ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဝါရှင်တန်ပြည်နယ်တွင် ၆-ဦးသေဆုံးခဲ့။ အန္တာတိကမှ လွဲလျှင် ကမ္ဘာ့တိုက်ကြီးအားလုံး၌ ဗိုင်းရပ်စ်ပျံ့နှံ့လျှက် သေဆုံး- ၃,၀၀၀ ကျော်၊ ရောဂါကူးစက်ခံရသူ ၈၈,၀၀၀ ကျော်ဖြစ်လာ

 အမေရိကန် ဝါရှင်တန်ုပြည်နယ်တွင် ဗိုင်းရပ်စ်စွဲရောဂါဖြင့် ၆-ဦးသေဆုံးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်သစ်မှာ အန္တာတိက တိုက်မှလွဲလျှင် ကမ္ဘာကြီး တစ်ခုလုံး၌ သေဆုံးလူပေါင်း ၃,၀၀၀ ကျော်၊ ရောဂါကူးစက်ခံရသူ ၈၈,၀၀၀ ကျော် ဖြစ်လာစေခဲ့သည်ဟု CNN က ယနေ့ရေးသားသည်။

အဓိကအားဖြင့် ကပ်ရောဂါအပါအဝင် ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်မှုအားလုံးတို့အတွက် အကူအညီပေးနိုင်ရန် အမေရိကန်တပ်မတော်အား အသင့်ပြင်ထားကြောင်း စစ်ဖက်အရာရှိများက ပြောဆိုသည်။ အမေရိကန် ကျန်းမာရေးဌာနကမူ နိုင်ငံအတွင်း ၁၄ နေရာ၌ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ ကုသပြီး-ကုသပေးလျှက်ရှိကြောင်း၊ လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြင်ဆင်ထားရန်လိုအပ်ပြီး အကြောက် မလွန်ကြရန် သတိပေးနှိုးဆော်သည်။

အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်စွဲရောဂါဖြစ်ပွားမှု ၅၀ ရာနှုန်းတိုးမြင့်လာသည်ကို တွေ့ရပြီးနောက် ဥရောပသမဂ္ဂက ကူးစက်ရောဂါသတိပေးချက်အဆင့်ကို မြှင့်တင်လိုက်သည်။ ယမန်နေ့ ဂျာမနီနိုင်ငံ၏ ဗိုင်းရပ်စ် ကူးစက်မှု ထူးခြားမြင့်တက်ခဲ့ပြီး ပြင်သစ်က ရောဂါကူးစက်မှုဟန့်တားရန် ပါရီမြို့ နာမည်ကျော် “ လုဗ်ပြတိုက် “ ကို ပိတ်ထားရဆဲဖြစ်သည်။

တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စွဲသေဆုံးအများဆုံးဖြစ်သော အီရန်သည် ယနေ့တွင် WHO မှ ပေးပို့သော အကူအညီများ ပထမဆုံးအကြိမ် စတင်လက်ခံရရှိသည်။ ဆေးဝါး ၈-တန်နှင့် ရောဂါရှာဖွေစမ်းသပ်ရေးကိရိယာ ပစ္စည်းများတင်ဆောင်လာသော လေယာဉ်သည် ယူအေအီးနိုင်ငံ စစ်ဖက်လေယာဉ်ကွင်းမှ ပျံ တက်လာခြင်းဖြစ် ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကိုင်တွယ်ထိန်းချုပ်ရာတွင် ကူညီမည့် ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီမှ ကိုယ်စားလှယ်များလည်း ရောက်ရှိနေပြီဖြစ်ကြောင်း အီရန်အစိုးရပိုင် IRNA သတင်း ဌာနက ယနေ့ကြေညာ သည်။

အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်မှုဖြင့် သေဆုံး ၆၆-ဦး၊ ကူးစက်အတည်ပြုခံရသူ ၁,၅၀၁-ဦး ရှိနေရာ တရုတ် နိုင်ငံပြင်ပတွင် လူသေဆုံးမှု့ အများဆုံးဖြစ်သည်။ အီရန်နိုင်ငံအတွင်း သေဆုံးသူများအနက် ထိပ်တန်း အစိုးရ အဖွဲ့ဝင် ၂-ဦးပါဝင်နေပြီး အသက် ၈၀-အရွယ် အီရန်နိုင်ငံဥသျှောင် အလီခါမေနီ၏ အနီးကပ်တိုင်ပင်ဖက် ပုဂ္ဂိုလ် များလည်း သေဆုံး-ကူးစက်ခံရသူများတွင် ပါဝင်သည်။ အီတလီတွင်မူ ယမန်နေ့ သေဆုံးသူ ၃၉-ဦးရှိရာ ယမန် နေ့ထက် ၂၄-နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု့ ၅၀ ရာနှုန်းတိုးလာခြင်းဖြစ်သည်။ စုစုပေါင်းသေဆုံးသူ ၅၂-ဦးရှိသော အီတလီသည် ကူးစက်ခံရသူ ၂,၀၃၅-ဦး ရှိသဖြင့် အီရန်တရားဝင်အရေအတွက်ထက် ပိုမိုဆိုးရွားသည်။

COVID-19 စတင်ဖြစ်ပွားရာ၌ အများဆုံးနှင့် အစောဆုံးဖြစ်သော တရုတ်နိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း သေဆုံး ၃၁-ဦး၊ ကူးစက် ၁၂၅-ဦးဖြစ်ပေါ်သည်။ နေ့စဉ်အရေအတွက်တွင် ထက်ဝက်လျှော့ကျ လျှက် ရောဂါ ကူးစက်ပျံ့နှံ့မှုွှ တည်ငြိမ်သွားပြီဖြစ်ကြောင်း WHO က ကြေညာသည်ဟု South China Morning Post က ယနေ့ ရေးသားသည်။ စုစုပေါင်း သေဆုံး ၂,၉၄၄-ဦး၊ ကူးစက် ၈၀,၅၁၅-ဦးရှိရာမှ ၄၇,၁၉၂-ဦး ကုသ ပျောက်ကင်းသဖြင့် ယခင် ၁၀ ရက်နှင့် အပြီးတည်ဆောက်ခဲ့ရသော ဆေးရုံကို ပိတ်သိမ်းလိုက်ပြီဖြစ်သည်။

ပြောင်းပြန်ဖြစ်လာသည်မှာ တောင်ကိုရီးယားဖြစ်ပြီး ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၆၀၀ -ဦးတွေ့ရှိသဖြင့် ယမန်နေ့ထက် အဆပိုမိုတိုးလာသည်။ သေဆုံးသူ ၂၈-ဦးရှိခဲ့ပြီး ကူးစက်ခံရသူ ၄,၈၁၂-ဦး ရှိနေသည်။ ရောဂါ ပျံ့နှံ့မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝှိုက်၍ ဖြိုခွင်းရန် အမေရိကန်ဒေါ်လာ ၂၅-ဘီလျှံ သုံးစွဲမည်ဖြစ်သည်။

(SARS-CoV-2) ဗိုင်းရပ်စ်စွဲကပ်မှု့ကြောင့် COVID-19 ခေါ် ၂၀၁၉ ခုနှစ် ပြင်းထန်အသက်ရှူလမ်းကြောင်းရောင် ရောဂါဖြင့် သေဆုံး-ဖျားနာမှုလျော့နည်းစေရန် ရောဂါကူးစက်လျှက်ရှိသူနှင့် ထိတွေ့ရာတွင် ကိရိယာဝတ်စုံဖြင့် အကာအကွယ်ယူခြင်းအပါအဝင် တစ်ဆင့်ပြီး တစ်ဆင့်အစီအစဉ်များကို သက်ဆိုင်ရာ ကျွမ်းကျင်သူတို့က ဆောင်ရွက်အကောင် အထည်ဖော်စေလျှက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ဆေးဝါးနှင့်ကိရိယာ မလိုပဲ ဗိုင်းရပ်စ်ကာကွယ်ရာ၌ တစ်ကိုယ် ရည်သန့်ရှင်းမှု အလေးထားခြင်း၊ အရေးတကြီး မလိုအပ်ပဲ လူစု လူဝေးမပြုရန် တားဆီးခြင်းတို့မှာ အလွန်အကျိုးရှိသည်။

((( CNN., March 2, 2020,” Coronavirus death toll tops 3,000.” ကို #HtayOung, #OungMarine ဆီလျော်အောင် စုစည်းဖော်ပြသည်။ ))) #ကိုရိုနာဗိုင်းရပ်အမေရိကန်-ဥရောပ-အာရှ

https://edition.cnn.com/asia/live-news/coronavirus-outbreak-03-02-20-intl-hnk/h_fb0376fccb2640aaf19c2998f445de9c?fbclid=IwAR0Vmw4-72eE2Y5XPM7L7CASfj-sW4Kxc33F5caddYSHPFup_BmGjaksYCs

https://edition.cnn.com/asia/live-news/coronavirus-outbreak-03-02-20-intl-hnk/index.html https://apnews.com/2ab5535d09074fd0e1c70fc78fef2fad

https://www.sbs.com.au/news/adviser-to-iran-s-supreme-leader-ayatollah-khamenei-reportedly-dies-of-coronavirus

https://www.thejakartapost.com/news/2020/03/03/italy-coronavirus-deaths-jump-to-52-cases-climb-above-2000.html

https://www.scmp.com/news/china/society/article/3064695/coronavirus-who-sends-aid-iran-while-china-stabilises-lowest-new

https://www.scmp.com/news/china/society/article/3064695/coronavirus-who-sends-aid-iran-while-china-stabilises-lowest-new

https://www.scmp.com/news/china/society/article/3064695/coronavirus-who-sends-aid-iran-while-china-stabilises-lowest-new

0

Leave a Reply

Your email address will not be published.