ကိုရိုနာဗိုင်းရပ်စ်ရောဂါ တားဆီးပိတ်ဆို့စဉ် ဖမ်းဆီးညှင်းပန်းလျှက်ရှိကြောင်း အယ်လ်ဂျားဇီးယားသို့ ပြောကြားခဲ့သူ ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား မလေးရှားက ဖမ်းဝရမ်းထုတ်။ မလေးရှားနိုင်ငံ၏ ပုံရိပ်ကျဆင်းအောင် ဝေဖန်ပြောဆိုသူ နိုင်ငံခြားသားများ ဗီဇာရုတ်သိမ်းခံရမည်ဟုဆို

မလေးရှားလူဝင်မှုကြီးကြပ်ရေးဋ္ဌာနသည် ဘင်္ဂလားဒက်ရှ်နိုင်ငံသားတစ်ဦးကို လိုက်လံရှာဖွေလျှက်ရှိရာ ၎င်းမှာ ကာတာနိုင်ငံအခြေစိုက် Al Jazeera မီဒီယာ၏ “ မလေးရှားတွင် ကိုရိုနာဗိုင်းရပ်ရောဂါ မပြန့်ပွားရေး တားဆီးပိတ်ဆို့ခိုက် ဖမ်းဆီးချုပ်နှောင်ခြင်းများ “ အမည်ရှိ အငြင်းပွားဖွယ်ရာ သတင်းမှတ်တမ်းရုပ်သံအစီအစဉ်၌ အင်တာဗျူးပြုလုပ်ခဲ့သူဖြစ်ကြောင်း မလေးရှားမီဒီယာ The Sun Daily ( 07 July, 2020 ) က ရေးသားသည်။

အသက် ၂၅ နှစ်အရွယ် မိုဟာမက်ရေဟန်ကဘားအမည်ရှိ ဘင်္ဂလားဒက်ရှ်နိုင်ငံသားသည် ကိုရိုနာဗိုင်းရပ်ရောဂါ မပြန့်ပွားရေး တားဆီးပိတ်ဆို့ထားခိုက် မလေးရှားက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးလျှက်ရှိကြောင်း ပြင်း ထန်စွာဝေဖန်ပြောဆိုခဲ့သူ နိုင်ငံခြားသားများအနက် တစ်ဦးဖြစ်သည်။ ၎င်းအား လဝကအက်ဥပဒေအရ စစ်ဆေးမေးမြန်းရန်အတွက် ရှာဖွေလျှက်ရှိရာ သတင်းပေးနိုင်သူများသည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဋ္ဌာနသို့ အကြောင်းကြားစေလိုကြောင်း ၎င်း၏နိုင်ငံကူးလက်မှတ်၊ နောက်ဆုံး နေရပ်လိပ်စာနှင့်တကွ သတင်းထုတ်ပြန်ထားသည်ဆို၏။

ပြည်တွင်းနှင့် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများ ဖြန့်ချီကုမ္ပဏီ၏ ဈေးကွက်ရှာဖွေရေးဌာနအကြီးအကဲအဖြစ် လုပ်ကိုင်ခဲ့သူ အဆိုပါနိုင်ငံခြားသားသည် ဆောက်လုပ်ရေး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူသာဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဋ္ဌာနက ပြောဆိုသည်။ သို့သော် ကုမ္ပဏီက စွပ်စွဲချက် မမှန်ကန်ကြောင်း ငြင်းဆိုသည်။

သို့သော် မလေးရှားနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေရန် ကဲ့ရဲ့ရှုတ်ချပြောဆိုသူ နိုင်ငံခြားသားများအနေဖြင့် ဗီဇာရုပ်သိမ်းခြင်းခံရလိမ့်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်က သတိပေးထားသည်။

(( မလေးရှားနိုင်ငံတွင် မလေးလူမျိုးများသာလျှင် ဘူမိပုတြ (ဘူမိပုတ္တ) နိုင်ငံသားရင်းစစ်စစ်များ ဖြစ်ကြသည်ဟူ၍ နိုင်ငံသား အခြားလူမျိုးများထက် အခွင့်အရေး ပိုမိုအပ်နှင်းထားသည့် ဥပဒေများရှိနေသည်။

လွန်ခဲ့သည့် ဧပြီလတွင် မလေးရှားရောက် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) ဆိုသူများက တန်းတူနိုင်ငံသားအခွင့်အရေးအပြည့်အဝပေးရန် တောင်းဆိုသဖြင့် မလေးရှားရောက် ဒုက္ခသည်များအပေါ် ဆန့်ကျင်ရေး ပြင်းထန်စွာ ဂယက်ရိုက်ခတ်လျှက်ရှိသည်။

ဇူလိုင် ၃-ရက်၊ ၂၀၂၀ ရက်စွဲဖြင့် လွှင့်တင်သော Al Jazeera ၏ “ Locked Up in Malaysia’s Lockdown “ သတင်းရုပ်သံမှာ ထိုအချက်ကို အလေးအနက် မီးမောင်းထိုးပြသကဲ့သို့ ရှိနေပြီး ကျွန်တော်များ ဗဟုသုတအဖြစ် သိမှတ်သင့်သော လတ်တလောဖြစ်စဉ်များကို မကြာမီ ဆက်လက်ဖော်ပြပါမည်။ ။ သတင်းဘာသာပြန်သူ ))

((( The Sun Daily., 07 JUL 2020, “Bangladeshi wanted for statements made during Al Jazeera documentary.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်တားဆီးစဉ်_ဖမ်းဆီးညှင်းပန်းကြောင်း_အယ်လ်ဂျာဇီးယားသို့ပြောကြားခဲ့သူ #ဘင်္ဂလားဒက်ရှ်နိုင်ငံသားအား_မလေးရှားဖမ်းဝရမ်းထုတ်

https://www.thesundaily.my/local/bangladeshi-wanted-for-statements-made-during-al-jazeera-documentary-LF2722683

0

Leave a Reply

Your email address will not be published.