ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသက်ဆုံးရှုံးရသူ ၂-သန်းကျော်လာ။ ၁-သန်းဖြစ်ရန် ၉-လနီးပါးကြာ၍ နှစ်ဆတိုးရန် ၄-လပင်မပြည့်ခဲ့။ အိန္ဒိယက ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထိုးနှံသည့်အစီအစဉ် ယနေ့ စတင်


Covid-19 ကူးစက်ကပ်ရောဂါရပ်တန့်ရေးအတွက် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်များကို ကမ္ဘာအနှံ့ ဖြန့့််ကျက်ရန် ကြောက်လန့်တကြား ကြိုးစားနေစဉ် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောင်ရမ်းနာရောဂါဖြင့် နိုင်ငံတကာ၌ သေဆုံးသူဦးရေမှာ ၂-သန်းဖြစ်လာသည်ဟု Deutsche Welle (DW) က ယနေ့ ရေးသားသည်။

..  
Worldometer ၏ ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါဖြစ်ကြောင်း သိရှိချိန်မှစ၍ မြန်မာစံတော်ချိန် သောကြာနေ့အလွန် ယနေ့ စနေနေ့နံနက်သို့ ကူးပြောင်းစ ၀၀း၄၀-နာရီအထိ အသက်ဆုံးရှုံးရသူ စုစုပေါင်း ၂,၀၁၀,၁၀၈ -ဦး ရှိနေသည်။ 

..  
ကမ္ဘာတစ်လွှားရှိ လူပေါင်း ၉၄-သန်း ကျော်တို့မှာ တရုတ်နိုင်ငံမှအစပြုသည့် Sars-CoV-2 ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ကူးစက်ခြင်းခံရပြီး ၆၇ သန်းကျော်မှာ ပြန်လည်နာလန်ထူလာကြောင်း တွေ့ရှိရသည်။ သေဆုံးသူ စုစုပေါင်း ၁-သန်းဖြစ်ရန် လွန်ခဲ့သည့် စက်တင်ဘာအထိ ၉-လနီးပါး ကြာခဲ့သော်လည်း ၂-သန်းကျော်အထိ ရောက်ရှိရန် ၄-လပင်မပြည့်ကြောင်း တွေ့ရှိရသည်။ 

..    
ယခု Covid-19 သည် ၂၀၁၉-ခုနှစ် ဒီဇင်ဘာလ၌ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကူးစက်မှုစတင်ဖြစ်ပွားပြီး ၂-လ ကြာမှ WHO က #ကူးစက်ကပ်ရောဂါကျရောက်ကြောင်း ကြေညာခဲ့သည်။ ထိုစဉ်အတွင်း တရားဝင်ကိန်းဂဏန်းများအရ အသက်ဆုံးရှုံးရသူ လူအရေအတွက်မှာ ခရီးသည်အပြည့်တင်ထားသည့် ကုန်သွယ်ကူးသန်းရေး ဂျက်လေယာဉ် ၁၀-စီးစီ ၁-နှစ်ပတ်လုံး နေ့စဉ်ပျက်ကျခြင်းနှင့် တူညီနေသည်ဟု CNN က ဆိုပါသည်။ 

..  
သို့သော် အမှန်တကယ်သေဆုံးရသူဦးရေမှာ ထိုထက် များစွာပိုမိုနိုင်ပါသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် စမ်းသပ်ကိရိယာများ မလုံလောက်သည်ဖြစ်၍ စာရင်းမရှိ အင်းမရှိ သေဆုံးမှုများ ထောင်သောင်းချီလျှက် ရှိနိုင်ကောင်းသည်။ အမေရိကန်နိုင်ငံ၊ ဆီယက်တဲလ်ရှိ ၀ ါရှင်တန်တက္ကသိုလ်မှ တိုင်းတာအကဲဖြတ်ခြင်းဆိုင်ရာ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခရစ်စတိုဖာမာရေးကမူ သေဆုံးမှုများ၏ ၅-ပုံ ၁-ပုံ ( လူ ၄-သိန်း ခန့် ) မှာ မှတ်တမ်းတင်နိုင်ခြင်းမရှိသည်ကို လ့လာတွေ့ရှိရကြောင်း ၊ အသက်ဆုံးရှုံးရသုူ အမှန်တကယ် အရေအတွက်မှာ ယခုထက် ၂၀ % ပိုများနိုင်ကြောင်း ရှင်းပြသည်။ 

..
ကြောက်မက်ဖွယ် သေဆုံးမှုကိန်းဂဏန်းနောက်ကွယ်တွင် ပျော်ရွှင်တသကြရသည့် မိသားစုထမင်းဝိုင်း၌ မည်သည့်အခါမျှ ပြန်တွေ့ရမည်မဟုတ်သော မျက်နှာနှင့် အမည်များစွာတို့ ပါဝင်နေကြောင်း၊ တိတ်ဆိတ်သွားသော ချစ်ခင်မြတ်နိုးမှုတို့ဖြင့် ပဲ့ထင်ထပ်လျှက်ရှိနေမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု မရှိခြင်းဖြင့် သေဆုံးမှု ပိုမိုဆိုးရွားလာခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် ကူးစက်ကပ်ရောဂါ၏ ဒုတိယလှိုင်းက ကမ္ဘာကြီးအားထိုးနှက်လိုက်ပြီး သေဆုံးမှုနှင့် ကူးစက်မှုအသစ်များ လျှင်မြန်စွာတိုးမြင့်လာသည်ကို ကြည့် နေကြရကြောင်း၊ သိပ္ပံပညာသည် အောင်ပွဲရသော်လည်း ညီညွတ်မှုတွင် ကျဆုံးကြောင်း မြင်တွေ့ခဲ့ကြရသည်ဟု WHO အကြီးအကဲ #အန်တိုနီယိုဂူတားရက်စ် က ပြောဆိုသည်။

..  
Covid-19 ကပ်ရောဂါအား ထိန်းချုပ်ရန် အားထုတ်သည့်အနေဖြင့် နိုင်ငံတကာလူဦးရေ အများဆုံးဖြစ်သော အိန္ဒိယ၌ လူအစုအပုံလိုက်ပါဝင်သည့် “ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထိုးနှံပွဲ “ ကို နာရင်ဒြာမိုဒီအစိုးရက စနေနေ့တွင် စတင်လိုက်ပြီဖြစ်သည်ဟု Reuters က ယနေ့ရေးသားသည်။ 

..
တရုတ်ပြီးလျှင် လူဦးကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော အိန္ဒိယ၌ နေထိုင်သူ ၁.၃ ဘီလီယံအားလုံးတို့ိကို Herd Immunity #မျိုးအုပ်လိုက်ရောဂါပြီး ရေးအတွက် ကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။ သို့သော် အိန္ဒိယ၏ ဆေးထိုးနှံရမည့် လူဦးရေထက်ဝက်မျှအရေအတွက်သည် အမေရိကန်က တစ်နိုင်ငံလုံးနေ လူ သန်း ၃၀၀ ကို ကာကွယ်ဆေး ထိုးနှံမည်ဆိုသည့် ပမာဏမျှ ရှိနေသည်။ 

..
ဦးစားပေးအဖြစ် နိုင်ငံတဝှမ်းလုံးရှိ ကာ-ထိန်း-ကုအစီအစဉ်တွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်လျှက်ရှိသူ ကျန်းမာရေးလုပ်သားများအပါအဝင် လုံခြုံရေး၊ ရေနှင့်မိလ္လာဋ္ဌာနအလုပ်လုပ်ကိုင်သူ စုစုပေါင်း လူသန်း ၃၀ ကို ထိုးနှံပေးမည်ဖြစ်သည်။ ထိုနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနိုင်ခြေအန္တရာယ်ရှိသည့် အသက် ၅၀ နှစ်အထက်ရှိသူများနှင့် ရောဂါအခံရှိသူ သန်း ၂၇၀ တို့အား ဆက်လက်ထိုးနှံပေးရန်စီစဉ်ထားသည်။ 

..  
ထို့ပြင် ပထမနေ့တွင် နိုင်ငံတစ်ဝှန်း ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးစင်တာ ၃၀၀၆-ခုတို့က ဆန္ဒရှိသည့် မည်သူ့ကိုမဆို လူ ၁၀၀ ကျစီ ထိုးနှံပေးမည်ဖြစ်သည်။ သို့ရာတွင် ဗြိတိသျှ Oxford University/AstraZeneca အား ပြည်တွင်း Serum အင်စတီကျု့ဒ်မှ ထုတ်လုပ်သည့် #COVIDSHIELD နှင့် #Bharat_Biotech မှ ထုတ်လုပ်သည့် ကာကွယ်ဆေးဟူ၍ ၂-မျိုးရှိသည့်အနက် ၁-မျိုးကို ထိုးနှံပေးမည်ဖြစ်၍ ထိုးနှံခံယူသူက ရွေးချယ်ခွင့် မရှိကြောင်း သိရှိရသည်။ 

..

COVIDSHIELD သည် အရေးပေါ်သုံး အဖြစ် အိန္ဒိယအစိုးရက အတည့်ပြုထားခြင်းဖြစ်ပြီး Bharat Biotech ထုတ် ကာကွယ်ဆေး၏ ထိရောက်မှုအာနိသင်ကို မသိရသေးချေ။ 

..
#နိုင်ငံရေးသမား ဖြစ်သော အသက် ၇၀ နှစ်ရှိသူ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကမူ ( လုံခြုံရေးနှင့်လည်းမဆိုင်၊ ရေနှင့်မိလ္လာလုပ်သားလည်း မဟုတ်ခြင်းကြောင့် ) ကျန်းမာရေးရှေ့တန်းဝန်ထမ်းများကို ဦးစားပေးသည့်အနေ ဖြင့် နောက်မှ ကာကွယ်ဆေး ထိုးနှံခံယူမည်ဟု ဆိုကြောင်း သတင်း၌ ဖော်ပြသည်။ 
.. 
#ကိုရိုနာရောဂါဖြင့်သေဆုံးသူ၂သန်းဖြစ်လာ #အိန္ဒိယ၏ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထိုးနှံပွဲ 
.. 
((( Deutsche Welle (DW)., January 16 2021,” Worldwide Covid-19 death toll passes 2 million.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောာက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.dw.com/en/coronavirus-digest-global-death-toll-tops-2-million/a-56233029 
https://www.dhakatribune.com/health/coronavirus/2021/01/16/worldwide-covid-19-death-toll-passes-2-million 
https://www.swissinfo.ch/eng/india-s-modi-kicks-off-vaccination-campaign–among-world-s-largest/46291818 
https://www.reuters.com/article/uk-health-coronavirus-india-vaccine/india-kicks-off-worlds-largest-vaccination-campaign-idUSKBN29K2RO 

0

Leave a Reply

Your email address will not be published.