ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဘင်္ဂလားဒက်ရှ်၌ ၂၄-နာရီအတွင်း ၄၂-ဦးသေဆုံးပြီး ၂,၇၄၃-ဦး ကူးစက်ခံရခြင်းဖြင့် အမြင့်ဆုံးဖြစ်။ ၁-ရက်အတွင်းစစ်ဆေးခဲ့သူ ၁-သောင်း ၃-ထောင်တွင် ၂၁ ရာနှုန်းမှာ ရောဂါပိုးစွဲကပ်လျှက်ရှိဟုဆို၊ လူ ၉၀၀-နီးပါးသေဆုံးခဲ့ပြီး ၆-သောင်း ၅ထောင်ကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရ

Covid-19 ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် တနင်္ဂနွေနေ့မွန်းလွဲပိုင်းအထိ ၂၄-နာရီ အတွင်းသေဆုံးသူအရေအတွက်မှာ ၄၂-ဦးရှိဖြစ်လာပြီး လူပေါင်း ၂,၇၄၃-ဦးတို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိကြောင်း ထပ်မံတွေ့ရှိရသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ထိုအတွက် ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ Covid-19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်မှား ၆၅,၇၆၉-ဦးဖြစ်လာပြီး သေဆုံးသူ ၈၈၈-ဦး ရှိနေကြောင်း သိရှိရသည်။

သေဆုံးသူများမှာ ကျား ၃၅-ဦး၊ မ ၇-ဦးဖြစ်ပြီး ဒါကာတိုင်းမှ ၂၇-ဦး၊ စစ်တကောင်းတိုင်းမှ ၈-ဦးတို့ပါဝင်ကြောင်း၊ လူ ၂-ဦးသေဆုံးခြင်းကို အသက် ၂၁ မှ ၃၀ ကြား၊ ၁၄-ဦး သေဆုံးခြင်းကို အသက် ၆၁ မှ ၇၀ ကြား အသီးသီး တွေ့ရှိရကြောင်း၊ နိုင်ငံတစ်ဝှမ်းဆေးရုံများ၌ ကုသမှုခံယူနေစဉ် သေဆုံးသူ ၃၀ -ဦးရှိ၍ ၁၂-ဦးမှာ ၎င်းတို့နေအိမ်အသီးသီး၌ သေဆုံးကြခြင်းဖြစ်ကြောင်း၊

တနင်္ဂနွေနေ့အထိ ၂၄-နာရီအတွင်း ရောဂါပိုးစမ်းသပ်ရန် လူပေါင်း ၁၂,၄၈၂-ဦး ထံမှ နမူနာများ ရယူခဲ့ပြီး ယခင် စစ်ဆေးရန်လက်ကျန်များနှင့်ပါ စုစုပေါင်း နမူနာ ၁၃,၁၃၆- ခုကို နိုင်ငံတစ်ဝှမ်းလုံး၌ ဖြန့်ကြက်ထားသော ဓါတ်ခွဲခန်း ၅၂ -ခုတို့၌ စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ ၎င်းတို့အနက် လူပေါင်း ၂,၇၄၃-ဦးတို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ၁-ရက်အတွင်း စစ်ဆေးမှု၏ ၂၁ – ရာခိုင်နှုန်းရှိနေကြောင်း ဘင်္ဂလားဒက်ရှ်ကျန်းမာရေး ဝန်ဆောင်မှုများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန DGHS မှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ နာစီမာ စူလတန်နာ၏ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။

ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းရှိ Covid-19 ရောဂါပိုးစွဲကပ်ခံရသူ နေ့စဉ်ဦးရေမှာ တနင်္ဂနွေနေ့၌ အနည်းငယ် လျှော့နည်းသွားခြင်း မတိုင်မီ ၃-ရက်ဆက်တိုက် မြင့်တက်ခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း Covid-19 ဖြစ်ပွားပြီး ပြန်သက်သာလာသူ နှုန်းသည် ကူးစက်ခံရသူအားလုံး၏ ၂၁.၄ -ရာခိုင် နှုန်းရှိပြီး ၁.၃၅% သေဆုံးကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ်ဖြစ်သော Sars-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် Covid-19 ကူးစက်မြန် ပြင်းထန်အသက်ရှုလမ်းကြောင်း ရောင်ရမ်းရောဂါမှာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ၌ တရုတ်နိုင်ငံ ဝူဟန်မြို့ တွင် စတင်ဖြစ်ပွားခဲ့ပြီး သုံးလမပြည့်မီ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့ခဲ့သည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ယခုနှစ် မတ်လ ၈-ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို စတင်တွေ့ရှိရသော်လည်း ယနေ့နံနက်အထိ ကမ္ဘာ့ကူးစက်မှုအများဆုံး၌ အမှတ်စဉ် ၂၀ ရှိနေပြီး အိမ်နီးချင်း အိန္ဒိယသည် အမှတ် စဉ် ၆ ၌ ရှိနေကြောင်း worldometer အရ သိရှိရသည်။

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်

((( Dhaka Tribune., June 7, 2020, “Covid-19: Bangladesh records highest 42 deaths in a day, cases cross 65,000 mark. By: Humaira Mustazir, Abdullah Alif.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/health/coronavirus/2020/06/07/covid-19-bangladesh-records-highest-42-deaths-in-a-day-cases-cross-65-000-mark

https://www.worldometers.info/coronavirus/

0

Leave a Reply

Your email address will not be published.