ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါကြောင့် စီးပွားရေးအထိနာလျှက်ရှိစဉ် ဂျာမန် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး မိမိကိုယ်မိမိ အဆုံးစီရင်

ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်ကပ်ရောဂါမှာ ဂျာမနီနိုင်ငံ၏ စီးပွားရေးအား ပြင်းထန်စွာ ထိုးနှက်လျှက်ရှိစဉ် ဖရန့် ဖွတ်ကဲ့သို့ အရေးပါသော မြို့တော်များတည်ရှိရာ ဟတ်စ်ဇာပြည်နယ် ဘဏ္ဍာရေးဝန်ကြီး တောမတ်ရှေဖာ၏ ရုပ်အလောင်းကို မီးရထားလမ်းဘေးတွင် တွေ့ရှိရသည်ဟု Al Jazeera က ယနေ့ရေးသားသည်။

Thomas Schaefer ရှေဖာသည် ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသော ပြည်နယ်၏ စီးပွားရေးနှင့် ပတ် သက်၍ အလွန်အမင်းစိုး ရိမ်ပူပန်သည့်အလျောက် မိမိကိုယ်မိမိ အဆုံးစီရင်သွားဟန်တူသည်ဟု ပြည်နယ် ဝန်ကြီး ဗောလ်ကာဘိုဖီယာက ပြောဆိုသည်။

အသက် ၅၄-နှစ်အရွယ်ရှိ တောမတ်ရှေဖာသည် ၁၉၉၇-ခုနှစ်တွင် မာဘတ်ခ်တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်သည်။    ၊ လွန်ခဲ့သည့် စနေနေ့တွင် ၎င်း၏ ရုပ်အလောင်းကို မီးရထားလမ်းဘေးတစ်နေရာတွင် တွေ့ကြရခြင်းဖြစ်၍ မိမိကိုယ်ကို သတ်သေမှုဟု ယုံကြည်ရကြောင်း Wiesbaden ဝီးဘာဒင် အစိုးရရှေ့နေရုံးက တရားဝင်မှတ်ချက်ပြုထားသည်ဆို၏။

((( Al Jazeera., Mar, 30 2020, “German state minister kills himself as coronavirus hits economy.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါ #ဂျာမန်ဘဏ္ဍာရေးဝန်ကြီးမိမိကိုယ်မိမိအဆုံးစီရင်

https://www.aljazeera.com/news/2020/03/german-state-minister-kills-coronavirus-hits-economy-200329165242615.html

0

Leave a Reply

Your email address will not be published.