ကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်ဖြစ်သလား။ စွန့်ပစ်သွားသော ဝူဟန်အမေရိကန်အမေရိကန်သံရုံး မြေအောက် ၅ ပေခန့်အနက်မှ Biohazard သေတ္တာကြီးများနှင့် ဗိုင်းရပ်စ်ထက်ကြောက်စရာကောင်းသော ထင်ကြေးအလွဲများ


ကျွန်တော်သိရသလောက် ….

♦ Covid-19 ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်ရင်းမြစ်မှ စတင်ဖြစ်ပွားကြောင်း ယခုစာရေးနေချိန်အထိ WHO ပင် အတိအကျမသိပါ။ လင်းနို့ကဲ့သို့ တိရစ္တာန်မှတဆင့်ကူးစက်ပုံရသော်လည်း ကြားခံအခြားတိရစ္ဆာန်တစ်ကောင်ကောင်ရှိနိုင်သည်ဟု ယူဆရသည်။ SARS ရောဂါကျရောက်စဉ် ရှေ့တန်းဦးဆောင်တိုက်ဖျက်ခဲ့သည့် တရုတ်သိပ္ပံပညာများက ၎င်းကြားခံတိရစ္ဘာန်မှာ သင်းခွေချပ်ဖြစ်သည်ဟု အထောက်အထားများနှင့် တင်ပြသော်လည်း နိုင်ငံတကာကူးစက်နှင့် ကပ်ရောဂါဗေဒပညာရှင်များ၏ အတည်ပြုချက် လိုအပ်နေပါသည်။

♦ ဆေးဝါးတိုင်းတွင် ( က ) ကာကွယ်ဆေး ( ခ ) ကုသဆေး ဟူ ၂-မျိုးရှိပါသည်။ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ဖော်ထုတ်နိုင်ပြီဟု ယခုထိ မတွေ့ရသေးပါ။ အပေါ်ပိုဒ်စာသားအဓိပ္ပါယ်ကိုထောက်လျှင် မတွေ့ရသေးခြင်းကို နားလည်နိုင်ပါမည်။ သို့သော် ယခုအတိုင်းဆိုလျှင် ကာကွယ်ဆေးက ရှေးဦးစွာ အသုံးပြုနိုင်ဖွယ်ရှိသည်။

♦ Covid-19 ဆိုသည်မှာလွန်ခဲ့သည့် ၂၀၁၉-ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စတင်သတိပြုမိသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်ပါသည်။ ယခင်က မရှိခဲ့- မတွေ့ဖူးသည့်အပြင်။ ဓါတ်ခွဲခန်းတွင် လူတို့ဖန်တီးသော ကိုရိုနာဗိုင်းရပ်စ် မဟုတ်နိုင်သည်ကိုမူ သေချာနေသည်။

♦ Covid-19 သည် ဇီဝလက်နက်သာဖြစ်လျှင် ဓါတ်ခွဲခန်းတွင် လူတို့ဖန်တီးခြင်းသာဖြစ်ရပါမည်။ ဥပမာ Anthrax ထောင့်သန်းနာပိုးသည် ကျွဲ-နွား-သိုး-ဆိတ်ကဲ့သို့ ခြေလေးချောင်းသတ္တဝါတို့တွင် လျှာနာ-ခွာနာ ရောဂါကူးစက်နိုင်သော Bacillus anthracis ခေါ် မြေကြီးထဲနေ ဘက်တီးရီးယားပိုးဖြစ်သည်။ ထောင့်သန်းရောဂါမှာ လူထက် တိရစ္ဆာန်များတွင် ပိုမိုဖြစ်ပွားတတ်ပြီး လူတို့တွင် ထောင့်သန်းပိုးရှိ တိရစ္ဆာန်များနှင့် ထိတွေ့မိခြင်း၊ ပိုးကိုရှူရှိုက်မိခြင်း၊ ပိုးပါဝင်သည့်အသားကို မကျက်တကျက်စားမိခြင်းမှ လူကိုကူးစက်စေနိုင်သည်။ ၂၀၀၁ ခုနှစ်အမေရိကန်နိုင်ငံတွင် ထောင့်သန်းပိုးကို စာအိတ်တွင်ထည့်လျှက် ပေးပို့ခြင်းခံရခြင်းကြောင့် လူ ၅ ယောက်သေဆုံးကာ ၁၇ ယောက် နာမကျန်းဖြစ်ခဲ့ရသည်။

♦ အထက်ပါအချက်ကိုကြည့်လျှင် ထောင့်သန်းပိုးကို လက်နက်သဖွယ်အသုံးပြုသော်လည်း သေဆုံး-ဖျားနာအရေအတွက်မှာ အလွန်နည်းကြောင်း သတိပြုမိပါလိမ့်မည်။ ထိုသို့ဖြစ်ရသည်မှာ ထောင့်သန်းပိုးသည် တိရစ္ဆာန် များမှ လူကိုကူးစက်စေနိုင်သော်လည်း လူလူချင်း ရောဂါမကူးစက်နိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ ဇီ၀ လက်နက်ဆိုသည်မှာ လူအမြောက်အများအစုအပုံလိုက် သေကြေမှသာဖြစ်နိုင်ရာ လက်ရှိ Anthrax ကို ထိုအဆင့် ရောက်အောင် ဓါတ်ခွဲခန်းတွင် ဖန်တီးပြုပြင်ပေးရပါမည်။

♦ ဟူဘေးပြည်နယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျားနာသေဆုံးခြင်းမှာ အမေရိကန်၏ ဇီဝလက်နက်ဟု ရုရှားတွင် ပြောဆိုကြခြင်းမှာ ရုရှားမီဒီယာနှင့် နိုင်ငံရေးသမားအချို့က Debate, စကားဝိုင်းပုံစံပြောဆိုခြင်းသာဖြစ်ကြောင်း သတိပြုစေလိုပါသည်။ ရုရှားအစိုးရက သတင်းထုတ်ပြန်ခြင်း မတွေ့ရပါ။

♦ ကိုရိုနာဗိုင်းရပ်ဖြင့် လူအများဖျားတာသေဆုံးမှု့စတင်ကတည်းက ထိုအကြောင်း ဖော်ပြခန့်မှန်းကြရာ၌ နိုင်ငံပိုင်မီဒီယာများ-ထင်ရှားသော သတင်းဌာနကြီးများပင် သတင်းမှားများ ထုတ်လွှင့်မိခဲ့သည်။ အချို့မှာ ထိုအတွက် သတင်းအချို့ကို ပြန်ဖြုတ်ချပေးခဲ့ရသည်။ တမင်ရည်ရွယ်၍ လွှင့်တင်သော ဗိုင်းရပ်စ်သတင်းမှားများ အများအပြားရှိခဲ့ရာ လက်လှမ်းမီသမျှ Links ပေါင်း ၂၀ နီးပါး တွေ့ရှိခဲ့ပါသည်။

♦ နိုင်ငံအချင်းချင်း စစ်မဖြစ်ရ၊ နိုင်ငံတစ်နိုင်ငံအတွင်း ပြည်တွင်းစစ်မဖြစ်ရဟု တားဆီးပိတ်ပင်ချက်မျိူး ဘယ်နေရာမှာမှ မရှိပါ။ ညူလက်နက်သုံးခြင်းသည် စစ်သား-အရပ်သားမခွဲခြားနိုင်ခြင်းကြောင့် တရားမဝင်ဟုဆိုသော်လည်း စစ်ဖြစ်လျှင် ညူကလီလက်နက်မသုံးရဟု တားဆီ်းထားခြင်း မရှိပါ။ ထို့ကြောင့်လည်း နိုင်ငံတကာ အမြင့်ဆုံး အလုပ်အမှု့ဆောင်အဖွဲ့အစည်းဖြစ်သော ကုလမဂ္ဂလုံခြုံရေးကောင်စီတွင် ညူလက်နက်ပိုင်ရှင် ၅-နိုင်ငံကို ဗွီတိုအာဏာပေးထားရခြင်း အချက်တစ်ခုဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာတွင် ဇီဝလက်နက်-ဓါတုလက်နက်အသုံးပြုခြင်းကို စစ်ရာဇဝတ်မှု့အဖြစ် အတိအကျသတ်မှတ်ပြီးဖြစ်နေသည်။

♦ ညူလက်နက်ပိုင်ရှင် ကမ္ဘာ့စီးပွားထိပ်သီး အမေရိကန်နှင့် တရုတ်သည် နံပါတ် ၁- ဗိုလ်နေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေသည်ကို လူအများသိရှိကြပါသည်။ ၎င်း ၂-နိုင်ငံအနေဖြင့် အနိုင်ရရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကြမည်မှာ သံသယမရှိပါ။ ပါဝါအပျော့-အမာ နည်းလမ်းပေါင်းစုံရှိနေသည်တွင် စစ်ရာဇဝတ်မှုလုံးလုံးဖြစ်နေသော ဇီဝလက်နက်ဆိုသည်ကို ဦးစွာပထမရွေးခြယ်သည်ဆိုခြင်းမှာ နားလည်လက်ခံရန် အလွန်ခက်ခဲသည်။

♦ ထို့ကြောင့် စွန့်ပစ်သွားသော ဝူဟန်အမေရိကန်အမေရိကန်သံရုံး မြေအောက် ၅ ပေခန့်အနက်မှ Biohazard သေတ္တာကြီးများဆိုသည်ကို မူရင်းလွှင့်တင်သူပင်လျှင် ပြန်ဖြုတ်ချသွားခဲ့ပြီး၊ ကာယကံရှင် တရုတ်ကိုယ်တိုင် ပင်လျှင် ဇီဝလက်နက်ဆိုသည်မှာ အခြေအမြစ်မရှိသော ခပ်ကြောင်ကြောင် ကောလဟလဟု ဆိုနေပါသည်။ မည်သည့်မီဒီယာမျှ နောက်ထပ်ရေးသည်ကိုလည်း မတွေ့ရ၊ နေ့စဉ်သတင်းတင်နေသော ကျွန်တော်လက်လှမ်းမမီခြင်းလည်းဖြစ်နိုင်ပါ၍ တွေ့ရှိလျှင် ကျေးဇူးပြုပေးပို့စေလိုပါသည်။


♦ ကိုရိုနာဗိုင်းရပ်စ်ထက် လျှင်မြန်စွာ ပျံ့နှံ့ပြီး အန္တရာယ်အပေးဆုံးမှာ သတင်းတု-သတင်းမှားနှင့် ထင်ကြေးအလွဲများဖြစ်သည်ဟု WHO က ဆိုပါသည်။

ကျွန်တော်များသည် ကျီးကန်းအကြောင်းပြောကြလျှင် နှုတ်သီးကြီးကြီး၊ ပါးနပ်လျှင်မြန်သော အမည်းရောင်ငှက်အကြောင်း စတင်ပြောပါမည်။ အလွန်ရှားပါး-တွေ့ရခဲ့သည့် သြစတေးလျှမှ အဖြူရောင်ကျီးကန်းအကြောင်း စတင်ပြောနေလျှင် ထိုစကားဝိုင်းမှာ အဖြေထွက်ရန် ဝေးစွ၊လူချင်း ထ နပမ်းလုံးရန်သာ ကျန်တော့သည်။ သို့သော် အမည်းရောင်ကျီးကန်းအကြောင်းလည်းပြော- အဖြူ ရောင်ကျီးကန်းအကြောင်းလည်းပါမှ ပြည့်စုံလုံလောက်သော ကျီးကန်းအကြောင်းဖြစ်ပါမည်။

ကျီးကန်းဆိုပြီး အဖြူရောင်အကြောင်းချည့် နင်းတွယ်နေလျှင် စိတ်မကျန်းမာခြင်း စရိုက်လက္ခဏာဟုသာ သုံးသပ်ရတော့မည်ဖြစ်သည်။

#သို့သော်အချို့မှာဒါမျိုးမှသွေးတောင်းနေတတ်သည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.cdc.gov/anthrax/basics/how-people-are-infected.html

https://sipri.org/yearbook/2019/06/

https://en.wikipedia.org/wiki/Misinformation_related_to_the_2019%E2%80%9320_Wuhan_coronavirus_outbreak

https://www.buzzfeednews.com/article/janelytvynenko/coronavirus-disinformation-spread

https://www.vox.com/recode/2020/1/31/21115589/coronavirus-wuhan-china-myths-hoaxes-facebook-social-media-tiktok-twitter-wechat

https://www.marketwatch.com/story/how-fake-news-on-facebook-and-twitter-could-complicate-efforts-to-stop-the-spread-of-the-coronavirus-2020-01-31

https://www.straitstimes.com/world/europe/coronavirus-fake-news-network-busted-in-hungary

https://www.thedrum.com/news/2020/02/10/why-misinformation-clear-and-present-danger-during-the-coronavirus-outbreak

https://www.bangkokpost.com/thailand/general/1852989/fake-news-rife-as-coronavirus-fears-spread

https://www.abc.net.au/mediawatch/episodes/corona/11951580

https://www.reuters.com/article/us-china-health-facebook-idUSKBN1ZV388

https://www.bbc.com/news/blogs-trending-51271037

https://www.washingtonpost.com/world/2020/01/29/experts-debunk-fringe-theory-linking-chinas-coronavirus-weapons-research/

https://thehill.com/homenews/sunday-talk-shows/482228-chinese-ambassador-on-cotton-coronavirus-comments-its-very-harmful

https://www.sandiegouniontribune.com/news/nation-world/story/2020-02-01/fears-of-new-virus-trigger-anti-china-sentiment-worldwide

https://www.buzzfeednews.com/article/ryanhatesthis/a-pro-trump-blog-has-doxed-a-chinese-scientist-it-falsely

https://www.cbc.ca/news/canada/manitoba/china-coronavirus-online-chatter-conspiracy-1.5442376

https://www.buzzfeednews.com/article/ryanhatesthis/qanon-supporters-and-anti-vaxxers-are-spreading-a-hoax-that

https://www.bbc.com/zhongwen/simp/chinese-news-51388024

https://www.vox.com/recode/2020/1/31/21115589/coronavirus-wuhan-china-myths-hoaxes-facebook-social-media-tiktok-twitter-wechat

0

Leave a Reply

Your email address will not be published.