ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ- မရှိ အခမဲ့ စစ်ဆေးမှုခံယူရန် တန်းစီစောင့်ဆိုင်းနေသော ဘင်္ဂလားဒက်ရှ်ပြည်သူများ။ ရောဂါပိုး ရှိ-မရှိ အရေအတွက်များများ-မြန်မြန်-အရည်အသွေးပြည့် စစ်ဆေး နိုင်ခြင်းသည် ပညာရှင်-ဆေးဝါကိရိယာနှင့် ငွေကြေးမပြည့်စုံသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကောင်းဆုံး ခံစစ်ကြီးဖြစ်သည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ Covid-19 ကူးစက်ရောဂါကပ် ကျရောက်လျှက်ရှိပါသည်။

ပုံတွင် ဒါကာမြို့ ဘန်ဂါဘန်ဒူရှိတ်မူဂျစ်ဆေးဘက်ဆိုင်ရာတက္ကသိုလ် ( BSMMU ) ၏ Covid-19 စစ်ဆေးရေးဓာတ်ခွဲခန်း အပြင်ဘက်၌ တန်းစီစောင့်ဆိုင်းနေသူများအား တွေ့မြင်နိုင်သည်။ ယမန်နေ့ သတင်းဓါတ်ပုံများတွင် သက်ကြီးရွယ်အိုများ- ရဲတပ်ဖွဲ့ဝင်များအပါအဝင် အလွှာစုံ အသက်အရွယ်အသီးသီးရှိသူတို့က ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်မှု ခံယူရန် ပြင်ဆင်လျှက်ရှိပုံကို Dhaka Tribune သတင်းထောက်များ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁-ရက်နေ့မှ စတင်သော ယခုစစ်ဆေးစမ်းသပ်မှုသည် အဖြေရရှိသည်အထိ စုစုပေါင်း ၄-နာရီခန့်ကြာမြင့်ပြီး အားလုံး အခမဲ့ဖြစ်သည်။

ဓါတ်ပုံ .. ရာဂျစ်ဒါဟာ၊ ဒါကာ ထရီဗြွန်း

ကူးစက်ကပ်ရောဂါဖြစ်ပွားရာတွင် မည်သည့်နေရာ၌ မည်မျှလောက် ကူးစက်ပြန့်နှံ့လျှက်ရှိကြောင်း သိခြင်းသည် ရောဂါပိုးနှင့် သူနိုင်-ကိုယ်နိုင် အပြိုင်ကြဲရမည့် စစ်ပွဲတွင် အသာစီး စတင်ရရှိခြင်းဖြစ်သည်။ ထို့ကြောင့်လည်း “ မီးကို မျက်စိမှတ်ပြီး ငြိမ်းသတ်ချင်လို့ မရပါဘူး “ ဟု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေညွှန်ကြားရေးမှူး တက်ဒရော့စ် အက်ဒ်ဟာနွန်ဂီးဘရီးယက်စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လော့ဒေါင်း Lowndown တားမြစ်ပိတ်ဆို့ခြင်း၊ Stay at Home နေအိမ်၌သာ နေစေခြင်း၊ Movement Restriction အသွားအလာ ကန့်သတ်ခြင်း၊ Quarantine ရောဂါခြေချုပ်ချခြင်းတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ၁-ရက်ဆို ဆိုသလောက် နစ်နာလှပါသည်။

#ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ-မရှိ #အရေအတွက်များများ- #မြန်မြန်- #အရည်အသွေးပြည့် စစ်ဆေးနိုင်ခြင်းသည် ပညာရှင်-ဆေးဝါကိရိယာနှင့် ငွေကြေးမပြည့်စုံသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကောင်းဆုံး ခံစစ်ကြီးဖြစ်သည်။ ထိရောက်စွာမစစ်ဆေးနိုင်ပဲ Lockdown လုပ်နေခြင်းသည် Asymptomatic Transmission ခေါ် ရောဂါလက္ခဏာမပြပဲ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူမှ ရောဂါကူးစက်ခံရစေရန် အချိန်ပိုပေးသည့် ကစားပွဲမျှသာဖြစ်သည်။

(( မ အ’ အောင် သမိုင်းကို သင်ယူကြရသည်ဟု သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက ဆိုပါသည်။ သတင်းစာတို့သည် သမိုင်းကို ပြောပြနေကြသည်။ လူအနည်းငယ်မျှသာ သမိုင်းကို ပြောင်းလဲပစ်နိုင်ကြသည်။ လူအများစုကြီးမှာကား သမိုင်း၏ ဝါးမြိုခြင်းကို ခံစားသွားကြရသည်။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., April 28, 2020, “In pictures: Collecting samples for laboratory testing.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))

In pictures: Collecting samples for laboratory testingHundreds of people wait in queues outside the Covid-19 testing…

Posted by Dhaka Tribune on Tuesday, 28 April 2020
0

Leave a Reply

Your email address will not be published.