ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအတွက် ဆေးထိုးပိုက် ဘီလီယံချီ ရရှိရန် ကုလသမဂ္ဂစုဆောင်းနေ၊ လူ့သမိုင်းတွင် ပမာဏအကြီးမားဆုံး အစုအပြုံလိုက် အမြောက်အများ ထုတ်လုပ်-သိုလှောင်-သယ်ပို့မှုအဖြစ် တည်ရှိမည်


အနာဂါတ်ကာလ မည်သည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံရာတွင်မဆို အသုံပြုရန် ၂၀၂၁-ခုနှစ်ကုန်၌ ဆေးထိုးပိုက်ပေါင်း ၁-ဘီလီယံရရှိရန် ရည်ရွယ်ထားကြောင်း ကုလသမဂ္ဂက တနင်္လာနေ့တွင် ပြောဆိုသည်ဟု AFP ၏ သတင်းကို Dhaka Tribune ဒစ်ဂျစ်တယ်မီဒီယာက ကူးယူဖော်ပြသည်။ 

၎င်းတို့အနက် ယူနီဆက်ဖ်နှင့် ကမ္ဘာ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ယခုနှစ်ကုန်အထိ ကုလသမဂ္ဂ၏ ကမ္ဘာအနှံ့အပြားရှိ သိုလှောင်ရုံများတွင် ဆေးထိုးပိုက်ပေါင်း သန်း ၅၂၀ ရရှိရန်နှင့် ကာကွယ်ဆေးလိုအပ်လျှက်ရှိသော နိုင်ငံများသို့ ဦးစားပေး ထောက်ပံ့ရေးအတွက် စိတ်ချသေချာစေရန် ရည်ရွယ်ထားသည်ဆို၏။

ကမ္ဘာကြီးတစ်ခုလုံးအတွက် ကာကွယ်ဆေးထိုးနှံပေးရန် ဆေးထိုးပိုက် အမြောက်အများလိုအပ်လျှက်ရှိပြီး ဆေးထိုးပိုက်များအတွက် လုံခြုံရေးသေတ္တာ ၅-သန်းကိုလည်း ဝယ်ယူလျှက်ရှိသည်ဟု ယူနီဆက်ဖ်၏ ကြေညာချက်၌ ဖော်ပြထားကြောင်း သိရှိရသည်။ 

တနင်္လာနေ့တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ အတည်ပြုပြီးသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ သန်း ၄၀ ကျော်ရှိပြီး သေဆုံးသူ ၁.၁ သန်းကျော်ရှိကြောင်း တရားဝင်သတင်းရင်းမြစ်များအရ AFP က ဖော်ပြသည်။ 

Covid-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးသည် လူ့သမိုင်းတွင် ပမာဏ အကြီးမားဆုံးသော အစုအပြုံလိုက် အမြောက်အများ ထုတ်လုပ် သိုလှောင် သယ်ပို့မှု အဖြစ်တည်ရှိလိမ့်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများများ ထုတ်လုပ်နိုင်သေရွေ့ မြန်နိုင်သမျှ အမြန်ဆုံး သယ်ပို့ပေးမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ကြိုတင်မှာယူထားသည့် ခန့်မှန်းခြေ ဆေးထိုးပိုက် ဘီလီယံဝက်ကျော်ခန့်ရှိနေကြောင်း၊ အမြန်ဖြန့်ဖြူးှု၍ ထိရောက်စွာ အသုံးပြုနိုင်လိမ့်မည်ဖြစ်ကြောင်း ယူနီဆက်ဖ်၏ အမှုဆောင်ဒါရိုက်တာ ဟန်ရီတာဖိုးက ပြောဆိုသည်။ 

ဆေးထိုးပိုက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖွဲ့စည်းပေးထားသည့် Covax ခေါ် အပြည်ပြည်ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ဝယ်ယူ-ထုတ်လုပ်-ဖြန့်ဖြူးရေးဘုံအဖွဲ့က ဆောင်ရွက်ပေးမည် ဖြစ်သည်။

Covax ကို Gavi vaccine alliance အဖွဲ့က မဏ္ဍိုင်ပြူ လည်ပတ်စေခြင်းဖြစ်ပြီး ဆေးထိုးပိုက်များအတွက် တန်ဖိုးသင့်ငွေကို ယူနီဆက်ဖ်က ရင်းစားပေးရန် စီစဉ်ထားသည်။ 

သက်ဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတစ်ခုဖြစ်သော Gavi vaccine alliance သည် နိုင်ငံတကာရှိ ကလေးသူငယ် ထက်ဝက်ကို ကမ္ဘာ့အသေအပျောက်အများဆုံးရောဂါအချို့မှ ကာကွယ်ဆေးထိုးရန် ကူညီသည်။ 

ဆေးထိုးပိုက်များသည် ၅-နှစ်သက်တမ်းရှိပြီး ပင်လယ်ရေကြောင်းဖြင့် တင်ပို့လေ့ရှိသည်။ ကာကွယ်ဆေးများမှာ အပူကို ထိခိုက်မခံသောကြောင့် လေကြောင်းဖြင့် ပိုမိုမြန်ဆန်စွာပို့ဆောင်ရန်လိုအပ်သည်။ 

ယူနီဆက်ဖ်က ဝယ်ယူမည့် ဘီလီယံနှင့်ချီသည့် ဆေးထိုးပိုက်များတွင် အခြားသော ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်များဖြစ်သည့် ဝက်သက်နှင့် အူရောင်ငန်းဖျားရောဂါကာကွယ်ဆေးများအတွက် ဆေးထိုးပိုက် သန်း ၆၂၀ မှာ ထိပ်ဆုံးတွင် ပါရှိသည်။

WHO ၏ အဆိုအရ ကာကွယ်ဆေးထုတ်လုပ်သူ ၄၂ ဦးတို့သည် လောလောဆယ်တွင် လူသားများနှင့် စမ်းသပ်နေပြီး ၁၀ ဦးမှာ တတိယဆင့် လူအမြောက်အများနှင့် နောက်ဆုံးအဆင့် စမ်းသပ်ခြင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

နောက်ထပ် ကာကွယ်ဆေးထုတ်လုပ်သူ ၁၅၆ ဦးတို့သည် ဓာတ်ခွဲခန်းတွင် လူသားများနှင့် စမ်းသပ်ရန်အတွက် ပြင်ဆင်နေသည်။ ပုံမှန်အားဖြင့် ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများ၏ ၁၀ ရာခိုင်နှုန်းခန့်သာ Covid-19 ရောဂါ စမ်းသပ်မှုများကို ပြုလုပ်သည်။ 

#ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး_ဆေးထိုးပိုက်ဘီလီယံချီစုဆောင်း #ယူနီဆက်ဖ်_ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ # Covax &Gavi_vaccine_alliance 

((( Dhaka Tribune., October 19th, 2020,” UN stockpiling billion syringes for Covid-19 vaccine.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/world/2020/10/19/un-stockpiling-billion-syringes-for-covid-19-vaccine

0

Leave a Reply

Your email address will not be published.