ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ် ကျရောက်နေစဉ် လောလောဆယ် အစိုးရိမ်ရဆုံးမှာ လူအများ ငတ်မွတ်ခေါင်းပါးလာကြခြင်းဖြစ်၊ အများဆုံးခံစားနေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ကယ်ဆယ်ရေးရံပုံငွေ ပေးအပ်ကြပါရန်ု ပါကစ္စတန် ပြောဆို။

ယခုအခါ အကြီးမားဆုံးသော စိုးရိမ်စရာမှာ ရောဂါကြောင့် လူဦးရေလျော့ပါးလာခြင်းသာမက ဗိုင်းရပ်စ်ကူးစက်မှုဟန့်တားရန် တားဆီးပိတ်ဆို့ထားရစဉ် လူအများငတ်မွတ်ခေါင်းပါးလာကြခြင်းဖြစ်တို့ပြီး အများဆုံးခံစားနေကြရသည့် ဖွံ့ဖြိုးဆဲနိုင်ငံတို့အတွက် ကမ္ဘာလုံးဆိုင်ရာ ကယ်ဆယ်ရေးရံပုံငွေပေးအပ်ကြပါရန် ပါကစ္စတန်ဝန်ကြီးချုပ်အင်မရန်ခန်းက တောင်းဆိုလိုက်သည်ဟု Russia Today က ယနေ့ရေးသားသည်။

ပါကစ္စတန်နိုင်ငံတွင် Covid-19 ရောဂါဖြင့် ၉၁-ဦး သေဆုံး၍ လူပေါင်း ၅၂၃၀-ဦးတို့၌ ဗိုင်းရပ်စ်ရောဂါ ကူးစက်လျှက်ရှိသည်။ ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံတကာငွေကြေးဆိုင်ရာအသိုင်းအဝန်းများနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတို့အား ရည်ညွှန်း၍ တနင်္ဂနွေနေ့၌ ပါကစ္စတန်ခေါင်းဆောင်က ပြောဆိုရာတွင် Covid-19 ကူးစက်ကပ်ရောဂါကာလအတွင်း ထိုးစိုက်ကျဆင်းလာသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဦးမော့လာစေရေး လှုံဆော်ပေးမည့် အစီအစဉ်များ ရေးဆွဲကြပါရန် တိုက်တွန်းထားသည်ဆို၏။

ဗိုင်းရပ်စ်ပျံ့ပွားမှုဟန့်တားရေး တားဆီးပိတ်ဆို့မှုများ ပြဋ္ဌာန်းထားရစဉ် စီးပွားရေးအခြေခံအဆောက်အအုံများ နည်းပါးပြီး သယံဇာတခေါင်းပါးသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကောင်းစွာဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကွာဟချက် ကြီးမားလာသည်ကို အင်မရန်ခန်းက မီးမောင်းထိုးပြထားသည်။

လူ ဦး ရေသန်း ၂၂၀ ခန့်နေထိုင်သော ပါကစ္စတန်နိုင်ငံသည် အရင်းအမြစ်များတို့ချဲ့နိုင်ရန် မျှော်ကိုး၍ ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ ကယ်ဆယ်ရေးအစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ ဒေါ်လာ ၂ ထရီလီယံတန်ဖိုးရှိ အမေရိကန်၏ ကူးစက်ကပ်ရောဂါကယ်ဆယ်ရေးဥပဒေကြမ်းအပြင် ဥရောပစီးပွားရေးအင်အားကြီး ဂျာမနီ၊ ဂျပန်တို့နှင့် အလွန်အမင်း ကွာခြားနေပုံကို အင်မရန်ခန်းက နှိုင်းယှဉ်ပြခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ပါကစ္စတန်သည် တားဆီးပိတ်ဆို့ထားရစဉ် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆက်လက်ထိုးနှက်နေသည့်အကြား မဖြစ်နိုင်လောက်အောင် ခဲယဉ်းသည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသည်။ လက်ရှိကမ္ဘာကြီးသည် မဟာစီးပွားပျက်ကပ်ထက် ပိုမိုဆိုးရွားသည့် စီးပွားရေးကျဆင်းမှုသို့ ဦးတည်လျှက်ရှိကြောင်း ဝန်ကြီးချုပ်က ထောက်ပြလိုက်ပြီး “ စုစည်းညီညွတ်ပြီး ခိုင်မာကောင်းမွန်သော ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှု မပါဘဲ နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်ကို ရပ်တန့်စေနိုင် မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက နိုင်ငံ့အနောက်တောင်ပိုင်းဘလူချီစတန်ပြည်နယ် ခန်တာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု ပထမဆုံးအကြိမ်တွေ့ရှိခဲ့ရသော ပါကစ္စတန်သည်တိုတောင်းသော အချိန်အတွင်း ရောဂါလျင်မြန်စွာ ကူးစက်ပျံ့ပွားသွားခဲ့သည်။ နိုင်ငံအတွင်း ရောဂါပိုးမွှား အကာအကွယ်ပစ္စည်းများနှင့် မျက်နှာဖုံးများရှားပါးမှုကို ရင်ဆိုင်နေရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်၌ ခန်တာမြို့တွင် ရောဂါပိုးကာကွယ်ရေး ပစ္စည်းကိရိယာများ မရှိပဲ ပြုစုကုသပေးရန် ငြင်းဆန်သည့် ဆရာဝန်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားပြီးနောက် ဒါဇင်နှင့်ချီသော ဆေးပညာရှင်များကို ဖမ်းဆီးခဲ့ရသည်။

ဧပြီလ ၁၆ ရက်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အနေဖြင့် အပိုချေးငွေအဖြစအမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ ထည့်သွင်းစဉ်းစားပါရန် ပါကစ္စတန်နိုင်ငံက အကူအညီတောင်းခံခဲ့သည်။

((( Russia Today., 13 Apr, 2020. “‘Biggest worry now is people dying of hunger’: Pakistani PM calls for coronavirus relief package for developing world “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


#ကိုရိုနာဗိုင်းရပ်စ်ရောဂါကပ်နှင်ငတ်မွတ်ခေါင်းပါးခြင်းပါကစ္စတန်

http://www.mcf.org.mm/myanmar-unicode-converter/

https://www.rt.com/news/483903-pakistan-police-lockdown-coronavirus/

https://www.rt.com/news/485144-pakistan-doctors-coronavirus-protest/

0

Leave a Reply

Your email address will not be published.