ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရန် နှာခေါင်းနှင့်ပါးစပ်ကို ဖုံးကာနေယုံနှင့် မလုံလောက်၊ မျက်လုံးများပါ ကာကွယ်မှ ပြည့်စုံမည်ဟု ဒေါက်တာ ဖောက်ချီ ပြောဆို။ ကိုရိုနာဗိုင်းရပ်စ် ပုန်းခိုနိုင်သောနေရာမှာ မည်သူမျှ ထင်မှတ်ထားခြင်းမရှိခဲ့သော လူ၏ နားအတွင်းဖြစ်ကြောင်း အသစ်တွေ့ရှိ

အမေရိကန်နိုင်ငံသားတို့သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကိုယ်တိုင်အပြည့်အ၀ ကာကွယ်ကြခြင်း မရှိကြောင်း၊ နှာခေါင်းနှင့်ပါးစပ်ကို Mask အသုံးပြု၍ ဖုံးကာရမည့်အပြင် Goggles လေကာမျက်မှန်ကဲ့သို့ အကာအကွယ်မျိုးကို အသုံးပြု၍ မျက်လုံးများကိုလည်း ဖုံးကာရမည်ဖြစ်ကြောင်း အမေရိကန်ထိပ်တန်းဆေးပညာရှင် ရောဂါပြီးဗေဒပါရဂူ ဒေါက်တာအန်သိုနီဖောက်ချီက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
ABC News နှင့် တွေ့ဆုံမေးမြန်းခန်း၌ ဆေးဘက်ဆိုင်ရာသတင်းထောက် ဒေါက်တာ ဂျင်နီဖာအက်ရှ်တန်၏ “ မျက်နှာဖုံးများကို မဖြစ်မနေဝတ်ဆင်ရမည်ဟု ပြဋ္ဌာန်းချက်၌ မျက်စိများ ပါ-မပါ “ ဟူသော မေးခွန်းကို ဒေါက်တာ ဖောက်ချီက ပြန်လည်ဖြေကြားသည်။ ဗိုင်းရပ်စ်အား“ ပြီးပြည့်စုံသည့် ကာကွယ်မှု ” ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ပါးစပ်နှင့်နှာခေါင်းတို့သာမက မျက်လုံးများကိုပါ ကာကွယ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

  
Goggles “ လေကာမျက်မှန် “ သို့မဟုတ် eye shield “ မျက်စိအကာ “ တို့ကို အသုံးပြုသင့်ကြောင်း၊ သို့သော် နေရာတိုင်းအတွက် အကြွင်းမဲ့ဟု ဆိုလိုခြင်းမဟုတ်ပဲ အမှန်တကယ် ပြည့်စုံလိုသည်ဆိုလျှင် အသုံးပြုသင့်ကြောင်း ဖောက်ချီက ဆက်လက်ပြောဆိုသည်။ 


မျက်နှာဖုံးစွပ်များသည် အမေရိကန်တွင် အလွန်အငြင်းပွားဖွယ်ရာခေါင်းစဉ်တစ်ခုဖြစ်နေပြီး နိုင်ငံတစ်ဝှမ်းလုံး၌ မျက်နှာဖုံးစွပ်ငြင်းဆန်သူ နိုင်ငံသားတို့၏ ကြွေးကြော်သံများ သောသောညံလျှက်ရှိသည်။ ယခုရက်သတ္တပတ်တွင် ရှေ့နေချုပ် ဝီလျှံဘားရ်၊ နည်းပညာရှေ့ဆောင်ကုမ္ပဏီကြီးများနှင့် ကွန်ဂရက်ကြားနာပွဲတွင် စကားပြောချိန် မဟုတ်ပဲ မျက်နှာဖုံးချွတ်သည့်အတွက် အပြန်အလှန် စကားနာထိုးကြသည့်အထိ အကဲဆတ်လျှက်ရှိသည်။ 

  
ဖောက်ချီ၏ လေကာမျက်မှန်ကိစ္စမှာ ပြဿနာတက်နှင့်ပြီးသား မျက်နှာဖုံးစွပ်နှင့် ပေါင်းစပ်ပြီးသကာလ လူမှုကွန်ယက်တွင် ဟိုးလေးတကြော်ဖြစ်သွားရလေသည်။ စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်များစွာတွင် ဖက်ဒရယ်အစိုးရအထိ မလိုအပ်ပဲ မျက်နှာဖုံးအသုံးပြုရန် ပြဋ္ဌာန်းခွင့် ရှိနေသည်။ သို့သော် ဒီမိုကရက်တစ်တို့က သမ္မတထရမ့်ကိုယ်တိုင် ပြဋ္ဌာန်းရမည်ဟု တောင်းဆိုသည်။ 

  
ဒေါ်နယ်ထရမ့်ကိုယ်တိုင်ကမူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှု့ နှောင့်နှေးစေရန် မျက်နှာဖုံးစွပ်အသုံးပြုရေးကို ထောက်ခံသည်ဆိုသော်လည်း ယခုလ ရောက်မှ အလွန်နောက်ကျစွာ ဝတ်ဆင်ပြခဲ့သည်။ မျက်နှာဖုံးဆန့် ကျင်ရေး Lockdowns တားဆီးပိတ်ဆို့မှု ဆန့်ကျင်သူတို့က သမ္မတထရမ့်အနေဖြင့် ဒေါက်တာ ဖောက်ချီအား ရာထူးမှ ဖြုတ်ပစ်သင့်သည်ဟု တောင်းဆိုနေကြပြီး ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးအတွက် ဒေါ်နယ်ထရမ့်၏ မှတ်ချက်များကို အမေရိကန် ဆေးပညာရှင်များက ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။ 


ထိုစဉ်အတောအတွင်း အမေရိကန်နိုင်ငံသည် Covid-19 ကြောင့် သေဆုံးသူ တစ်သိန်းငါးသောင်း ကျော်ခဲ့ပြီဖြစ်ကြောင်း CNN က ယနေ့ရေးသားသည်။ အမေရိကန်ပြည်တွင်းနေထိုင်သူ ၄-သန်းခွဲကျော်တွင်လည်း ဗိုင်းရပ်စ်ကူးစက်လျှက်ရှိရာ နိုင်ငံတကာတွင် ကူးစက်ခံရမှု ဒုတိယအများဆုံးဖြစ်သော ဘရာဇီးထက် ၂-ဆ နီးပါးရှိနေသည်။ 


ဖေဖော်ဝါရီလ ၂၉-ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ပထမဆုံး လူသေဆုံးခဲ့သော အမေရိကန်သည် ၅၄-ရက် အကြာတွင် လူ ၅၀,၀၀၀ သေဆုံးခဲ့ပြီးဖြစ်သည်။ သေဆုံးအရေအတွက် လူ ၁၀၀,၀၀၀ ပြည့်ရန် နောက်ထပ် ၃၄-ရက်သာ ကြာခဲ့ကြောင်း CNN က ဖော်ပြသည်။ 

  
ယနေ့ Russia Today ၏ အခြားသတင်းတစ်ပုဒ်တွင်မူ Covid-19 ရောဂါကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်၏ ပုန်းခိုနိုင်စွမ်းရှိသော အခြားနေရာတစ်ခုမှာ မည်သူမျှ ထင်မှတ်မထားသည့် လူသားတို့၏ နားအတွင်း ဖြစ်နေသည်ကို ဂျွန်ဟော့ကင်းတက္ကသိုလ် ဆေးသုတေသနပညာရှင်များက အသစ်တွေ့ရှိကြောင်း ယနေ့ရေးသားသည်။ 


ကိုရိုနာဗိုင်းရပ်စ်သည် လူ့ဦးခေါင်း နားအတွင်းရှိ “ အလည်နား “ နှင့် နားစည်ရှေ့ပိုင်း “ မတ်စ်တွိုက် “ ခေါ် ဧရိယာတွင် ကောင်းစွာရှင်သန်နိုင်ကြောင်း၊ မတ်စ်တွိုက်ဧရိယာသည် ခေါင်းပေါက်ငယ်လေးများစွာပါဝင်ပြီး “ အလည်နား “ နှင့် အတွင်းနား တို့ကို ထိခိုက်ဒါဏ်ရာရခြင်းမှ ကူရှင်သဖွယ် ခုခံပေးသည့် နေရာဖြစ်ကြောင်း ၊ မသေဆုံးမီ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာပြသသူ လူနာ ၃-ဦးကို နား နှာခေါင်း လည်ချောင်းနှင့် ရောဂါဗေဒပညာရှင်များပါဝင်သော သုတေသနအဖွဲ့က ခွဲစိတ်စစ်ဆေးရာမှ တွေ့ရှိသည်ဆို၏။ 


ထိုတွေ့ရှိချက်ကြောင့် နား နှာခေါင်း လည်ချောင်းကု ဆရာဝန်များအနေဖြင့် လူနာစစ်ဆေးစဉ် ဗိုင်းရပ်စ်ကူးစက်ရန်တိုက်ရိုက်အန္တရာယ်ရှိသည်ဟု စိတ်အနှောက်အယှက်ဖြစ်တန်ရာသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်သည် အဆိုပါ ခွဲစိတ်လေ့လာမှုကို ၆-လကြာ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ဇူလိုင် ၂၃-ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။ 

#ကိုရိုနာဗိုင်းရပ်စ်_မျက်နှာဖုံးသာမက_လေကာမျက်မှန်လိုအပ် #ကိုရိုနာဗိုင်းရပ်_လူ၏နားအတွင်းပုန်းခိုနိုင် 


((( Russia Today., 29 Jul, 2020.” Masks aren’t enough! Fauci says eye protection ‘MIGHT’ BE REQUIRED for ‘perfect’ Covid-proof set.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ် ဘာသာပြန်ဆိုသည်။ ))) 



https://www.rt.com/usa/496578-fauci-coronavirus-eye-protection/ 

https://www.reuters.com/article/us-usa-china-barr/attorney-general-barr-accuses-hollywood-big-tech-of-collaborating-with-china-idUSKCN24H2JT

https://edition.cnn.com/2020/07/29/health/us-coronavirus-wednesday/index.html

1+

Leave a Reply

Your email address will not be published.