ကိုရိုနာဗိုင်းရပ်စ်သားကောင်ဖြစ်ရသူ ဟောလိဝုဒ်ငွေကြယ်ပွင့်တို့တွင် ဂျိမ်းစ်ဘွန်းမင်း သမီး ပါဝင်လာ။ ဗြိတိန်၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှူ ကာကွယ်ရန် ခရီးသွားလာမှု့တားဆီးခြင်းနှင့် ပိတ်ဆို့ ကန့်သတ်ခြင်းများ ယခုချက်ခြင်း ပြုလုပ်သည့်တိုင် ထိရောက်မှုနည်းပါးလောက်အောင် နောက်ကျနေပြီဟု ဝေဖန်ကြ

ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace တွင် ဗြိတိသျှမင်းသား ဒန်နီယယ်ခရေ့ချ်နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသည့် ယူကရိန်းနွယ်ဖွား အမျိုးသမီးသရုပ်ဆောင် Olga Kurylenko အော်ဂစ်ကရူလန်ကိုသည် ကိုရိုနာဗိုင်းရပ်စ်သားကောင်ဖြစ်ရသူ ဟောလိဝုဒ်ငွေကြယ်ပွင့်တို့အနက် နောက်ဆုံးပါဝင်သူဖြစ်လာသည်ဟု Russia Today က ယနေ့ရေးသားသည်။

သီတင်းတစ်ပတ်နီးပါး ပင်ပန်းနွမ်းနယ်၍ ဖျားနာခြင်းကြောင့် ဆေးစစ်ရာတွင် Covid-19 ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါနေအိမ်၌ပင် သီးသန့်ခွဲခြားနေထိုင်လျှက်ရှိကြောင်း ကရူလန်ကိုက တနင်္ဂနွေနေ့ ၎င်း၏ Instagram တွင် လွှင့်တင်ထားသည်ဆို၏။

WHO က နိုင်ငံတကာကူးစက်ကပ်ရောဂါအဖြစ်ကြေညာထားသော ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါသည် လတ်တလော ကုသဆေးမရှိသေးပဲ ဖျားနာပျောက်ဆေးများနှင့်သာ ကုသနေရသဖြင့် ပရိဿတ်များအနေဖြင့်လည်း အသစ်တွေ့ရှိရသည့် ဗိုင်းရပ်စ်၏ ကူးစက်နိုင်မှုအား အလေးထားဂရုစိုက်သင့်ကြောင်း၊ ၎င်းအနေဖြင့် ကိုယ်ခံအားမြင့်တက်စေရန် သဘာဝအစားအစာများနှင့် ရိုးရာဆေးကို မှီဝဲကြောင်း၊ ဆရာဝန်ညွှန်ကြားသည့် ဗီတာမင်များအပြင် ကြက်သွန်ဖြူစား၍ လိမ်မော်ရည်သောက်ကြောင်း ကရူလန်ကိုက အသေးစိတ်ရေးသားထားသည်။

Quantum of Solace သည် ဂျိမ်းစ်ဘွန်းရုပ်ရှင်များတွင် ( ၂၂ ) ကားမြောက်ဖြစ်ပြီး ( ၂၁ ) ကားမြောက် Casino Royal နှင့် ဆက်နွယ်လျှက်ရှိသည်။ ဂျိမ်းစ်ဘွန်းဇာတ်လမ်းများတွင် ပါဝင်နေကျ လက်နက်ကိရိယာဆန်းတပ်ဆင်ထားသော မော်တော်ကား၊ လက်နက်ဆန်း၊ X-Ray မျက်မှန်စသည့် ဆန်းဆန်းပြားပြားပစ္စည်းများမပါပဲ ဒရာမာဆန်ဆန် သဘာကျကျ ဇာတ်သိမ်းထားပုံမှာ ထူးခြားချက်တစ်ရပ်ဖြစ်သည်။


၂၀၀၁-ခုနှစ်တွင် ပြင်သစ်နိုင်ငံသားဖြစ်လာသည့် အော်ဂစ်ကရူလန်ကို( အသက်-၄၀) သည် ချစ်သူ အာဂျင်တီးနားသရုပ်ဆောင်နှင့်အတူ လန်ဒန်မြို့တွင် နေထိုင်၍ သားယောက်ျားလေးတစ်ဦးရှိသည်။အင်္ဂါနေ့ ဥရောပတွင် တစ်နိုင်ငံလုံးအဆင့် အသွားအလာတားဆီးပိတ်ဆို့လိုက်ရပြီဖြစ်သော အီတလီနည်းတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးတိုက်ဖျက်ရန် ဗြိတိန်အစိုးရက ပါလီမန်၌ အပူတပြင်း ဆော်သြလျှက်ရှိသည်။

ကျောင်းများပိတ်ခြင်း သို့မဟုတ် ကနဦးအကြိုအဖြစ် ခရီးသွားလာမှု တားဆီးခြင်းများ ယခုအချိန်တွင် အကောင်အထည်ပေါ်လာသည့်တိုင် ထိရောက်မှုနည်းပါးနိုင်ခြေရှိကြောင်း၊ အများလူထုတို့၏ ယခုအတိုင်း အမှတ်တမဲ့နေထိုင်လာခြင်းမှာ အတော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ဗြိတိန်အစိုးရအနေဖြင့် တိကျပြင်းထန်သော လူမှုစည်းဘောင်ကန့်သတ်မှုများပြဋ္ဌာန်း၍ ချက်ချင်းအသက်ဝင်စေသင့်ပြီဖြစ်ကြောင်း ထင်ရှားသော သိပ္ပံပညာရှင် ၂၀၀ ကျော်တို့ စုပေါင်းလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း သိရှိရသည်

ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်မှာ ဗြိတိန်တွင် ၁၃၉၅-ဦးစွဲကပ်ခံနေရ၍၊ သေဆုံးသူ ၃၅-ဦးအထိ ရှိလာပြီး ကုသပျောက်ကင်းသူ ၂၁-ဦးသာရှိသေးသည်။ သို့သော် ဗြိတိန်ကျန်းမာရေးဝန်ကြီးကမူ အသက် ၇၀-အထက်ရှိသူ များ အားလုံးကိုယ်ပိုင်အကာအကွယ်ဖြင့် သီးခြားနေထိုင်ကြရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်းသာ ပြောဆိုသည်။


((( Russia Today., 15 Mar, 2020 ,” ‘Been ill for almost a week now’: Bond girl Olga Kurylenko becomes latest celebrity victim of coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဂျိမ်းဘွန်းမင်းသမီး #DanielCraigဒန်နီယယ်ခရေ့ချ် #Olga Kurylenkoအော်ဂစ်ကရူလန်ကို

https://www.rt.com/news/483199-kurylenko-bond-coronavirus-actress/

1+

Leave a Reply

Your email address will not be published.