ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ဒေါ်နယ်ထရမ့် မကြာခဏ အပြစ်တင်ခဲ့သည့် တရုတ်နိုင်ငံ မတိုင်မီ အမေရိကန်၌ ဖြစ်ပွားခဲ့ကြောင်း သုတေသနပြုတွေ့ရှိ။ Covid-19 ရောဂါပိုးမှာ အမေရိကန်က တရုတ်ထက် ၂-ပတ်ကျော်စောပြီး အီတလီတွင် စက်တင်ဘာတည်းက ရှိနေကြောင်း အထောက်အထားထွက်ပေါ်

သုတေသနလေ့လာမှု့တစ်ခုအရ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိရခြင်းမှာ တရုတ်နိုင်ငံက ၎င်းရောဂါဖြစ်ပွားမှုကို တရားဝင်ကြေညာခြင်း မတိုင်မီက ဖြစ်နေသည်ဟု South China Morning Post က ယနေ့ရေးသားသည်။ 

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ သိပ္ပံပညာရှင်များသည် ဒီဇင်ဘာ ၁၃၊ ၂၀၁၉ ရက်နေ့တွင် အမေရိကန်၌ ထုတ်ယူခဲ့သော သွေးနမူနာများ၌ Covid-19 ဗိုင်းရပ်စ်ပိုးအား တုန့်ပြန်သည့် Anti-body ပဋိပစ္စည်းများ၏ အထောက်အထားများကို တွေ့ရှိခဲ့ကြောင်း CDC က တနင်္လာနေ့တွင် ပြောကြားသည်။ 

အဆိုပါ သွေးနမူနာများမှာ တရုတ်နိုင်ငံက ဝူဟန်စီရင်စု၌ ကူးစက်မှုဖြစ်ပွားကြောင်း တရားဝင်ကြေညာသည့် ဒီဇင်ဘာ ၃၁-ရက် ၂၀၁၉ ခုနှစ် မတိုင်မီ၊ ရက်သတ္တ ၂-ပတ်ကျော် စော၍ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားကြောင်း ပထမဆုံးအတည်ပြုနိုင်သည့် ၂၀၂၀-ခုနှစ် ဇန်နဝါရီ ၁၉-ရက်နေ့ထက်လည်း တစ်လမျှ စော၍ နေကြောင်း သိရှိရသည်။

၎င်း သွေးခဲရည်ကြည်များတွင် ပဋိပစ္စည်းများ ရှိနေခြင်းမှာ သီးခြား SARS-CoV-2 ရောဂါပိုးကူးစက်မှုသည် အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း၌ ယခင်အသိအမှတ်ပြုထားသည့် ရက်ထက် စောကြောင်း ညွှန်ပြလျှက်ရှိသည်ဟု CDC သိပ္ပံပညာရှင်များက သုတေသန စာတမ်း၌ ရေးသားထားသည်။ 

လွန်ခဲ့သည့် နိုဝင်ဘာလတွင် အီတလီနိုင်ငံ၏ သတင်းထုတ်ပြန်ချက်များအရ ၂၀၁၉-ခုနှစ် စက်တင်ဘာလကတည်းက ထုတ်ယူခဲ့သည့် သွေးနမူနာများ၌လည်း အလားတူပင် Covid-19 ရောဂါပိုးအား တုန့်ပြန်သည့် Anti-body ပဋိပစ္စည်းများ ပါရှိနေကြောင်း ဖော်ပြခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု၏ ဒေါ်နယ်ထရမ့်အစိုးရသည် ရောဂါကူးစက်ခြင်း၊ ကပ်ရောဂါ မွှေနှောက်ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် မကြာခဏ အပြစ်တင်လေ့ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ၎င်းရောဂါအကြောင်း ပြောဆိုသည့်အခါ ” တရုတ်ဗိုင်းရပ်စ် ” ဟု တစ်ခါတစ်ရံ ရည်ညွှန်းသည်အထိ ဖြစ်ခဲ့သည်။ 

(( သွေးရည်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအား တုန့်ပြန်သည့် ပဋိပစ္စည်းများတွေ့ရှိသည်ဆိုခြင်းမှာ Covid-19 ရောဂါလူနာ တွေ့ရှိသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ခြင်းကြောင့် လူ့ကိုယ်ခံ အားစံနစ်က သွေးအတွင်း Covid-19 ရောဂါအား ဆန့်ကျင်တုန့်ပြန်သည့် ပဋိပစ္စည်းများ ထုတ်လုပ်ထားသည်ကို တွေ့ရှိခြင်းဖြစ်ပါသည်။ 

၁၉၈၄-ခုနှစ်တစ်ဝှိုက်တွင် ထိုင်းနိုင်ငံ၌ AIDS ရောဂါစတင်ဖြစ်ပွားသည်။ သို့သော် အဆိုပါ ခုခံအားကျဆင်းရောဂါစုကို ဖြစ်ပွားစေသည့် HIV ဗိုင်းရပ်စ်သည် ၁၉၅၉-ခုနှစ် အင်္ဂလန်နိုင်ငံ၌ လူတစ်ဦးတွင် ကူးစက်ခဲ့ကြောင်း ထိုစဉ်က သိမ်းဆည်းထားသည့် လူနာ၏ အသားတစ်သျှူးစများမှ တွေ့ရှိခဲ့ဖူးသည်။ ။ သတင်းဘာသာပြန်သူ )) 

#ကိုရိုနာဗိုင်းရပ်စ်မှာ_အမေရိကန်နှင့်အီတလီက_တရုတ်ထက်စော 

((( Dhaka Tribune., December 2, 2020,” American study finds signs of coronavirus in US before China outbreak.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))

https://www.scmp.com/news/china/science/article/3112160/american-study-finds-signs-coronavirus-us-china-outbreak 
https://www.dhakatribune.com/health/coronavirus/2020/12/02/american-study-finds-signs-of-coronavirus-in-us-before-china-outbreak 

Leave a Reply

Your email address will not be published.