ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာသဖြင့် ဘန်ကောက်နှင့်အနီးတဝှိုက်နယ်မြေများတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်။ ဒဲလ်တာဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ရက်သတ္တပတ်အတွင်း နေ့စဉ်ကူးစက်ခံရသူ ၁၀,၀၀၀ ကျော်၍ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း သတိပေး


[ဘန်ကောက်] COVID-19 ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန်အတွက် မြို့တော်ဘန်ကောက်နှင့် အနီးဝန်းကျင်ရှိနယ်မြေများတွင် ညမထွက်ရအမိန့်ပါဝင်သော စည်းမျဉ်း စည်းကမ်းများကို ထိုင်းအာဏာပိုင်များက ပြဋ္ဌာန်းလိုက်ပြီး လာမည့်ရက်သတ္တပတ်များအတွင်း နေ့စဉ်ကူးစက်ခံရသူအရေအတွက် ၁၀,၀၀၀ ကျော်နိုင်ကြောင်း သတိပေးလိုက်သည်ဟု The Straits Times က ယမန်နေ့ည ရေးသားသည်။

…   
ပိုမိုတင်းကြပ်သည့်အနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်အများစုမှာ တနင်္လာနေ့ (ဇူလိုင် ၁၂ ရက်) မှစတင်ပြီး ၁၄ ရက်မျှ ကြာမြင့်မည်ဖြစ်သည်။ “အနီရင့်ဇုန်” ဟု လူသိကြသည့် နယ်မြေ ၁၀ ခုတွင် ည ၉-နာရီမှ နံနက် ၄-နာရီအတွင်း ညမထွက်ရအမိန့်နှင့် အသုဘအခန်းအနားမှတစ်ပါး လူ ၅-ဦးထက်ပို၍ မစုဝေးကြရန် တားမြစ်လိုက်သည်။ အများပြည်သူတို့အနေဖြင့် အမှန်တကယ်လိုအပ်မှသာ အပြင်ထွက်ကြရန်လည်း တိုက်တွန်းထားသည်။

…  
စနေနေ့မှစ၍ နယ်မြေအချင်းချင်းတို့အကြား ခရီးသွားလာခြင်းကို ထိန်းချုပ်မည်ဖြစ်ပြီး ကူးစက်မှုဖြစ်ပွားနေသော နယ်မြေများမှ အခြားနယ်မြေများသို့ သွားလာမှု အနည်းဆုံးဖြစ်စေရန် စစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်ထားမည်ဖြစ်သည်။

…   
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံသည် ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး ကြာသပတေးနေ့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူ ၇၅-ထိ မြင့်တက်လာသည်။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော Covid-19 လုပ်ငန်းအဖွဲ့ CCSA က ပိုမိုတင်းကြပ်သော အစီအစဉ်များ ကို သောကြာနေ့တွင် အတည်ပြုခဲ့ရခြင်းဖြစ်သည်။

…  
အဆိုပါ သောကြာနေ့၌လည်း ထိုင်းနိုင်ငံ၏ COVID-19 ရောဂါဖြစ်ပွားမှုမှာ တစ်ရက်တည်းနှင့် ကူးစက်ခံရမှု  ၉,၂၇၆ မှုနှင့် သေဆုံးသူ ၇၂-ဦး ရှိခဲ့ကြောင်း တွေ့ရှိရသည်။

…   
လွန်ခဲ့သည့်နှစ်တွင် စတင်ကျရောက်သည့် ကူးစက်ရောဂါကပ်သည် ထိုင်းနိုင်ငံတွင် ကူးစက်မှုပေါင်း ၃၁၇,၀၀၀ ကျော်နှင့် လူပေါင်း ၂,၅၃၄-ဦးကို သေဆုံးစေခဲ့သည်။

…  
CCSA အနေဖြင့်လည်း ဒဲလ်တာဗီဇပြောင်းဗိုင်းဗိုင်းရပ်စ်ကြောင့် ရက်သတ္တပတ်အတွင်း နေ့စဉ်ကူးစက်မှု ၁၀,၀၀၀ ကျော်၍ လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း သတိပေးထားသည်။

…    
နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ဝေဒနာပြင်းထန်သော လူနာများအတွက် ကုသစောင့်ရှောက်ပေးနိုင်မည့် ဆေးရုံကုတင်များ ကုန်ခမ်းသွားခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် ရောဂါဖြစ်ပွားမှု အလားအလာအတွက် ကြိုတင်ပြင်ဆင်လျှက်ရှိသည်။

ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်တွင် အသစ်တည်ဆောက်ထားသော တာမင်နယ်ကို လာမည့် သြဂုတ်လတွင် ကုတင် ၅,၀၀၀ ပါ ဆေးရုံအဖြစ်သို့ ပြောင်းလဲအသုံးပြုရန် စီစဉ်ထားသည်။

…  
အများအားဖြင့် ဗြိတိန် AstraZeneca နှင့် တရုတ် Sinovac ထိုးဆေးများအပေါ် မှီခိုသော ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်နှေးကွေးမှုမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန်ကြိုးပမ်းမှုများကို နှောင့်နှေးစေပြီး နိုင်ငံအတွင်း တတိယမြောက်နှင့် အပြင်းထန်ဆုံး Covid-19 ရောဂါ ရိုက်ခတ်မှု လှိုင်းဒဏ်ကို ခံစားလိုက်ရသည်။

…   
ဖေဖော်ဝါရီလမှစ၍ ကာကွယ်ဆေးကြိမ်ရေပမာဏ ၁၂ သန်းနီးပါးထိုးနှံပေးရန် စီစဉ်ခဲ့သော ထိုင်းနိုင်ငံသည် စုစုပေါင်း လူဦးရေ ၆၆ သန်းရှိသည့်အနက် လူ ၃.၂ သန်းသာလျှင် အပြည့်အဝကာကွယ်ဆေး ထိုးနှံပေးနိုင်သေးကြောင်း သိရှိရသည်။

((ကူးစက်ကပ်ရောဂါသည် အနီ-အစိမ်း၊ အဝါ၊ အပြာ NLD-USDP ပါတီ မရွေးပါ။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူ ကျား-မ အသက်မရွယ်မရွေးတို့အားလုံးကို ကူးစက်မည်ဖြစ်ပြီး ဖျားနာ၍ အလုပ်အကိုင်ပျက်ယွင်းရခြင်းမှ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။

#ကာကွယ်ဆေး_အမြန်ဆုံး_ထိုးနှံကြပါ။ #Mask_ဝတ်ဆင်ပါ၊ #လက်ဆေးပါ #လူစုလူဝေးရှောင်ရှားပါ #လူချင်းနီးကပ်မှုကန့်သတ်ပါ #အိပ်ရေး၀၀အိပ်၍_ကိုယ်ခံအားပြည့်နေစေရန်ဂရုစိုက်ပါ #ကျန်းမာရေးဋ္ဌာန၏_ညွှန်ကြားချက်များကို_လိုက်နာပါ ။ ။ သတင်းဘာသာပြန်သူ))

#ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု_ပိုမိုဆိုးရွားလာသဖြင့်_ဘန်ကောက်နှင့်အနီးတဝှိုက်တွင်_ညမထွက်ရ_အမိန့်ထုတ် …
((( Straits Times, UL 9, 2021,” Bangkok and surrounding provinces to come under 9pm curfew amid Thailand’s Covid-19 surge.” By: Tan Tam Mei ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.straitstimes.com/asia/se-asia/bangkok-and-surrounding-provinces-to-come-under-curfew-amid-covid-19-surge

Leave a Reply

Your email address will not be published.