကို ဝင်ရောက်ထိုးနှက်နေသော အဓိက နိုင်ငံဖြစ်သည်။

ပြင်သစ်သည် ချတ်ဒ်နှင့် မော်ရီတာရေးနီးယားနိုင်ငံတို့တွင်လည်း အစွန်းရောက်အကြမ်းဖက် ထကြွမှုကို ဒေသန္တရတပ်များနှင့်အတူ ပူးတွဲ ချေမှုန်းလျှက်ရှိနေသည်။ အကြမ်းဖက်ဆန့်ကျင်ရေးစစ်ပွဲမှာ အဆုံးမရှိသော စစ်ပွဲဖြစ်ကြောင်း  ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုခဲ့သည်။ အကြမ်းဖက်စစ်ပွဲတွင် အမေရိကန်တပ်ဖွဲ့ဝင်များ လျှော့ချသွားသည့် နေရာ၌ တရုတ်နှင့် ရုရှားတို့က ဝင်ရောက် အင်အားဖြည့်စွက်ရန် ဒေါ်နယ်ထရမ့် အစိုးရက လိုလားကြောင်း မီဒီယာများက ဖော်ပြကြသည်။

သို့သော် အာဖရိကမှ တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရေးအစီအစဉ်သည် လာမည့်နှစ် ဇန်နဝါရီလတိုင်အောင် ယတိပြတ်အဆုံးအဖြတ် ထွက်လာမည့်ဟန်မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်သည်။ ပင်တာဂွန်ကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ လောလောဆယ် ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။

ယနေ့နံနက်ထိ ကိုဗစ်-နိုင်တင်းရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုအရေအတွက်တွင် အမေရိကန်သည် ၈၅,၀၀၀- နီးပါးဖြင့် ၈၂,၀၀၀ မှု့ခန့်ရှိနေသော တရုတ်ကို ကျော်လွန်၍ ကမ္ဘာ့အများဆုံးနိုင်ငံဖြစ်လာသည်။ အမေရိကန်၏ သေဆုံးသူအရေအတွက် စုစုပေါင်းမှာ ၁,၃၀၀-ခန့်ရှိနေပြီး၊ တရုတ် ၃,၃၀၀ -ဦး၏ ၄၀ % မျှ ရှိနေသည်။ အီတလီသည် ကူးစက်ခံရမှု ၈၀,၀၀၀ ကျော်ရှိသော်လည်း အသက်ဆုံးရှုံးရသူ ၈,၂၀၀ ကျော်ရှိနေရာ SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။

ယနေ့နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံနှင့် နယ်မြေ ၁၉၉- ခု တို့တွင် ကိုဗစ်-နိုင်တင်းဗိုင်းရပ်စွဲကပ်ခံခဲ့ရမှုပေါင်း သန်းဝက်ကျော် သို့မဟုတ် ၅၃၀,၀၀၀ ခန့်ရှိခဲ့ပြီး လူပေါင်း ၂၄,၀၀၀- ကျော်သေဆုံးကာ  ၁၂၀,၀၀၀ ကျော် ကုသ ပျောက်ကင်းခဲ့သည်။

(( လွှင့်တင်ရသည့် အခက်အခဲကြောင့် ကိုးကား Links များ ပူးတွဲဖော်ပြနိုင်ခြင်း မရှိပါ။ အဆိုပါ Links များအား ဆက်လက်လေ့လာလိုပါလျှင် ကျွန်တော်၏ https://m.vk.com/ounghtay  နှင့် https://h2oupdatenews.com/ သို့ ဝင်ရောက် ကြည့်ရှု့နိုင်ပါရန် ။   ။ သတင်းသာသာပြန်သူ ))

#ကိုရိုနာဗိုင်းရပ်စွဲရောဂါအမေရိကန်ပြည်ပအခြေစိုက်တပ်များရပ်တန့်

((( Dhaka Tribune., March 26th, 2020.” US freezes overseas troop movements in virus lockdown.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/north-america/2020/03/26/us-freezes-overseas-troop-movements-in-virus-lockdown

https://www.dhakatribune.com/world/africa/2019/12/25/report-us-considers-pulling-troops-from-west-africa

https://gisanddata.maps.arcgis.com/apps/opsdashboard/index.html?fbclid=IwAR0tOhUl59T4ql89uyu8fgwqjI3F4AOGGL5U8M_s5RQurA0mqtzgoGJlcVE#/bda7594740fd40299423467b48e9ecf6

https://www.cdc.gov/coronavirus/2019-ncov/cases-updates/cases-in-us.html

https://www.worldometers.info/coronavirus/?totalCount=11&order=8&subOrder=0&napp=mysection

0

Leave a Reply

Your email address will not be published.