ကိုရိုနာဗိုင်းရပ်စ်စွဲ သေဆုံးဦးရေ အီတလီတွင် စိုးရိမ်ဖွယ်မြင့်တက်။ ဗိုင်းရပ်စ်အတွက် နယူးယောက်၌ အမျိုူးသားကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့များ ပထမဆုံးအကြိမ် ဖြန့်ချ။ ကိုရိုနာဗိုင်းရပ်စ်က မောင်းနှင်မည့် ကမ္ဘာ့စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတားဆီးကာကွယ်ရန် နိုင်ငံ့မြောက်ပိုင်းနှင့် အခြားထင်ရှားသော မြို့ကြီးအချို့အား သွားလာဝင်ထွက်မှုတားဆီးခဲ့သည့်တိုင် အီတလီတွင် လူသေဆုံးမှု အများဆုံးဖြစ်ပွားလျှက်ရှိသည်။ တစ်ချိန်တည်းမှာပင် နယူးယောက်မြို့၌ အမေရိကန်လက်နက်ကိုင်တပ်များ အရံအင်အားဖြစ်သည့် အမျိုူးသားကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင်များ ပထမဆုံးအကြိမ် ဖြန့်ချနေရခြင်းကိုထောက်၍ ကိုရိုနာဗိုင်းရပ်စ်စွဲ ကူးစက်-သေဆုံးမှုမှာ ကမ္ဘာအရပ်ရပ်သို့ ခြောက်လှန့်လျှက်ရှိကြောင်း ပြသနေသည်ဟု နိုင်ငံတကာမီဒီယာကြီးများကို ကိုး ကား၍ Dhaka Tribune က ယနေ့ရေးသားသည်။ 

ကိုရိုနာဗိုင်းရပ်စွဲ COVID-19 ရောဂါဖြင့် သေဆုံးသူ ၃-ဦးစတင်တွေ့ရှိသော အီတလီသည် ယမန်နေ့ ညနေပိုင်းတွင် စုစုပေါင်း သေဆုံးသူ ၆၃၁-ဦး ဖြစ်လာသည်ဆို၏။ အဆိုပါအရေအတွက်မှာ ၂၄-နာရီအတွင်း တမြန်နေ့ သေဆုံးသူ ၁၀၀-ဦး ရှိရာမှ ၁၆၈-ဦး သေဆုံးနှုန်းသို့ မြင့်တက်လာခြင်းဖြစ်သည်။ 

ဗိုင်းရပ်စ်ကူးစက်မှု ဂယက်မှာ နိုင်ငံတကာ အားကစား-ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာဖြစ်စဉ်များအပေါ် များစွာသက်ရောက်ခဲ့သည်။ ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက တရုတ်နိုင်ငံအနေဖြင့် ကူးစက်ပျံံ့နှံ့မှုကို အခြေခံကျကျထိန်းချုပ်ဟန့်တားလျှက်ရှိကြောင်း ကြေညာခဲ့သည်ကို တွေ့ရှိရသည်။ ကူးစက်ဗိုင်းရပ်စ်ပိုးသတင်းမှာ နိုင်ငံတကာသို့ ပျံ့နှံ့သွားပြီးလျှင် ဈေးဆိုင်များတွင် ကြောက်လန့်တကြားဈေးဝယ်ခြင်းနှင့် ငွေကြေးဈေးကွက်တွင် ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ 


တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ပြီဖြစ်သဖြင့် ရောဂါစတင်ဖြစ်ပွားစ အရေးပေါ်ဖွင့်လှစ်ခဲ့သော ဟူဘေးပြည်နယ် ယာယီဆေးရုံများအားလုံး ပိတ်သိမ်းလိုက်ပြီဖြစ်သည်။ သို့သော် ကူးစက်ခံရသူ ၈-သောင်းကျော်နှင့် လူ ၃-ထောင်ကျော် သေဆုံးခဲ့ရသည့် ဒါဏ်ရာဒါဏ်ချက်များကို ခံစားနေရဆဲဖြစ်ကြောင်း တစ်ပြိုင်နက်တည်းမှာပင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၇-နိုင်ငံ၌ ၁၁၇၃၃၉-ဦးတို့၌ ဗိုင်းရပ်စ်ကူးစက်လျှက်ရှိပြီး ၄,၂၅၁-ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း AFP ကောက်ယူထားသော စာရင်းများအရသိရှိရသည်။ 

အသက်ပေါင်းများစွာဇီဝိန်ခြွေလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စွဲ ကူးစက်ရောဂါကြောင့် အမေရိကန်တွင် ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် တစ်ပြေးလျှက်ရှိသော ဂျိုးဘိုင်ဒင်နှင့် ဘာနီဆန်ဒါးကို့နှစ်ဦးလုံးပင် အကြိတ်အနယ် မဲဆွယ်ပွဲများနှင့် ထောက်ခံလူထုအင်အားပြပွဲများကို ဖျက်သိမ်းခဲ့ရသည်။ 

နိုင်ငံအချို့တွင် ဗိုင်းရပ်စ်စွဲရောဂါမှုကြောင့် အီရန်၌ ပါလီမန်အမတ်အချို့ သေဆုံးခဲ့သည်။ အီရန်-အီတလီတို့တွင် အစိုးရအဖွဲ့ ဝန်ကြီးဖြစ်သူများကိုယ်တိုင် ဗိုင်းရပ်စ်ကူးစက်ခြင်းခံရလျှက်ရှိရာ ယခုနောက်ဆုံးပုဂ္ဂိုလ်မှာ ဗြိတိန်နိုင်ငံမှ ကျန်းမာရေးအမျိုးသမီးဝန်ကြီး နေဒင်းဒွိုက်စ်ဖြစ်ကြောင်း သိရှိရသည်။ 


(( ကိုရိုနာဗိုင်းရပ်စ်ခြောက်လှန့်မှုကြောင့် အပျော်စီးခရီးသည်သင်္ဘောလုပ်ငန်းလုံးဝထိခိုက်သွားပြီး နိုင်ငံတကာလေကြောင်းလိုင်းများလည်း အထိနာခဲ့ရသည်။ တစ်ဆက်တည်းမှာပင် နိုင်ငံတကာဈေးကွက်၌ ရောင်းလိုအား-ဝယ်လိုအားအများဆုံး စီးပွားရေးအင်အားကြီးနိုင်ငံများတွင် စတော့ရှယ်ယာဈေးများ ကျဆင်းသွားသည်။ 

လွန်ခဲ့သည့် သောကြာနေ့ သြတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပသည့် ရေနံတင်ပို့သောနိုင်ငံများအသင်းဝင်တို့ POEC+ ဆွေးနွေးပွဲတွင် နေ့စဉ်နေနံစည်ထုတ်လုပ်မှုပမာဏကန့်သတ်ရေးနှင့် ပတ်သက်၍ ဆော်ဒီအာရေးဗီးယားနှင့် ရုရှားတို့ သဘောကွဲလွဲကာ တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်ဝေဖန်လျှက်ရှိသည်။ ယမန်နေ့ ရေနံတစ်စည်လျှင် ၂၇.၆ ဒေါ်လာနှင့် ၃၁.၄ ဒေါ်လာအသီးသီးရှိခဲ့သည်။ ကမ္ဘာ့ရေနံဈေးကွက်၏ တစ်နေ့တာ အကျရာ ခိုင်နှုန်း ၂၅% အထိဖြစ်၍ ပင်လယ်ကွေ့စစ်ပွဲကာလ ၁၉၉၁- ခုနှစ် နောက်ပိုင်း တစ်နေ့တာ အကျအများဆုံး နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ 

ကမ္ဘာတစ်ဝန်း၌ Covid-19 ကူးစက်ပြန့်နှံ့မှုများကြောင့် စီးပွားရေးလုပ်ငန်းကြီးများအနေဖြင့် ပုံမှန်လည်ပတ်မှု မရှိပဲ ရေနံသုံးစွဲအား၊ ဝယ်လိုအား ကျဆင်းလာခဲ့သည်။ ရေနံဈေးကျဆင်းမှုကြောင့် ရေနံတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီကြီးများ ထိခိုက်သော်လည်း ရုရှားအစိုးရ၏ နိုင်ငံပိုင်ရေနံလုပ်ငန်းကြီးများကမူ တစ်စည်လျှင် ဒေါ်လာ ၃၀ မှ ၂၅ ဒေါ်လာဈေးဖြင့် ထုတ်လုပ်နိုင်မည်ဟု ရုရှားက ယုံကြည်သည်။ ထို့ပြင် ရုရှား၏ ငွေကြေးဖောင်းပွမှုမှာ သမိုင်းတလျှောက် အနည်းဆုံးဖြစ်နေသည်။ 

မျက်မှောက်ကာလ ကမ္ဘာ့ဈေးကွက်၌ဈေးနုန်းချိုသာပြီး အရေအတွက် များများစားစား တူးဖော်ထုတ်လုပ်နိုင်သော အမေရိကန် Shale ရေနံက ဈေးကွက်ရလျှက်သည်။ သို့သော် Shale ရေနံကုမ္ပဏီများအတွက် ရေနံတစ်စည်လျှင် ဒေါ်လာ ၄၀ အောက်ဈေးနှုန်းမှာ တွက်ခြေမကိုက်ပါ။ ကြာလျှင်အမေရိကန် Shale ရေနံလုပ်ငန်းများ ဒေဝါလီခံသွားရနိုင်သည်။ 

ဆော်ဒီနိုင်ငံအတွက်မူ ရေနံတစ်စည်လျှင် ဒေါ်လာ ၈၀ အထက်ရှိနေမှ ရေရှည်ရပ်တည်နိုင်သည်။ ထို့ကြောင့် လက်ရှိဈေးနှုန်း၌ ကြာကြာမနေရအောင် ရေနံဝယ်လိုအားနှင့် ချိန်ဆ၍ လျှော့ထုတ်လိုသည်။ ရုရှားအနေဖြင့် ရေနံဈေးနုန်း ကျဆင်းလေလေ ပြိုင်ဘက်နိုင်ငံများ၏ ရေနံနှင့်၊ စီးပွားရေးလုပ်ငန်များ ထိခိုက်လေလေဖြစ်၍ ရေနံလျှော့မထုတ်လိုပေ။ ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်ခိုက် ရုရှားက ဈေးကွက်အသာစီးဖြင့် ရေနံကြောင့် မာနေသော အမေရိကန်ဒေါ်လာကို အလဲထိုးကာ နေရာလုယူမည့် အရိပ်အယောင် တွေ့နေရ သည်။ 


ကမ္ဘာ့စီးပွားရေးအကျဖက်၌ ဗြောင်းဆန်လျှက်ရှိစဉ် အမေရိကန်က ဈေးကွက်အငြင်းပွားမှုအတွက် တရုတ်နှင့် ဆက်လက်ပြောဆိုသွားမည်ဟု သတင်းထွက်နေသည်။ ကမ္ဘာကြီး၏ စီးပွားရေးအလားအလာကို Covid-19 ဗိုင်းရပ်စ် ကူး စက်ပျံ့ပွားမှု အနေအထားကသာဆက်၍ မောင်းနှင်သွားလိမ့်မည်သုံးသပ်ထားကြရာ သူဌေးသင်္ဘောပျက်သည်ထက် ခွက်ပျောက်မခံနိုင်သော သူတောင်းစားများ မျက်ဖြူဆိုက်လျှက်ရှိပါသည်။ ။ သတင်းဘာသာပြန်သူ )) 

((( Dhaka Tribune., March 11, 2020, “Virus deaths soar in Italy, US deploys national guard.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ကိုရိုနာဗိုင်းရပ်စ်အမေရိကန်အီတလီ #ကိုရိုနာဗိုင်းရပ်စ်မောင်းနှင်မည့်ကမ္ဘာ့စီးပွားရေး 

https://www.dhakatribune.com/world/north-america/2020/03/11/virus-deaths-soar-in-italy-us-deploys-national-guard?fbclid=IwAR2UOx4RqluwSn6tk1bQfNzSxeG3z_LH59tliGy4g0q-Lm_4AZEcZ0k15jc . 
https://www.wistv.com/video/2020/03/11/national-guard-has-been-deployed-handle-coronavirus-cluster-new-york-state/ 
https://www.nytimes.com/2020/03/10/world/europe/russia-saudi-oil.html 
https://www.nytimes.com/2020/03/09/business/energy-environment/oil-opec-saudi-russia.html 
https://bdnews24.com/business/2020/03/11/business-travel-sector-to-lose-820-bln-in-revenue-on-coronavirus-hit 
https://www.scmp.com/news/china/diplomacy/article/3074489/us-and-china-still-talking-about-trade-deal-despite 
https://bdnews24.com/business/2020/03/11/business-travel-sector-to-lose-820-bln-in-revenue-on-coronavirus-hit 

0

Leave a Reply

Your email address will not be published.