ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခြိမ်းခြောက်လျှက်ရှိသော ဒုက္ခသည်စခန်းတွင် သတင်းအချက် အလက်အရေးကြီး၍ အင်တာနက် ပိတ်ဆို့ထားခြင်းအပေါ် စိုးရိမ်ကြောင်း စာထုတ်ပြန်သည့် နိုင်ငံခြား သံတမန် များအနေဖြင့် လုပ်ထုံး၊ စံသတ်မှတ်ချက်များအညီနှင့် ဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို။ ပြည်ပသံတို့က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆွယ်နိုင်ငံရေးလုပ်နေသလား မေးခွန်းထုတ်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခြိမ်းခြောက်လျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) စခန်းတွင် သတင်းအချက်အလက်အရေးကြီးသဖြင့် ဘင်္ဂလားဒက်ရှ်အစိုးရက အင်တာနက်ပိတ်ဆို့ထားခြင်းအပေါ် စိုးရိမ် ပူပန်ကြောင်း သတင်းထုတ်ပြန်ည့် နိုင်ငံခြားသံတမန်များအနေဖြင့် လုပ်ထုံးလုပ်နည်း၊ စံသတ်မှတ်ချက် များနှင့် အညီ ဆောင်ရွက်ကြရန် ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က တောင်းဆိုလိုက်သည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune ( May 09, 2020 )  က ရေးသားသည်။

နိုင်ငံခြားသံတမန်များအနေဖြင့် ၎င်းတို့၏ မကြေနပ်ချက်များကို စာရွက်စာတန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြနိုင်ကြောင်း၊ သို့သော် ၎င်းအစား အများပြည်သူသိအောင် ကြေညာချက်များ ထုတ်ပြန်လျှက်ရှိသည်ကို တွေ့မြင်နေရကြောင်း၊ ဤတွင် ၎င်းသံတမန်များအနေဖြင့် ၎င်းတို့နိုင်ငံ၏ အကျိူးစီး ပွားရေးအတွက် ဆောင်ရွက်နေသလား ဘင်္ဂလားဒက်ရှ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆွယ်နေသလား ဟု မေးခွန်းထုတ်စရာ ဖြစ်ရကြောင်း ဝန်ကြီး မိုမန်က ဆက်လက်ပြောဆိုသည်။

မေ ၇-ရက်နေ့၌ အမေရိကန်နှင့်ဗြိတိန်အပါအဝင် ၇-နိုင်ငံမှ သံအမတ်ကြီးတို့က Covid-19 ကပ်ရောဂါကျ ရောက်လျှက်ရှိချိန်တွင် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ရရှိရေးအတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်၏ အရေးကြီးပုံကို Twitters ၌ ရေးသားလွှင့်တင်ခဲ့ကြသည်ဆို၏။

ဘင်္ဂလားဒက်ရှ်ဆိုင်ရာ ပြည်ပသံအမတ်ကြီးများမှာ ဉာဏ်ပညာနှင့် ပြည့်စုံသော အသိအမှတ်ပြုထိုက်သူများ ဖြစ်သည်ကို ဖော်ပြလိုပါကြောင်း၊ သံတမန်ရေးရာ စံနှုန်းများကိုထိန်းသိမ်းကြခြင်းဖြင့် ၎င်းတို့၏ အရည်အသွေး များကို ပြသနိုင်လိမ့်မည်ဟု မိမိမျှော်လင့်ပါကြောင်း၊ အကယ်၍ သံအမတ်ကြီးများအနေဖြင့် ရခိုင်ပြည်နယ် အတွင်း လက်ရှိဖြစ်ပွားနေသောပြဿနာများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း၊

မြန်မာကဒုက္ခသည်ဘင်္ဂါလီတို့အပေါ် ဖြုတ်ထုတ်နှုတ်ပယ်လုပ်နေခြင်းများမှ ရပ်တန့်ရန် တိုက်တွန်းသည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့လျှင် မိမိအနေဖြင့် အတိုင်းမသိ ပျော်ရွှင်ဝမ်းသာရ လိမ့်မည်ဖြစ်ကြောင်း၊ ဘင်္ဂလား ဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က ပြောဆိုသည်ဟု သတင်း၌ ဆက်လက်ရေးသားသည်။

ကမ္ဘာ့အကြီးဆုံးဟု မီဒီယာတို့ ဖော်ညွှန်းသည့် ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းတွင် လွန်ခဲ့သည့် စက်တင်ဘာ ၉-ရက်နေ့မှ စတင်ကာ အင်တာနက် အသုံးပြုမှုကို ပိတ်ပင်ထားသည်။ ကူးစက်ရောဂါတားဆီး ကာကွယ်ရေး အတွက် လက်ကိုင်ဖုန်းဆက်သွယ်ခြင်းနှင့် SMS အသုံးပြုနိုင်သည်ဖြစ်ရာ 3G, 4G အဆင့် အင်တာနက် အသုံး ပြုမှသာ Covid-19 ရောဂါ တားဆီးနိုင်လိမ့်မည်ဆိုခြင်းကို မိမိနားမလည်ကြောင်း ဘင်္ဂလားဒက်ရှ် ဆက်သွယ် ရေးဝန်ကြီးက ဆိုပါသည်။ လက်တွေ့တွင် အသံချဲ့စက်ကိုင် စက်ဘီးစီးသူများ ခန့်ထား၍ ကူးစက်ရောဂါ ပညာပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။

ထိုမျှမက လှေစီးပြေးများအရေးတွင် စိုးရိမ်ပူပန်သည်ဆိုသော အင်္ဂလန်ဗြိတိသျှဓနသဟာယဝန်ကြီးကို အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒက်ရှ်၏ နိုင်ငံခြားရေးဝန်ကြီး မိုမန်က “ ဒုက္ခသည်ဘင်္ဂါလီများအတွက် စိတ်ပူလျှင်လည်း ဗြိတိသျှတော်ဝင်ရေတပ်မတော်အား စေလွှတ်၍ လာရောက် ခေါ်ယူနိုင်ကြောင်း “ တိုက်တွန်းလိုက်ပါသည်။

https://www.dhakatribune.com/bangladesh/2020/05/09/momen-urges-foreign-diplomats-to-maintain-protocol-norms

https://thediplomat.com/2020/03/a-rohingya-coronavirus-catastrophe-looms-if-their-internet-blackout-continues/

https://www.voanews.com/science-health/coronavirus-outbreak/bangladesh-urged-lift-telecom-ban-rohingya-camps-ease-covid-19

https://reliefweb.int/report/bangladesh/covid-19-rohingya-refugee-camps-nightmare-scenario

https://www.dw.com/en/bangladesh-coronavirus-reaches-largest-refugee-camp-in-the-world/a-53456506

https://bdnews24.com/bangladesh/2020/04/29/britain-can-shelter-rohingya-if-it-is-so-concerned-bangladesh-foreign-minister-suggests

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/04/29/rohingyas-at-sea-other-countries-should-share-burden

http://en.ukhiyanews.com/bangladesh-alone-cant-take-rohingya-responsibilities-dhaka-tells-uk/

0

Leave a Reply

Your email address will not be published.