ကိုရိုနာဗိုင်းရပ်စ်ကြီးနှင့် အတို့ခံရသဖြင့် ဒေါ်နယ်ထရမ့်နှင့် ချားလ်စ်မင်းသားတို့မကျန် ကမ္ဘာ့ထိပ်တန်း ပုဂ္ဂိုလ်ကြီးများ လက်အုပ်ချီကြရခြင်း

ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခြင်းကြောင့် Covid-19 ရောဂါဖြစ်ပွားလျှက် ဖျားနာသေဆုံးမှုတို့မှာ နိုင်ငံတကာတွင် ပျံ့နှံ့နေပြီဖြစ်သည်။

လူ-လူချင်း လက်ဆွဲနှုတ်ဆက်ရာမှ ဗိုင်းရပ်စ်ကူးစက်နိုင်သဖြင့် ဒေါ်နယ်ထရမ့်နှင့် ချားလ်စ်မင်းသားအပါအဝင် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တို့မှာ အနောက်တိုင်းအစဉ်အလာအတိုင်း လက်ဆွဲနှုတ်မဆက်မိကြစေရန် အတော် စောင့်ထိန်းနေရသည်။

၎င်းနေရာတွင် အိန္ဒိယ ” နမာ့ စတေး ” ပုံစံ လက်အုပ်ချီလျှက် အစားထိုးနှုတ်ဆက်နေကြရလေသည်။

မြန်မာတို့၏ ကိုးကွယ်ရာနှင့် ယဉ်ကျေးမှုတွင် အိန္ဒိယဓလေ့များ အတော်လွှမ်းမိုးပါသည်။ အလားတူ လက်အုပ်ချီနှုတ်ဆက်ခြင်းကို ထိုင်းနိုင်ငံတွင်လည်း တွေ့ရှိရသည်။

လက်အုပ်ချီခြင်းသည် ပြန်လှန်လေးစားခြင်းကို ပြသခြင်းသာဖြစ်ပြီး ” ဖူးမြှော်မာန်လျှော့ ” ကန်တော့ခြင်း လုံးဝမဟုတ်ပါ။

အစဉ်လေးစွာဖြင့်

#HtayOung , #OungMarine

#ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်ကြီးများလက်အုပ်ချီ

https://www.rt.com/news/482995-leaders-adopt-namaste-greeting/

0

Leave a Reply

Your email address will not be published.