ကိုရိုနာဗိုင်းရပ်စ်ရောဂါစည်းကမ်းဆန့်ကျင်ရေး သြစတြီးယား ဖီဆန်တော်လှန်ရေးဝါဒီဆိုသူတို့ထံမှ သေနတ်၊ ခဲယမ်း ၃,၅၀၀ ကျော်နှင့် ဒါးများ ဖမ်းဆီးရမိ။ မီးပုလင်း၊ လက်လုပ်ဗုံးများဖြင့် ရဲတို့အား တိုက်ခိုက်မည့် အကြမ်းဖက်သမား တစ်ပိုင်းများဖြစ်ဟု ဆို


သြစတြီးယားနိုင်ငံ ဒေသခံရဲတပ်ဖွဲ့များ၏ ဆက်တိုက်စီးနင်းရှာဖွေမှုများအတွင်း တော်လှန်ပြောင်းလဲရေးသမားများ ခေါ် Covid-19 ရောဂါစည်းကမ်းပြဋ္ဌာန်းချက်များအပေါ် ဆန့်ကျင်၍ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မည်ဟု စွပ်စွဲခြင်းခံရသူများထံမှ လက်နက်၊ ခဲယမ်းထောင်ပေါင်းများစွာအပြင် ဒါးမျိုးစုံကို သိမ်းဆည်းရမိသည်ဟု Russia Today က ယမန်နေ့ရေးသားသည်။…   
ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဗီယင်နာတွင် ပြုလုပ်မည့် ဆန္ဒပြမှုမတိုင်မီ သြစတြီးယားရဲတပ်ဖွဲ့နှင့် ပြည်တွင်းလုံခြုံရေးဝန်ထမ်းများက စီးနင်းရှာဖွေမှုများ စီစဉ်တကျ ပြုလုပ်ခဲ့ကြကြောင်း၊ Covid-19 တားဆီးရေး လော့ဒေါင်း ပြဋ္ဌာန်းမှုကို ဆန့်ကျင်သူ အစွန်းရောက်များက Telegram တွင် အကြိမ်ကြိမ် Chat ပြုလုပ်နေကြောင်း သတင်းများအရ စုံစမ်းမှု စတင်ခဲ့ကြောင်း ပြည်တွင်းရေးရာဝန်ကြီး ဋ္ဌာနက ကြာသပတေးနေ့၌ သတင်းထုတ်ပြန်သည်။…   
Chat ပြုလုပ်သူများသည် မိုလိုတော့ပ်ကော့တေးလ် ခေါ် မီးပုလင်းများနှင့် အိမ်လုပ်ဗုံးတွဲများ ပြုလုပ်ရန်ကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းတို့၏ အကြံအစည်ကို မေလ ၁၅ ရက်နေ့ သြစတြီးယားမြို့တော် ဗီယင်နာတွင် ဆန္ဒပြစဉ် ရဲတပ်ဖွဲ့ဝင်များအား နှောက်ယှက်ရာ၌ လက်တွေ့ အကောင်အထည်ဖော်ကြရန်…   
နိုင်ငံအတွင်း ပြည်နယ် ၄- ခုတို့၌ ရဲတပ်ဖွဲ့က စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်း ကျည်ဆန် ၃,၅၀၀ တောင့်၊ ပြောင်းချောသေနတ် ၂ -လက်၊ ပြောင်းရှည် သေနတ် ၂-လက်၊ ဒါး ၂-ချောင်း၊ အချက်အလက်သိုလှောင်နိုင်သော မီမိုရီစတစ်ခ်၊ စီဒီမျိုးစုံ၊ ရေဒီယိုဆက်သွယ်ရေးစက် စသည်တို့အပြင် ကျည်ကာအင်္ကျီ ဟဲလ်မက်ကဲ့သို့ လုံခြုံ ရေးတပ်ဖွဲ့သုံး ကာကွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည် ဆို၏။ … ဖမ်းမိပစ္စည်းများ အတိုင်းအတာအရ အမှန်တကယ် အန္တယ်ပြုမည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆင်တူလျှက်သည်ကို တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးခဲ့သူ မရှိခဲ့ကြောင်း၊ သံသယရှိသူများကို စစ်ဆေးမေးမြန်းစဉ်အတွင်း ၎င်းတို့က အစီအစဉ်ကို ဝန်ခံကြခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိချက်များကို ဆက်လက်သုံးသပ်လျှက်ရှိသည်ဟု သြစတြီးယား ရဲတပ်ဖွဲ့က ပြောဆိုသော်လည်း သံသယရှိသူများမှာ ယခင် ရဲ သို့မဟုတ် စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများဖြစ်သည်ဟူသော သတင်းနှင့်ပတ်သက်၍ အတည်ပြုခြင်း မရှိချေ။

#ကိုရိုနာဗိုင်းရပ်စ်ရောဂါစည်းကမ်းဆန့်ကျင်ရေး သြစတြီးယားဖီဆန်တော်လှန်ရေးဝါဒီ

(((Russia Today., 20 May, 2021, “‘Almost like terrorists’? 3,500 ROUNDS of ammo, guns & SWORDS seized during raids on anti-lockdown activists in Austria.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/524386-austria-ammunition-swords-covid-opponents/ 

0

Leave a Reply

Your email address will not be published.