ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသည်ဆိုသော ဒေါ်နယ်ထရမ့်၏ ဗီဒီယိုမှာ အိမ်ဖြူတော်တွင် ရိုက်ကူးထားသည်ဆိုခြင်းကို သံသယဖြစ်ကြ၊ Twitter မှ ထုတ်လွှင့်ခဲ့သည့် အမေရိကန်သမ္မတ၏ ဗွီဒီယိုမှာ ကင်မရာလှည့်စားမှုဖြင့် ရိုက်ကူးထားသလား

  
ဒေါ်နယ်ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိပြီး ရောဂါလက္ခဏာပြသခြင်းကြောင့် ဆေးရုံတက်ခဲ့ရသည်ဆိုသော်လည်း ရက်အနည်းငယ်မျှသာကွာခြားသည့် ကြာသပတေးနေ့၌ အမေရိကန်သမ္မတ၏ Twitter စာမျက်နှာမှ သတင်းဗွီဒီယို လွှင့်ထုတ်ရာတွင် သူ၏ ကျန်းမာရေးအခြေအနေနှင့် ကုသမှုများအကြောင်း ပြောဆိုခဲ့သည်ကို တွေ့ရှိရသည်ဟု News Week က ယနေ့ရေးသားသည်။ 


ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော်တို့အား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးစစ်၌ Covid-19 ရောဂါ ပေါ့ဇစ်တစ် အဖြစ်တွေ့ရှိရကြောင်း အမေရိကန်စံတော်ချိန် အောက်တိုဘာ ၁-ရက်နေ့ည ၎င်း၏ Twitter ၌ လွှင့်တင်ခဲ့သည်။ အောက်တိုဘာ ၃-ရက်နေ့တွင် ဝေါ်လတာရိဒ် အမေရိကန် တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ကုသကြောင်း သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၈-ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်သမ္မတသည် အလုပ်တာဝန်များ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း အိမ်ဖြူတော် နှင်းဆီဥယျာဉ်မြက်ခင်းပြင်ပေါ်မှ နှုတ်ဆက်နေပုံ ရုပ်သံထုတ်လွှင့်ခဲ့သည်။ 

  
ဗွီဒီယို၌ တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းခံရသူသည် အဆိုပါနေရာတွင် အမှန်တကယ်ရှိနေပုံ မရကြောင်း  ထင်မြင်ချက်များ ချက်ချင်းဆိုသလို ထွက်ပေါ်ခဲ့သည်။ Green Screen ခေါ် အစိမ်းရောင် ပိတ်ကားရှေ့တွင် လမ်းလျှောက်နေသော သမ္မတကို လိုရာနောက်ခံနှင့် ထပ်လျှက် ကင်မရာလှည့်စားရိုက်ကူးထားခြင်းသာဖြစ်ကြောင်း မှန်းဆပြောဆိုခဲ့ကြသည်။ ဒေါ်နယ်ထရမ်၏့ Twitter မှ Green Screen ဗွီဒီယိုကိစ္စမှာ ယမန်နေ့ လူမှု ကွန်ရက်အသုံးပြုသူများအကြားတွင် အပြန်အလှန် ငြင်းခုန်ကြပြန်သည်။ ဗွီဒီယိုနှင့်ပတ်သက်၍ ဝင် ရောက်ပြောဆိုရာ၌ လူသိများထင်ရှားသူများလည်း ပါဝင်လာသည်အထိ ဆွဲဆောင်မှုပြင်းထန်သည်ဆို၏။


ဗွီဒီယိုမှာ မသပ်မယပ်ရှိနေပြီး ရှေ့အရုပ်နှင့် နောက်ခံတို့တွင် အနားသတ်အရိပ်များဖြစ်နေကြောင်း ထောက်ပြကြသည်။ MSNBC မှ အစီအစဉ်တင်ဆက်သူ ခရစ်စ်ဟေးစ်ကိုင်တိုင်ပင်လျှင် ဗွီဒီယိုတွင် သမ္မတ၏ အရုပ်မှာ ကောက်ကြောင်းနှင့် အလင်းတွင် ပြတ်ပြတ်သားသားကြီးဖြစ်နေကြောင်း၊ ဗွီဒီယိုရိုက်ကူးမည်ဆိုလျှင်လည်း နေထိုင်မကောင်းဖြစ်နေသော သမ္မတအတွက် ဥယျာဉ်ရှိလမ်းမှာ ရှည်လွန်းနေကြောင်း Green Screen ကြီးမှန်း သိသာလွန်းသည်ဟု ရေးသားသည်။ 


အတ္တလန်တစ် ရုပ်ရှင်ဝေဖန်ရေးသမား ခရစ်စ်တိုဖာအိုးရ်ကလည်း Green Screen အသုံးပြု ခဲ့ပုံရကြောင်း၊ ဝါရှင်တန်ဒီစီတွင် နေသာသည့် နေ့၌ အိမ်ဖြူတော်မြက်ခင်းပြင်အား (သီးခြား ) ရိုက်ကူးခဲ့ပြီး ဒစ်ဂျစ်တယ်နောက်ခံအဖြစ် ( ထပ် ) ယူထားကြောင်း Twitter ၌ ဝင်ရောက် ပြောဆိုသည်။ 

  
နောက်ပိုင်းတွင် ခရစ်စ်တိုဖာအိုးရ်က ၎င်း၏ ရေးသားချက်ကို ပြန်ဖျက်ခဲ့ပြီး၊ ဗွီဒီယိုပါ ( အရုပ်နှင့် ) နောက်ခံမှာ အစစ်အမှန်ဖြစ်ကြောင်း၊ သို့သော် ၎င်း၏ ထင်မြင်ချက်သာဖြစ်ကြောင်း သီးခြားထပ်မံ ရေးသားသည်။ 

  
Star Trek ဇာတ်ကား သရုပ်ဆောင်ခဲ့ဖူးသူ၊ လူမှုကွန်ရက်တွင် လူသိများပြီး ဒေါ်နယ်ထရမ့်အား ဝေဖန်သူတစ်ဦးဖြစ်သည့် ဂျော့တက်ကီကလည်း Green Screen ရှေ့တွင် ရိုက်ကူးထာခြင်းဖြစ်ကြောင်း တစ်ထစ်ချပြောဆိုသည်။ Twitter တွင် ၎င်း၏ ရေးသားချက်အောက်၌ ပြန်လှန်ရေးသားသူ ၄၀၀ ကျော်ခန့်ရှိကြောင်း တွေ့ရှိရသည်။


ဘာကလေရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒစ်ဂျစ်တယ်ပုံရိပ်များ ခွဲခြမ်းစိတ်ဖြာခြင်း ပညာရပ်ဆိုင်ရာ အထူးကျွမ်းကျင်သူ ပါမောက္ခ ဟာနီဖာရစ်ကမူ ဗီဒီယိုပါ သက်သေအထောက်အထားများအရ Green Screen နည်းပညာကို အသုံးပြုထားခြင်း မဖြစ်နိုင်ကြောင်း Washington Post နှင့်တွေ့ဆုံရာ၌ ပြောဆိုသည်။ 


(( ဟီး ဟီး .. အမေရိကန်မှာလည်း ကျွန်တော်တို့ဆီကလိုမျိုး ဖြစ်နေသကိုး။ ။ သတင်းဘာသာပြန်သူ )) 

((( News Week., 10/9/20, “Fact-check: Was Donald Trump’s White House Video Filmed in Front of Green Screen? . BY: DARRAGH ROCHE.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက် နှုတ်ဘာသာပြန်ဆိုသည်။ ))

#ရက်ပိုင်းအတွင်းဆေးရုံမှဆင်းလာသည့်ဒေါ်နယ်ထရမ့်_ကင်မရာလှည့်စားဗွီဒီယိုဟုဆို

https://www.newsweek.com/fact-check-was-donald-trumps-white-house-video-filmed-front-green-screen-1537782

0

Leave a Reply

Your email address will not be published.