ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး အမြောက်အများထုတ်လုပ်လျှက်ရှိသော အိန္ဒိယနိုင်ငံ “ ဆီရမ်အင်စတီကျုဒ့် ” စက်ရုံ ပြင်းထန်စွာ မီးလောင်လျှက်ရှိ။ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန် ကာကွယ်ဆေးထုတ်လုပ်သော စက်ရုံနှင့် နီးကပ်လျှက် အကြီးအကျယ်မီးလောင်နေ

   
အိန္ဒိယနိုင်ငံ ပူနေးမြို့ မန်ဂျရီဧရိယာရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး အမြောက်အများထုတ်လုပ်လျှက်ရှိသော Serum Institute of India (SII) #ဆီရမ်အင်စတီကျုဒ့် စက်ရုံတွင် ပြင်းထန်စွာ မီးလောင်ကျွမ်းလျှက်ရှိသည်ဟု အိန္ဒိယမီဒီယာများက အရေးကြီး ကြားဖြတ်သတင်းအဖြစ် ယနေ့ဖော်ပြသည်။ ..  
သို့သော် ကနဦး ရရှိသည့် သတင်းများအရ ကာကွယ်ဆေးထုတ်လုပ်သည့် အဆောက်အဦးမဟုတ်ပဲ၊ ဆောက်လုပ်ဆဲ အဆောက်အအုံ၌ မီးလောင်ကျွမ်းဖြင်းဖြစ်ကြောင်းနှင့် အတွင်း၌ ပိတ်မိနေသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း သိရှိရသည်။..  
မီးလောင်ရာ၌ မီးသတ်ယာဉ် ၈-စင်းတို့ဖြင့် မီးငြိမ်းသတ်နေဆဲဖြစ်ပြီး၊ ဆီရမ်အင်စတီကျုဒ့်စက်ရုံတွင် မီးလောင်ရသည့် အကြောင်းရင်းကို မသိရှိ ရသေးချေ။ ..
အိန္ဒိယနိုင်ငံ၏ ဆီရမ်အင်စတီကျုဒ့်သည် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် အက်စ်ထရာဇီကာ တို့၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို #Covishield #ကိုဗီရှီးလ် အမည်ဖြင့် အမြောက်အများ ထုတ်လုပ်လျှက်ရှိသည်။ ကိုဗီရှီးလ်သည် အိန္ဒိယနိုင်ငံ၌ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိထားသော ပြည်တွင်းထုတ် Covid-19 ရောဂါကာကွယ်ဆေး ၂-မျိုးအနက် တစ်မျိုးဖြစ်သည်။ 
.. 
ဆီရမ်အင်စတီကျု့ဒ်သည် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး ၁၉၉၆-ခုနှစ်၌ #ဆိုင်ရပ်ပူနာဝါလား ဆိုသူက တည်ထောင်ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ်အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ကိုဗီရှီးလ်ကာကွယ်ဆေး အများအပြား တင်ပို့ရန် စီစဉ်လျှက်ရှိသည်ဆို၏။ 
.. 
သတင်းရင်းမြစ်အချို့ကမူ ကိုဗီရှီးလ်ကာကွယ်ဆေးမှာ ယခုမီးလောင်ကျွမ်းလျှက်ရှိသည့် အဆောက်အအုံတွင် ထုတ်လုပ်နေခြင်း မဟုတ်ကြောင်း ပြောဆိုသော်လည်း၊ တည်ဆောက်ဆဲ ၎င်းအဆောက်အအုံမှာ ကာကွယ်ဆေးထုတ်လုပ်သည့်စက်ရုံနှင့် အလွန်နီးကပ်စွာ တည်ရှိကြောင်း၊ မီးကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို ခန့်မှန်းမရနိုင်သေးကြောင်း ပြောဆိုသည်။ 
.. 
#ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအမြောက်အများထုတ်လုပ်လျှက်ရှိရာ_ဆီရမ်အင်စတီကျုဒ့်စက်ရုံ 
#ပြင်းထန်စွာ_မီးလောင်လျှက်ရှိ 
.. 
((( India Today., January 21, 2021, “Major fire at Serum Institute of India’s Pune plant, 10 fire tenders on spot.” ကို #HtayOung, #OungMarine ဆီလျောအောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
..
https://www.indiatoday.in/india/story/massive-fire-serum-institute-new-plant-pune-news-updates-1761352-2021-01-21 
https://www.indiatvnews.com/news/india/massive-fire-breaks-out-at-terminal-1-gate-of-serum-institute-of-india-in-pune-679514 
https://www.livemint.com/news/india/fire-breaks-out-at-serum-institute-s-terminal-1-gate-in-pune-11611222017035.html 

0

Leave a Reply

Your email address will not be published.